OnePlus ရဲ့ ပထဆုံးအနေနဲ့ Mid Range ဖုန်းစျေးကွက်ကိုဝင်ရောက်လာမယ့် OnePlus Nord ဟာ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ OnePlus Nord ရဲ့ Design နဲ့ ပါဝင်တဲ့ Specification တွေပေါက်ကြားခဲ့ပြီးဖြစ်ကာ အခုအချိန်မှာလည်း Specification အပြည့်အစုံ ထပ်မံပေါက်ကြားလာပြန်ပါပြီ။

ယခုသတင်းကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Evan Blass (EVLeaks) ကနေ ဖော်ပြခဲ့တဲ့အတွက် အတည်ဖြစ်နိုင်ခြေများပြားနေတယ်လို့ ပြောရမှာပါ။ Evan Blass ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Specification တွေဟာ OnePlus ရဲ့ Virtual  Nord Training Session ကနေ ရယူထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Specification တွေအရ OnePlus Nord ဖုန်းဟာ Qualcomm Snapdragon 765G 5G Chipset ၊ RAM 8GB + 128GB Storage ဒါမှမဟုတ် RAM 12GB + 256GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 6.44″ 90Hz Super AMOLED Display ပါဝင်မှာဖြစ်ပြီး Dual Selfie Camera ကို Punch-hole Design ပြုလုပ်ထားမှာပါ။

Camera တွေအနေနဲ့ကတော့ Back Camera ကို 48MP Sony IMX586 Sensor အပြင် 8MP Ultrawide ၊ 5MP Depth Sensor နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Quad Camera Setup ကို ထည့်သွင်းထားမှာပါ။ Selfie Camera တွေအနေနဲ့ကတေ့ာ 32MP Primary Sensor အပြင် 8MP Ultrawide Sensor တွေပါဝင်မယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ကတေ့ာ 4115mAh Battery ပါဝင်မှာဖြစ်ပြီး OnePlus ရဲ့ ကိုယ်ပိုင် Warp Charge 30T Fast Charging ကိုလည်း ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Blue Marble ၊ Gray Onyx နဲ့ Gray Ash ဆိုပြီး မိတ်ဆက်သွားမှာပါ။

ဘာပဲဖြစ်ဖြစ် အဆိုပါ OnePlus Nord ရဲ့ Specification တွေကိုသိရပြီဖြစ်ပေမယ့် Design ပိုင်းအသေးစိတ်နဲ့ စျေးနှုန်းကိုတော့ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့ တရားဝင်မိတ်ဆက်တော့မှပဲ စောင့်ကြည့်ရမှာပါ။

Ref – Android Authority