[Zawgyi]

iPhone 11 Pro ကို ၁၇ သိန္းခြဲေလာက္ေပးရလို႔ ေဈးႀကီးတယ္လို႔ ထင္စရာရွိေပမယ့္ Legend iPhone 11 Pro နဲ႔ ယွဥ္လိုက္ရင္ ဘာမွမဟုတ္ေတာ့ဘူးလို႔ ဆိုရေလာက္ပါတယ္။ Legend Helsinki Custom-made versions ဟာ ေက်ာဘက္မွာ 18K ေ႐ႊသားကြပ္ထားတာျဖစ္ပါတယ္။

ဒီလိုမ်ိဳး ဆန္းဆန္းျပားျပား ေ႐ႊသားနဲ႔ iPhone 11 Pro ရဲ႕ေဈးႏႈန္းက ယူ႐ို ၃၃၉၀ (ျမန္မာေငြ ၅၇ သိန္းနီးပါး) က်သင့္ပါလိမ့္မယ္။ ဒါကိုမွ ေဈးေပါတယ္လို႔ ထင္ေနသူေတြအတြက္ Emperor Edition ရွိေနပါေသးတယ္။ ေက်ာဘက္ ဖန္သားကိုယ္ထည္အစား ေက်ာက္စိမ္းသားနဲ႔ ျပဳလုပ္ေပးမွာပါ။ ဝယ္သူစိတ္ႀကိဳက္ ေက်ာက္သားေပၚမူတည္ၿပီး ေဈးႏႈန္းကလည္း ေျပာင္းလဲသြားဦးမယ္လို႔ ဆိုပါတယ္။

Legend Helsinki မွာ ေဈးတူၿပီး ျခားနားတဲ့ ဒီဇိုင္းပုံစံေတြ အမ်ားႀကီး ရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ iPhone ကို စိတ္ႀကိဳက္ ဒီဇိုင္းဆင္လို႔ရမွာပါ။ ဒါေပမယ့္လည္း ေနာက္ဆုံးေပၚ Edition ကေတာ့ အေရအတြက္ကန႔္သတ္ထားတဲ့ မ်ိဳးကြဲေတြနဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီထဲက တစ္မ်ိဳးကေတာ့ “Firmamentum” လို႔ ေခၚပါတယ္။

လက္တင္ဘာသာစကားနဲ႔ ဒီအမ်ိဳးအစားဟာ ေငြျပားကို ေ႐ႊဝက္အူေပါင္းမ်ားစြာနဲ႔ ေပါင္းစပ္ထားတာျဖစ္ၿပီး Apple လိုဂိုကလည္း ပုလဲနဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီ အမ်ိဳးအစားကို အေရအတြက္ ကန႔္သတ္ၿပီး ထုတ္လုပ္ထားတာျဖစ္ပါတယ္။ စုစုေပါင္းမွ ၁၀ လုံးတည္းလို႔ ဆိုပါတယ္။ တစ္လုံးကို ယူ႐ိုေငြ ၃၄၉၀ ျဖစ္တာေၾကာင့္ (ျမန္မာေငြ ၅၈ သိန္းခြဲ) ေလာက္က်သင့္ပါလိမ့္မယ္။

iPhone တင္ပဲလားဆိုေတာ့ မဟုတ္ပါဘူး။ AirPods ေတြကိုလည္း 24K ေ႐ႊသားနဲ႔ တန္ဆာဆင္ထားပါေသးတယ္။ Rose Gold ဒါမွမဟုတ္ Platinum အတြက္ ယူ႐ို ၁၁၉၀ (ျမန္မာေငြ ၁၉ သိန္း ၉ ေသာင္းခြဲနီးပါး) ေလာက္ က်သင့္ပါလိမ့္မယ္။ iPhone ေတြအတြက္ ေက်ာက္သားတပ္ဆင္မႈကို သုံးစြဲသူစိတ္ႀကိဳက္ ျပဳလုပ္ေပးမွာျဖစ္သလို စက္နဲ႔မဟုတ္ဘဲ လက္နဲ႔ျပဳလုပ္ေပးမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Ref: GSM Arena

[Unicode]

၅၇ သိန်းနီးပါး တန်ဖိုးရှိတဲ့ ရွှေသား Legend iPhone 11 pro

iPhone 11 Pro ကို ၁၇ သိန်းခွဲလောက်ပေးရလို့ ဈေးကြီးတယ်လို့ ထင်စရာရှိပေမယ့် Legend iPhone 11 Pro နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူးလို့ ဆိုရလောက်ပါတယ်။ Legend Helsinki Custom-made versions ဟာ ကျောဘက်မှာ 18K ရွှေသားကွပ်ထားတာဖြစ်ပါတယ်။

ဒီလိုမျိုး ဆန်းဆန်းပြားပြား ရွှေသားနဲ့ iPhone 11 Pro ရဲ့ဈေးနှုန်းက ယူရို ၃၃၉၀ (မြန်မာငေွ ၅၇ သိန်းနီးပါး) ကျသင့်ပါလိမ့်မယ်။ ဒါကိုမှ ဈေးပေါတယ်လို့ ထင်နေသူတွေအတွက် Emperor Edition ရှိနေပါသေးတယ်။ ကျောဘက် ဖန်သားကိုယ်ထည်အစား ကျောက်စိမ်းသားနဲ့ ပြုလုပ်ပေးမှာပါ။ ဝယ်သူစိတ်ကြိုက် ကျောက်သားပေါ်မူတည်ပြီး ဈေးနှုန်းကလည်း ပြောင်းလဲသွားဦးမယ်လို့ ဆိုပါတယ်။

Legend Helsinki မှာ ဈေးတူပြီး ခြားနားတဲ့ ဒီဇိုင်းပုံစံတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ iPhone ကို စိတ်ကြိုက် ဒီဇိုင်းဆင်လို့ရမှာပါ။ ဒါပေမယ့်လည်း နောက်ဆုံးပေါ် Edition ကတော့ အရေအတွက်ကန့်သတ်ထားတဲ့ မျိုးကွဲတွေနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီထဲက တစ်မျိုးကတော့ “Firmamentum” လို့ ခေါ်ပါတယ်။

လက်တင်ဘာသာစကားနဲ့ ဒီအမျိုးအစားဟာ ငွေပြားကို ရွှေဝက်အူပေါင်းများစွာနဲ့ ပေါင်းစပ်ထားတာဖြစ်ပြီး Apple လိုဂိုကလည်း ပုလဲနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ အမျိုးအစားကို အရေအတွက် ကန့်သတ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ စုစုပေါင်းမှ ၁၀ လုံးတည်းလို့ ဆိုပါတယ်။ တစ်လုံးကို ယူရိုငွေ ၃၄၉၀ ဖြစ်တာကြောင့် (မြန်မာငွေ ၅၈ သိန်းခွဲ) လောက်ကျသင့်ပါလိမ့်မယ်။

iPhone တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ AirPods တွေကိုလည်း 24K ရွှေသားနဲ့ တန်ဆာဆင်ထားပါသေးတယ်။ Rose Gold ဒါမှမဟုတ် Platinum အတွက် ယူရို ၁၁၉၀ (မြန်မာငွေ ၁၉ သိန်း ၉ သောင်းခွဲနီးပါး) လောက် ကျသင့်ပါလိမ့်မယ်။ iPhone တွေအတွက် ကျောက်သားတပ်ဆင်မှုကို သုံးစွဲသူစိတ်ကြိုက် ပြုလုပ်ပေးမှာဖြစ်သလို စက်နဲ့မဟုတ်ဘဲ လက်နဲ့ပြုလုပ်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: GSM Arena