Huawei ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအပြင် Laptop စျေးကွက်မှာလည်း နေရာတစ်ခုရရှိနေပြီဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း Display Monitor စျေးကွက်ကိုပါ ဝင်ရောက်လာဖို့ရှိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

အခုအချိန်မှာတော့ Huawei ကနေ မိတ်ဆက်ဖို့ရှိနေတဲ့ Monitor တွေထဲကမှ ပထမဆုံး Model ဖြစ်လာနိုင်တဲ့ 24″ AD80HW Monitor ရဲ့ Design နဲ့ Specs တွေပေါက်ကြားလာခဲ့ပါပြီ။ အဆိုပါ Monitor ဟာ 23.8″ Full HD IPS Display Panel ကို အသုံးပြုထားပြီး Frame-less Design နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ အနက်ရောင်နဲ့ပဲ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

အခုလိုမျိုး Frame-less Design ကြောင့် Screen-to-Body Ratio အနေနဲ့ 90% အထိရှိမှာဖြစ်ပါတယ်။ IPS Display အမျိုးအစားဖြစ်ပြီး 178-degree Viewing Angle ကိုပါ Support ပေးနိုင်မှာဖြစ်ပါတယ်။ Port တွေအနေနဲ့ကတော့ HDMI အပြင် Display Port ပါ ပါဝင်လာဖွယ်ရှိနေပါတယ်။

Huawei ရဲ့ 24″ AD80HW Monitor ဟာ Display Panel ကို BOE Video Technology Co. Ltd, ကနေ ထုတ်လုပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး 24″ အပြင် 27″ နဲ့ 34″ အမျိုးအစားတွေကိုပါ မိတ်ဆက်သွားဖို့ရှိနေသေးတာလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲကို မိတ်ဆက်တဲ့အချိန်ကြရင် Xiaomi လိုမျိုး ကုမ္ပဏီတွေနဲ့ အဓိကယှဥ်ပြိုင်ရဖို့များနေပါတယ်။

Ref – Gizmo China