Apple ကနေ ယခုနှစ်အတွက် iPhone 12 Series စမတ်ဖုန်းတွေကို လာမယ့်စက်တင်ဘာလဝန်းကျင်မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series ဖုန်းတွေက 5G Support ရရှိလာမှာဖြစ်ပေမယ့် Packaging ထဲမှာ EarPods အပြင် Charger ကိုပါ ထည့်သွင်းပေးမှာမဟုတ်ဘူးလို့ သတင်းတွေထွက်ရှိလာတဲ့အတွက် ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple ကနေ ဒီလိုမျိုး Charger ကို Packaging ထဲမှာ မထည့်သွင်းပေးတော့ပေမယ့်လည်း ပါဝင်တဲ့ Charging Cable ကိုတော့ အဆင့်မြှင့်တင်လာပေးမယ်လို့ သတင်းတွေထွက်ပေါ်လာပါပြီ။ ဒါကတော့ Quality ပိုကောင်းတဲ့ Lightning to USB-C Braided Cable တွေကို iPhone 12 Series ဖုန်းတွေမှာ ထည့်သွင်းလာမှာပဲဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ Leaker တစ်ဦးဖြစ်တဲ့ “@L0vetodream” ကနေ Twitter စာမျက်နှာမှာဖော်ပြခဲ့ပြီး အဆိုပါ Lightning to USB-C Braided Cable ဓါတ်ပုံကိုပါ ဖော်ပြခဲ့ပါသေးတယ်။ ဒီလိုမျိုး Braided Cable ကို အသုံးပြုလိုက်တာက လက်ရှိ Apple iPhone တွေမှာပါဝင်တဲ့ Charging Cable တွေလိုမျိုး အချိန်ခဏလေးနဲ့ ပျက်စီးသွားတာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ USB-A အစား USB-C ဖြစ်သွားတဲ့အတွက် MacBook Charger သို့မဟုတ် USB-PD Charger ရှိတာနဲ့တင် iPhone 12 Series ဖုန်းတွေကို Fast Charging နဲ့ အားသွင်းနိုင်တော့မှာပါ။

ဒါပေမယ့်လည်း အခုလိုမျိုး အရည်အသွေးပိုကောင်းတဲ့ Lightning to USB-C Braided Cable ကို အသုံးပြုလာမှာက iPhone 12 Pro ဖုန်းတွေပဲဖြစ်လာမလား၊ Entry iPhone 12 Series ဖုန်းတွေမှာပါ ထည့်သွင်းလာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Charger ကိုဖြုတ်လိုက်ပြီး ပိုကောင်းတဲ့ Charging Cable ကိုထည့်သွင်းလိုက်တာက iPhone အဟောင်းကနေ အသစ်ပြောင်းလဲအသုံးပြုသူတွေအတွက် ပိုပြီးအဆင်ပြေသွားနိုင်တယ်။

Ref – 9to5Mac