[Zawgyi]

Samsung Galaxy Fold နဲ႔ Huawei Mate X တို႔ဟာ Foldable စမတ္ဖုန္းေလာကကို ဦးေဆာင္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ အလားတူ Lenovo ကလည္း Foldable ကြန္ပ်ဴတာေလာကကို ဦးေဆာင္ႏိုင္ဖို႔ ႀကံ႐ြယ္ေနပါတယ္။ Lenovo အေနနဲ႔ ကမာၻ႔ပထမဦးဆုံး Foldable ကြန္ပ်ဴတာကို ထုတ္လုပ္ေနဖို႔ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး ေရွ႕ေျပးေမာ္ဒယ္ကို ျပသလိုက္ပါတယ္။

အဆိုပါ Foldable ကြန္ပ်ဴတာဟာ ၁၃.၃လက္မ အ႐ြယ္အစားရွိတဲ့ LG ရဲ႕ OLED Display ကို အသုံးျပဳထားတာျဖစ္ၿပီး 4:3 Aspect Ratio ကို 2K ( 1080 x 2048 pixels ) Resolution နဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။ Lenovo Foldable ကြန္ပ်ဴတာရဲ႕ Display က Huawei Mate X လိုမ်ိဴး အျပင္ဘက္ကို ခ်ိဴးေခါက္ရတာ မဟုတ္ဘဲ Samsung Galaxy Fold လိုမ်ိဴး အတြင္းဘက္ကို ေခါက္သိမ္းရတာျဖစ္တဲ့အတြက္ အိတ္ထဲထည့္တဲ့အခါမ်ိဴးေတြမွာ Display ကို ပြန္းရာျခစ္ရာေတြ ထင္မွာ စိုးရိမ္စရာမလိုေတာ့ပါဘူး။

Lenovo Foldable ကြန္ပ်ဴတာရဲ႕ ေရွ႕ေျပးေမာ္ဒယ္ကို စမ္းသပ္အသုံးျပဳခဲ့ဖူးသူ တစ္ေယာက္ကေတာ့ Display က မွိန္ေနတဲ့အျပင္ Viewing Angles ေတြကလည္း အားရစရာ မေကာင္းဘူးဆိုၿပီး သူရဲ႕ အျမင္ကို ျပန္လည္ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ အဆိုပါ ကြန္ပ်ဴတာဟာ ေရွ႕ေျပးစမ္းသပ္ေမာ္ဒယ္ ျဖစ္ၿပီး Hardware ပိုင္း အေခ်ာမသတ္ရေသးတာေၾကာင့္ အခုလိုမ်ိဴး လိုအပ္ခ်က္ေတြ ရွိေနတာျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ ေနာက္ဆုံးဗားရွင္း တကယ္ထြက္လာတဲ့ အခါမွာလည္း Microsoft ရဲ႕ Windows OS ကို အသုံးျပဳမထားဘူးလို႔ သိရပါတယ္။ Lenovo ကေတာ့ သူတို႔ရဲ႕ ပထမဦးဆုံး Foldable ကြန္ပ်ဴတာကို လာမယ့္ႏွစ္ ၂၀၂၀မွာ တရားဝင္ မိတ္ဆက္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အဆိုပါ ကြန္ပ်ဴတာမွာ Intel Processor ကို အသုံးျပဳထားၿပီး Cellular Data နဲ႔အတူ တေနကုန္ အသုံးျပဳႏိုင္မယ့္ ဘက္ထရီလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Wacom Pen နဲ႔ သီးသန္႔ျပဳလုပ္ထားမယ့္ Keyboard ေတြကိုလည္း ထည့္သြင္းေပးထားမယ္လို႔ သိရပါတယ္။ Lenovo ကေတာ့ Galaxy Fold လိုမ်ိဴး ျပႆနာေပါင္ ေသာင္းေျခာက္ေထာင္နဲ႔ မေတြ႕ရေလေအာင္ အာ႐ုံစိုက္ၿပီး လုပ္ေနေၾကာင္း The Verge ကို ေျပာၾကားသြားပါတယ္။

Ref : Android Authority

[Unicode]

ကမ္ဘာ့ ပထမဦးဆုံး Foldable ကွန်ပျူတာကို ပြသလိုက်တဲ့ Lenovo

Samsung Galaxy Fold နဲ့ Huawei Mate X တို့ဟာ Foldable စမတ်ဖုန်းလောကကို ဦးဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အလားတူ Lenovo ကလည်း Foldable ကွန်ပျူတာလောကကို ဦးဆောင်နိုင်ဖို့ ကြံရွယ်နေပါတယ်။ Lenovo အနေနဲ့ ကမ္ဘာ့ပထမဦးဆုံး Foldable ကွန်ပျူတာကို ထုတ်လုပ်နေဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ရှေ့ပြေးမော်ဒယ်ကို ပြသလိုက်ပါတယ်။

အဆိုပါ Foldable ကွန်ပျူတာဟာ ၁၃.၃လက်မ အရွယ်အစားရှိတဲ့ LG ရဲ့ OLED Display ကို အသုံးပြုထားတာဖြစ်ပြီး 4:3 Aspect Ratio ကို 2K ( 1080 x 2048 pixels ) Resolution နဲ့ ဖြစ်တယ်လို့ သိရပါတယ်။ Lenovo Foldable ကွန်ပျူတာရဲ့ Display က Huawei Mate X လိုမျိူး အပြင်ဘက်ကို ချိူးခေါက်ရတာ မဟုတ်ဘဲ Samsung Galaxy Fold လိုမျိူး အတွင်းဘက်ကို ခေါက်သိမ်းရတာဖြစ်တဲ့အတွက် အိတ်ထဲထည့်တဲ့အခါမျိူးတွေမှာ Display ကို ပွန်းရာခြစ်ရာတွေ ထင်မှာ စိုးရိမ်စရာမလိုတော့ပါဘူး။

Lenovo Foldable ကွန်ပျူတာရဲ့ ရှေ့ပြေးမော်ဒယ်ကို စမ်းသပ်အသုံးပြုခဲ့ဖူးသူ တစ်ယောက်ကတော့ Display က မှိန်နေတဲ့အပြင် Viewing Angles တွေကလည်း အားရစရာ မကောင်းဘူးဆိုပြီး သူရဲ့ အမြင်ကို ပြန်လည် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ကွန်ပျူတာဟာ ရှေ့ပြေးစမ်းသပ်မော်ဒယ် ဖြစ်ပြီး Hardware ပိုင်း အချောမသတ်ရသေးတာကြောင့် အခုလိုမျိူး လိုအပ်ချက်တွေ ရှိနေတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးဗားရှင်း တကယ်ထွက်လာတဲ့ အခါမှာလည်း Microsoft ရဲ့ Windows OS ကို အသုံးပြုမထားဘူးလို့ သိရပါတယ်။ Lenovo ကတော့ သူတို့ရဲ့ ပထမဦးဆုံး Foldable ကွန်ပျူတာကို လာမယ့်နှစ် ၂၀၂၀မှာ တရားဝင် မိတ်ဆက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

အဆိုပါ ကွန်ပျူတာမှာ Intel Processor ကို အသုံးပြုထားပြီး Cellular Data နဲ့အတူ တနေကုန် အသုံးပြုနိုင်မယ့် ဘက်ထရီလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Wacom Pen နဲ့ သီးသန့်ပြုလုပ်ထားမယ့် Keyboard တွေကိုလည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ Lenovo ကတော့ Galaxy Fold လိုမျိူး ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ မတွေ့ရလေအောင် အာရုံစိုက်ပြီး လုပ်နေကြောင်း The Verge ကို ပြောကြားသွားပါတယ်။

Ref : Android Authority