[Zawgyi]

Lenovo ကေတာ့ Mid-range ဖုန္းသစ္တစ္မ်ိဳးျဖစ္တဲ့ A6 Note ကို မိတ္ဆက္ေပးႏိုင္ဖို႔ အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ အခုလည္း A6 Note ဟာ ဒုတိယဥကၠ႒ Chang Cheng ရဲ႕ ဝီဘိုပ႐ိုဖိုင္းမွာ ျမင္ေတြ႕လိုက္ရပါတယ္။ ဒီကေနတစ္ဆင့္ A6 Note ရဲ႕ သတင္းေတြကလည္း ပိုမို ပ်ံ႕ႏွံ႔ေနၿပီ ျဖစ္ပါတယ္။

Lenovo A6 Note ဟာ ထိုင္းႏိုင္ငံရဲ႕ NBTC နဲ႔ Geekbench မွာ ေမာ္ဒယ္နံပါတ္ L19041 နဲ႔အတူ ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။ ဒါေပမယ့္ Geekbench ကေနတစ္ဆင့္ သိခြင့္ရခဲ့တဲ့ အခ်က္အလက္က အရမ္းကို နည္းပါးလြန္းပါတယ္။ A6 Note ဟာ Helio P22 chipset ကို အသုံးျပဳထားတယ္ဆိုတာရယ္၊ 3GB of RAM ပါဝင္မယ္ဆိုတာအျပင္ Android 9 Pie ေမာင္းႏွင္ထားတယ္ဆိုတာေလာက္ပဲ သိခဲ့ရပါတယ္။

Chang Cheng ရဲ႕ ပ႐ိုဖိုင္းမွာေတြ႕ျမင္ရတဲ့ ႐ုပ္ပုံေတြအရ A6 Note ဟာ Waterdrop Notch နဲ႔ျဖစ္ၿပီး ပတ္လည္ Bezels ေတြက အေတာ္အသင့္ပါးလႊာတယ္လို႔ ဆိုႏိုင္ပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးနဲ႔ LED ဖလက္ရွ္တို႔ကို တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ Fingerprint Scanner ကိုလည္း ေတြ႕ရပါေသးတယ္။ A6 Note ရဲ႕ ထိပ္ပိုင္းမွာ 3.5mm headphone jack ပါဝင္ၿပီး၊ ေအာက္ေျခမွာေတာ့ microUSB port ကို ေတြ႕ျမင္ရပါတယ္။

ဘယ္ဘက္အျခမ္းမွာ SIM ကတ္ထည့္ေပါက္ကို ေတြ႕ျမင္ရၿပီး၊ ညာဘက္ျခမ္းမွာေတာ့ အသံအတိုးအခ်ဲ႕ခလုတ္နဲ႔ အဖြင့္အပိတ္ခလုတ္ကို ေတြ႕ျမင္ရပါတယ္။ ပိုစတာမွာျမင္ေတြ႕ရသေလာက္ A6 Note ကို အနည္းဆုံး အျပာေရာင္နဲ႔ အနက္ေရာင္ ဆိုၿပီး အေရာင္ႏွစ္မ်ိဳးနဲ႔ ထုတ္လုပ္ထားပါတယ္။ Lenovo ဟာ A6 Note ကို ေဘဂ်င္းမွာျပဳလုပ္မယ့္ ကုမၸဏီ Event အတြင္း ေၾကညာမယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

တရားဝင် ရုပ်ပုံတွေ ပေါ်ထွက်လာပြီဖြစ်တဲ့ Lenovo A6 Note

Lenovo ကတော့ Mid-range ဖုန်းသစ်တစ်မျိုးဖြစ်တဲ့ A6 Note ကို မိတ်ဆက်ပေးနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုလည်း A6 Note ဟာ ဒုတိယဥက္ကဋ္ဌ Chang Cheng ရဲ့ ဝီဘိုပရိုဖိုင်းမှာ မြင်တွေ့လိုက်ရပါတယ်။ ဒီကနေတစ်ဆင့် A6 Note ရဲ့ သတင်းတွေကလည်း ပိုမို ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

Lenovo A6 Note ဟာ ထိုင်းနိုင်ငံရဲ့ NBTC နဲ့ Geekbench မှာ မော်ဒယ်နံပါတ် L19041 နဲ့အတူ တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒါပေမယ့် Geekbench ကနေတစ်ဆင့် သိခွင့်ရခဲ့တဲ့ အချက်အလက်က အရမ်းကို နည်းပါးလွန်းပါတယ်။ A6 Note ဟာ Helio P22 chipset ကို အသုံးပြုထားတယ်ဆိုတာရယ်၊ 3GB of RAM ပါဝင်မယ်ဆိုတာအပြင် Android 9 Pie မောင်းနှင်ထားတယ်ဆိုတာလောက်ပဲ သိခဲ့ရပါတယ်။

Chang Cheng ရဲ့ ပရိုဖိုင်းမှာတွေ့မြင်ရတဲ့ ရုပ်ပုံတွေအရ A6 Note ဟာ Waterdrop Notch နဲ့ဖြစ်ပြီး ပတ်လည် Bezels တွေက အတော်အသင့်ပါးလွှာတယ်လို့ ဆိုနိုင်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံးနဲ့ LED ဖလက်ရှ်တို့ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Fingerprint Scanner ကိုလည်း တွေ့ရပါသေးတယ်။ A6 Note ရဲ့ ထိပ်ပိုင်းမှာ 3.5mm headphone jack ပါဝင်ပြီး၊ အောက်ခြေမှာတော့ microUSB port ကို တွေ့မြင်ရပါတယ်။

ဘယ်ဘက်အခြမ်းမှာ SIM ကတ်ထည့်ပေါက်ကို တွေ့မြင်ရပြီး၊ ညာဘက်ခြမ်းမှာတော့ အသံအတိုးအချဲ့ခလုတ်နဲ့ အဖွင့်အပိတ်ခလုတ်ကို တွေ့မြင်ရပါတယ်။ ပိုစတာမှာမြင်တွေ့ရသလောက် A6 Note ကို အနည်းဆုံး အပြာရောင်နဲ့ အနက်ရောင် ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Lenovo ဟာ A6 Note ကို ဘေဂျင်းမှာပြုလုပ်မယ့် ကုမ္ပဏီ Event အတွင်း ကြေညာမယ်လို့ သိရပါတယ်။

Ref: GSM Arena