Lenovo က ThinkPhone by Motorola ကို ကြေညာလိုက်ပြီး Lenovo ThinkPad လက်ပ်တော့နဲ့ တူတဲ့ Motorola ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Motorola ThinkPhone: SD 8+ Gen 1 and 144Hz display for the perfect laptop pairing - Crast.net

ThinkPhone မှာ ၆.၆ လက်မ OLED 2400x1080p မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါလာပြီး HDR10+ ကို ထောက်ပံ့ပါတယ်။ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 8GB, 12GB RAM နဲ့ 128GB, 256GB , 512GB Storage ပါပါတယ်။

Motorola ThinkPhone Leak Suggests Premium Hardware: SD 8+ Gen 1, P-OLED Screen Expected - Gizbot News

Carbon Black အရောင် ထုတ်လုပ်ထားပြီး မတူညီတဲ့ အလုပ်တွေ လုပ်နိုင်ဖို့ Customize လုပ်နိုင်တဲ့ အနီရောင် ခလုတ် ၁ ခု တပ်ဆင်ထားပါတယ်။ အနောက်ဘက် Panel ကို စတီးထက် ပိုမိုမာကျောတဲ့ Lightweight Aramid Fiber နဲ့ တည်ဆောက်ထားပြီး ဖရိမ်ကို Aircraft-grade Aluminum နဲ့ ဖန်တီးထားပါတယ်။ အရှေ့ဘက်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး အနောက်ဘက်မှာ ThinkPhone Logo ပါပါတယ်။

ThinkPhone ဟာ IP68 နဲ့ MIL-STD 810H စံနှုန်ုးတွေ ပိုင်ဆိုင်ထားပြီး ၁.၂၅ မီတာ အမြင့်က ပြုတ်ကျတာကို ခံနိုင်ကာ ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ ထားရှိနိုင်ပါတယ်။

68W Wired Charging နဲ့ 15W Wireless Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ ကင်မရာအကြောင်းပြောရရင် PDAF နဲ့ OIS ပါတဲ့ 50MP Main , 13MP Ultrawide (with Macro Vision) ကို အနောက်ဘက်နဲ့ 32MP ကင်မရာကို အရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။

Motorola’s Ready For ကို အခြေပြုထားတဲ့ Think 2 Think အပါအဝင် ThinkPad လက်ပ်တော့တွေနဲ့ တွဲဖက် သုံးနိုင်အောင် ThinkPhone ကို ဖန်တီးထားပါတယ်။ ThinkPhone နဲ့ ThinkPad အကြားမှာ စာသား၊ ဓါတ်ပုံနဲ့ စာရွက်စာတမ်းတွေ ကော်ပီလုပ်တာ၊ ဖိုင်တွေကို Drag and Drop လုပ်တာ၊ Notification တွေ ပြသတာ၊ ဖုန်းကို Webcam အဖြစ် သုံးတာနဲ့ Windows လက်ပ်တော့ Screen မှာ Android App ဖွင့်တာတွေ ပြုလုပ်နိုင်ပါတယ်။

Moto KeySafe က လုံခြုံရေးအလွှာ ၁ ခုကို  ဖြည့်ပေးထားတဲ့ သီးခြား Processor ဖြစ်ပြီး PINs, Passwords, Crypto Keys နဲ့ တခြား အရေးကြီး ဒေတာတွေကို ကာကွယ်ပေးထားပါတယ်။

Lenovo ThinkPhone by Motorola ကို အမေရိကန်၊ ဥရောပ၊ လက်တင် အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဩစတြေးလျနဲ့ အာရှ နိုင်ငံတွေမှာ လာမယ့်လတွေအတွင်း ရောင်းမှာပါ။ Lenovo က ဈေးနှုန်းကို မပြောသေးပါဘူး။

Ref : gsmarena