Samsung Galaxy A21s နဲ့ပတ်သက်တဲ့သတင်းတွေက အခုအချိန်ထိ တရားဝင်မထွက်သေးဘဲ ကောလာဟလအဖြစ်ပဲ ရှိနေသေးတာပါ။ ပြီးခဲ့တဲ့ ဧပြီလကုန်တုန်းက Galaxy A21s ရဲ့ အစိတ်အပိုင်းတွေအကြောင်း ထွက်ပေါ်လာတယ်ဆိုပေမယ့် ဒီသတင်းကလည်း ပေါက်ကြားသတင်းသာ ဖြစ်ပြီး အတည်ပြုချက်မရသေးပါဘူး။

အခုလည်း Samsung Galaxy A21s ရဲ့ Render ဆိုပြီးထွက်ပေါ်လာပြန်ပါတယ်။ ပေါက်ကြားမှုအဖြစ် ထွက်ပေါ်လာတဲ့ Galaxy A21s render ပုံရိပ်ဟာ ဟန်းဆက်ရဲ့ မျက်နှာပြင်ပိုင်းကိုပဲ ဖော်ပြထားတာဖြစ်သလို vanilla Galaxy A21 ရဲ့ပုံစံနဲ့လည်း အတော်လေးကို တူညီနေတာ တွေ့ရပါတယ်။

Galaxy A21s ရဲ့ အရှေ့ဘက်မျက်နှာပြင် ဘယ်ဘက်ထောင့်မှာ Infinity-O selfie camera punch hole ကို နေရာချထားတာ တွေ့မြင်ရပါတယ်။ Selfie ကင်မရာဟာ 13MP sensor ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် Galaxy A21s အတွက် ဖော်ပြထားတဲ့ Specs ကလည်း Geekbench က SM-A21F/DS device နဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။

ဖြစ်နိုင်တာကတော့ 6.55-inch HD+ resolution နဲ့ပါပဲ။ 3GB of RAM နဲ့ 64GB storage ထောက်ပံ့ပေးထားသလို NFC နဲ့ Fingerprint scanner ပါဝင်ပါလိမ့်မယ်။ 5,000mAh ဘက်ထရီ၊ 48MP အဓိကကင်မရာ၊ 8MP ultrawide နဲ့ 2MP macro ကင်မရာတွေကို ကျောဘက်မှာ တပ်ဆင်ထားတယ်လို့ သတင်းထွက်ထားတာပါ။ Chipset ကတော့ အနည်းဆုံး Exynos 850 ကို အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena