Intel ဟာပြီးခဲ့တဲ့နှစ်တုန်းက Laptop တွေအတွက် 10th Gen Mobile Processor တွေကို 14nm Comet Lake နဲ့ 10nm Ice Lake ဆိုပြီး ၂ မျိုးထုတ်ပေးထားခဲ့တာဖြစ်ပါတယ်။ အခုလည်း စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာပိုကောင်းလာဦးမယ့် Intel 11th Gen Mobile Processor တွေကို မြင်တွေ့ရဖို့များနေပါပြီ။

အဆိုပါ 11th Gen Mobile Processor တွေကို Codename အနေနဲ့ Tiger Lake လို့ပဲခေါ်ဆိုသွားမှာဖြစ်ပြီး ယခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ 10th Gen Desktop Processor တွေရဲ့ Codename နဲ့ ဆင်တူနေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ 11th Gen Tiger Lake Processor တွေဟာ CPU ပိုင်းအပြင် Xe Architecture ကိုအခြေခံထားတဲ့ Graphics Architecture တွေကြောင့် Integrated GPU Performance က အများကြီးတိုးတက်လာမှာဖြစ်ပါတယ်။

Intel ကနေ တရားဝင်ထုတ်ပြန်ကြေညာချက်အရ လာမယ့် စက်တင်ဘာလ ၂ ရက်နေ့မှာ “Something Big” ဆိုပြီး Event တစ်ခုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ Event မှာ Always Connected Experience အပြင် လုပ်နိုင်စွမ်းတွေကို ချပြသွားမှာဖြစ်တယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။

အဆိုပါ Intel 11th Gen Tiger Lake Processor တွေဟာ 10nm+ Architecture ကို အခြေခံသွားမှာဖြစ်ပြီး AMD ရဲ့ လက်ရှိမှာအောင်မြင်မှုရရှိနေတဲ့ 7nm Ryzen 4000 Processor တွေနဲ့ အဓိကယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ လောလောဆယ်မှာထွက်ရှိထားတဲ့သတင်းတွေအရတော့ အဆိုပါ Intel 11th Gen Tiger Lake Processor တွေကိုအသုံးပြုလာမယ့် Ultrabook တွေက သီးသန့် Graphic Card ပါဝင်မှာမဟုတ်တော့တဲ့အတွက် ပိုပါးလွှာ၊ ပေါ့ပါးလာမှာဖြစ်ပါတယ်။

Ref – The Verge