[Zawgyi]

မၾကာခင္မွာ ထပ္ၿပီး မိတ္ဆက္ေပးေတာ့မယ့္ Galaxy A-Series သုံးမ်ိဳးထဲက A20 အေၾကာင္းကေတာ့ hi-tech.mail.ru ေၾကာင့္ အဓိကအခ်က္အလက္ေတြအျပင္ ေဈးႏႈန္းပါ သိခဲ့ၾကရၿပီး ျဖစ္ပါတယ္။ က်န္တဲ့ Galaxy A ႏွစ္မ်ိဳးအနက္ A40 ရဲ႕ Renders ပုံေတြကေတာ့ ၿပီးခဲ့တဲ့ ရက္က ေပၚထြက္လာခဲ့ပါတယ္။

WinFuture ကတစ္ဆင့္ ထြက္ေပၚလာတဲ့ Samsung Galaxy A40 ရဲ႕ ႐ုပ္ပုံကတစ္ဆင့္ ခန႔္မွန္းလို႔ရတာေတြကေတာ့ A40 ဟာလည္း ဒီေန႔ေခတ္ စမတ္ဖုန္းေတြရဲ႕ ပုံစံအတိုင္း Notch နဲ႔ပဲျဖစ္တယ္လို႔ ဆိုရပါလိမ့္မယ္။ Renders မွာျမင္ေတြ႕ရတာကေတာ့ Infinity-U display ပဲ ျဖစ္ပါတယ္။

Samsung Galaxy A40 မွာ A20 လို Headphone jack ပါဝင္သလို USB-C Port နဲ႔ ျဖစ္တယ္လို႔လည္း သိရပါတယ္။ အေရွ႕ဘက္ Notch ထဲမွာ Selfie ကင္မရာတစ္လုံးကို တပ္ဆင္ေပးထားသလို ေက်ာဘက္မွာလည္း ကင္မရာႏွစ္လုံးတပ္ဆင္ေပးထားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေပါက္ၾကားမႈေတြမွာတုန္းကေတာ့ Galaxy A40 ဟာ ေက်ာဘက္ကင္မရာ သုံးလုံးနဲ႔ ျဖစ္လိမ့္မယ္လို႔ ဆိုခဲ့ၾကေပမယ့္ အခုေပါက္ၾကားလာတဲ့ Renders အရ ကင္မရာ ႏွစ္လုံးပဲ ေတြ႕ျမင္ရတာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ သြားရဦးမွာ ျဖစ္ပါတယ္။ Fingerprint Scanner ကိုေတာ့ ကင္မရာေတြအနီးမွာ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Galaxy A40 ဟာ 5.7-inch မ်က္ႏွာျပင္အမ်ိဳးအစားျဖစ္ၿပီး A20 လိုပဲ Exynos 7885 Processor ကို အသုံးျပဳထားတယ္လို႔ သတင္းထြက္ေပၚထားပါတယ္။ 4GB of RAM နဲ႔ 64GB Storage တြဲစပ္ထားၿပီး ဘက္ထရီပမာဏကေတာ့ 4,000mAh ျဖစ္တယ္လို႔ သိရပါတယ္။ (ၿပီးခဲ့တဲ့ေပါက္ၾကားမႈေတြမွာတုန္းကေတာ့ Exynos 7904 နဲ႔ 6.4-inch display လို႔ ဆိုထားပါတယ္)

လာမယ့္ ဧၿပီလ ၁၀ ရက္ေန႔မွာ Samsung ဟာ Galaxy A-Series ကို တရားဝင္မိတ္ဆက္ေတာ့မွာ ျဖစ္တဲ့အတြက္ ဒီရက္ပိုင္းအတြင္းမွာေတာ့ မွန္ကန္ၿပီး ျပည့္စုံတဲ့ အခ်က္အလက္ေတြ ထပ္မံေပါက္ၾကားလာဦးမွာမို႔ ဆက္လက္ေစာင့္ၾကည့္ၿပီး ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Samsung Galaxy A40 ရဲ့ Renders လည်း ပေါ်ထွက်လာ

မကြာခင်မှာ ထပ်ပြီး မိတ်ဆက်ပေးတော့မယ့် Galaxy A-Series သုံးမျိုးထဲက A20 အကြောင်းကတော့ hi-tech.mail.ru ကြောင့် အဓိကအချက်အလက်တွေအပြင် ဈေးနှုန်းပါ သိခဲ့ကြရပြီး ဖြစ်ပါတယ်။ ကျန်တဲ့ Galaxy A နှစ်မျိုးအနက် A40 ရဲ့ Renders ပုံတွေကတော့ ပြီးခဲ့တဲ့ ရက်က ပေါ်ထွက်လာခဲ့ပါတယ်။

WinFuture ကတစ်ဆင့် ထွက်ပေါ်လာတဲ့ Samsung Galaxy A40 ရဲ့ ရုပ်ပုံကတစ်ဆင့် ခန့်မှန်းလို့ရတာတွေကတော့ A40 ဟာလည်း ဒီနေ့ခေတ် စမတ်ဖုန်းတွေရဲ့ ပုံစံအတိုင်း Notch နဲ့ပဲဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ Renders မှာမြင်တွေ့ရတာကတော့ Infinity-U display ပဲ ဖြစ်ပါတယ်။

Samsung Galaxy A40 မှာ A20 လို Headphone jack ပါဝင်သလို USB-C Port နဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။ အရှေ့ဘက် Notch ထဲမှာ Selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားသလို ကျောဘက်မှာလည်း ကင်မရာနှစ်လုံးတပ်ဆင်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပေါက်ကြားမှုတွေမှာတုန်းကတော့ Galaxy A40 ဟာ ကျောဘက်ကင်မရာ သုံးလုံးနဲ့ ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ကြပေမယ့် အခုပေါက်ကြားလာတဲ့ Renders အရ ကင်မရာ နှစ်လုံးပဲ တွေ့မြင်ရတာကြောင့် ဆက်လက်စောင့်ကြည့် သွားရဦးမှာ ဖြစ်ပါတယ်။ Fingerprint Scanner ကိုတော့ ကင်မရာတွေအနီးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Galaxy A40 ဟာ 5.7-inch မျက်နှာပြင်အမျိုးအစားဖြစ်ပြီး A20 လိုပဲ Exynos 7885 Processor ကို အသုံးပြုထားတယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ 4GB of RAM နဲ့ 64GB Storage တွဲစပ်ထားပြီး ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်တယ်လို့ သိရပါတယ်။ (ပြီးခဲ့တဲ့ပေါက်ကြားမှုတွေမှာတုန်းကတော့ Exynos 7904 နဲ့ 6.4-inch display လို့ ဆိုထားပါတယ်)

လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ Samsung ဟာ Galaxy A-Series ကို တရားဝင်မိတ်ဆက်တော့မှာ ဖြစ်တဲ့အတွက် ဒီရက်ပိုင်းအတွင်းမှာတော့ မှန်ကန်ပြီး ပြည့်စုံတဲ့ အချက်အလက်တွေ ထပ်မံပေါက်ကြားလာဦးမှာမို့ ဆက်လက်စောင့်ကြည့်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Ref: Android Authority