[Zawgyi]

5G ဟာ ဒီႏွစ္ MWC Shanghai ပြဲရဲ႕ Theme ျဖစ္လာပါတယ္။ မေန႔ကလည္း China Mobile က 5G+ စီမံကိန္းနဲ႔ Vivo က သူ႔ရဲ႕ 5G အစီအစဥ္မ်ားကို ေၾကညာခဲ့ပါတယ္။  အခုေတာ့ Lenovo က MWC Shanghai မွာ ကမာၻ႕ ပထမဆံုး 5G Laptop နဲ႔ Z6 Pro 5G Edition ကို ေၾကညာလိုက္ပါတယ္။

Lenovo 5G Laptop

သူဟာ ကမာၻ႕ ပထမဆံုး 5G Laptop ျဖစ္ပါတယ္။ သူ႔မွာ 2.75GHz Snapdragon 8cx Processor ေမာင္းႏွင္ထားပါတယ္။ သူ႔ရဲ႕ အျခား Specs မ်ားကိုေတာ့ မေျပာေသးပါဘူး။ Lenovo က အနာဂတ္ လက္ပ္ေတာ့မ်ားမွာ 5G ဆက္သြယ္မႈ ပါလာမယ္ဆိုတာကို ေျပာျပလိုက္တဲ့ သေဘာ ျဖစ္ပါတယ္။

Lenovo Z6 Pro 5G Explorer Edition

Lenovo Z6 Pro 5G Explorer Edition မွာ Snapdragon 855 Processor နဲ႔ Snapdragon X50 Modem မ်ား ပါပါတယ္။ သူ႔မွာ ၆.၃၉ လက္မ AMOLED Display ပါၿပီး Waterdrop Notch တပ္ဆင္ထားပါတယ္။ မူလ Z6 Pro မွာလို 4000mAh Battery ပါပါတယ္။ Lenovo က Z6 Pro ကို ဧၿပီလမွာ ေၾကညာခဲ့ပါတယ္။

Z6 Pro နဲ႔ Lenovo Z6 Pro 5G Explorer Edition တို႔မွာ 5G အတြက္ လိုအပ္တဲ့ အစိတ္အပိုင္းမ်ားကလြဲၿပီး အျခား အစိတ္အပိုင္းမ်ားက တူညီၾကပါတယ္။ 5G Version ရဲ႕ အေနာက္ကင္မရာမ်ား ေဘးမွာ 5G Logo ပါပါတယ္။ ပရိုမိုးရွင္း ဓါတ္ပံုအရ ဖုန္းရဲ႕ အေနာက္ဘက္ဟာ ေဖာက္ထြင္းျမင္ရပါတယ္။ 5G Model ကို ေရာင္းမယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Ref : gizmochina

[Unicode]

Lenovo က ကမ္ဘာ့ ပထမဆုံး 5G Laptop နဲ့ Z6 Pro 5G Edition ကို ကြေညာ
5G ဟာ ဒီနှစ် MWC Shanghai ပွဲရဲ့ Theme ဖြစ်လာပါတယ်။ မနေ့ကလည်း China Mobile က 5G+ စီမံကိန်းနဲ့ Vivo က သူ့ရဲ့ 5G အစီအစဉ်များကို ကြေညာခဲ့ပါတယ်။ အခုတော့ Lenovo က MWC Shanghai မှာ ကမ္ဘာ့ ပထမဆုံး 5G Laptop နဲ့ Z6 Pro 5G Edition ကို ကြေညာလိုက်ပါတယ်။

Lenovo 5G Laptop
သူဟာ ကမ္ဘာ့ ပထမဆုံး 5G Laptop ဖြစ်ပါတယ်။ သူ့မှာ 2.75GHz Snapdragon 8cx Processor မောင်းနှင်ထားပါတယ်။ သူ့ရဲ့ အခြား Specs များကိုတော့ မပြောသေးပါဘူး။ Lenovo က အနာဂတ် လက်ပ်တော့များမှာ 5G ဆက်သွယ်မှု ပါလာမယ်ဆိုတာကို ပြောပြလိုက်တဲ့ သဘော ဖြစ်ပါတယ်။


Lenovo Z6 Pro 5G Explorer Edition
Lenovo Z6 Pro 5G Explorer Edition မှာ Snapdragon 855 Processor နဲ့ Snapdragon X50 Modem များ ပါပါတယ်။ သူ့မှာ ၆.၃၉ လက်မ AMOLED Display ပါပြီး Waterdrop Notch တပ်ဆင်ထားပါတယ်။ မူလ Z6 Pro မှာလို 4000mAh Battery ပါပါတယ်။ Lenovo က Z6 Pro ကို ဧပြီလမှာ ကြေညာခဲ့ပါတယ်။


Z6 Pro နဲ့ Lenovo Z6 Pro 5G Explorer Edition တို့မှာ 5G အတွက် လိုအပ်တဲ့ အစိတ်အပိုင်းများကလွဲပြီး အခြား အစိတ်အပိုင်းများက တူညီကြပါတယ်။ 5G Version ရဲ့ အနောက်ကင်မရာများ ဘေးမှာ 5G Logo ပါပါတယ်။ ပရိုမိုးရှင်း ဓါတ်ပုံအရ ဖုန်းရဲ့ အနောက်ဘက်ဟာ ဖောက်ထွင်းမြင်ရပါတယ်။ 5G Model ကို ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina