Lenovo က တန်ဖိုးနည်း A7 ကို ကြေညာလိုက်ပြီး Unisoc Processor နဲ့ Waterdrop Notch မျက်နှာပြင် ပါလာပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် အနောက်ကင်မရာ ၂ လုံးနဲ့ အရွယ်ကြီး ဘက်ထရီ ထည့်ထားပါတယ်။ Lenovo A7 ကို ကုမ္ပဏီ တရားဝင် ဝက်ဘ်ဆိုက်က Product Page မှာ မဖော်ပြထားသေးတဲ့အတွက် လက်ရှိမှာ Specs အပြည့်အစုံကို မသိရသေးပါဘူး။

Lenovo A7 မှာ ရှည်လျားတဲ့ Aspect Ratio ပါလာပြီး မျက်နှာပြင် အရွယ်အစားက ၆.၀၉ လက်မ ဖြစ်ပါတယ်။ အရင်တုန်းက Spreadtrum လို့ သိကြတဲ့ Unisoc SC9863A မောင်းနှင်ထားပြီး 1.6GHz Octa-core Processor ပါပါတယ်။ အဲဒီဖုန်းကို ပြီးခဲ့တဲ့ လက Google Play Console မှာ တွေ့ခဲ့ရပြီး Android 9 Pie OS ပဲပါတာက သိပ်မမိုက်ပါဘူး။ 2GB RAM ထည့်ထားပြီး HD+ Resolution ရှိပါတယ်။ တစ်လက်မကို Pixel သိပ်သည်းဆက ၃၂၀ ဖြစ်ပါတယ်။

Lenovo A7 ရဲ့ 4,000mAh ဘက်ထရီကို Standby ထားရင် ၄၁၆ နာရီ အသုံးခံပါတယ်။ ဖြုတ်လို့ရတဲ့ ဘက်ထရီ ပါလာတာက ကောင်းပါတယ်။ အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 13MP+ 2MP ကင်မရာ ၂ လုံး ပါပါတယ်။ LED Flash နဲ့ AI Scene Recognition တွေ ပါလာပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားပါတယ်။ အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina