Lenovo က တန်ဖိုးနည်း ၁၁ လက်မ Chromebook 3 ကို ကြေညာလိုက်ပြီး ၂၂၉ ဒေါ်လာနဲ့ ရောင်းပေးလိုက်ပါတယ်။ မြန်မာငွေ ၃ သိန်း ၂ သောင်းလောက် တန်ကြေးရှိပြီး လက်ရှိ ရောင်းချထားတဲ့ ၁၄ လက်မ Chromebook 3 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ ၁၁ လက်မ မော်ဒယ်ဟာ အရွယ်ပိုသေးသွားပေမယ့် Specs တချို့ပိုကောင်းလာပါတယ်။ မျက်နှာပြင်ဟာ ပိုတောက်ပလာပြီး Storage ကလည်း ၁၄ လက်မရဲ့ 32GB ထက် ပိုများတဲ့ 64GB ဖြစ်လာပါတယ်။

၁၄ လက်မအတွက် အညိုရောင်ပဲ ထုတ်ထားပြီး ၁၁ လက်မ မော်ဒယ်အသစ်အတွက် အရောင် အသစ်ပါလာပါတယ်။ Lenovo က Texture ပါတဲ့ Two-Tone Onyx Black လို့ ခေါ်ပါတယ်။ ၁၁ လက်မ မော်ဒယ်ဟာ ပိုပေါ့ပါးလာပြီး ၂.၄၇ ပေါင်ပဲ အလေးချိန်ရှိပါတယ်။ ကျောင်းကို ယူသွားဖို့ တော်တော် အဆင်ပြေတဲ့ လက်ပ်တော့ပါ။

မော်ဒယ်အသစ်မှာ ၁၄ လက်မမှာလိုပဲ USB-C Port ၂ ခု၊ USB-A Port ၂ ခု၊ Audio Jack နဲ့ microSD Card Reader ၁ ခု ထည့်သွင်းထားပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ 720p ကင်မရာ၊ 3 Cell 42Wh Battery နဲ့ 45W AC Adapter တွေ ပါလာပါတယ်။ စွမ်းရည်နိမ့်  Intel Celeron N4020 ပဲပါပေမယ့် Chromebook အတွက်တော့ အိုကေပါတယ်။

၁၈၀ ဒဂရီ ခေါက်ချိုးနိုင်ပြီး တန်ဖိုးနည်း လက်ပ်တော့ လိုချင်သူတွေအတွက် ရွေးချယ်စရာ ၁ ခုဖြစ်ပါတယ်။ Lenovo ရဲ့ ဝက်ဘ်ဆိုက်ကနေ ရောင်းချပေးနေပါပြီ။

Ref : theverge