Lenovo ရဲ့ စွမ်းရည်မြင့် လက်ပ်တော့ လိုချင်ရင် ThinkPad Series တွေကို ရွေးချယ်နိုင်ပြီး Gamers တွေအတွက်တော့ Legion Series တွေက မိုက်ပါတယ်။ ဒါ့အပြင် Lenovo က ဈေးချိုပြီး စွမ်းရည်လန်းတဲ့ IdeaPad Series တွေကိုလည်း ရောင်းချပေးနေပါတယ်။ အခုလည်း Lenovo က AMD ရဲ့ နောက်ဆုံးထုတ် Ryzen Processor ပါတဲ့ IdeaPad 5 ကို မိတ်ဆက်လိုက်ပါတယ်။

IdeaPad 5 မှာ AMD ရဲ့ နောက်ဆုံးထုတ် Ryzen 4000 Series Chips ထည့်သွင်းထားပြီး ဈေးအရမ်း မကြီးပါဘူး။ AMD ရဲ့ နောက်ဆုံးထုတ် Ryzen Processors တွေဟာ စွမ်းရည်မြင့်မားကြပါတယ်။ IdeaPad 5 မှာ 1TB Storage နဲ့ 16GB RAM အထိ ရွေးချယ်နိုင်ပါတယ်။

၁၅ လက်မ IPS Anti-glare မျက်နှာပြင် တပ်ဆင်ထားပြီး FHD Resolution ရှိပါတယ်။ အမြင့်ဆုံး Brightness အနေနဲ့ 300 nits ထောက်ပံ့ပြီး Touchscreen Version မှာ 250 nits Brightness ပါပါတယ်။ Webcam Privacy Shutter ၊ USB-C Port ၊ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ Quick Charge နဲ့ ၁၅ နာရီ သက်တမ်း ရှိတဲ့ ဘက်ထရီ ပါလာပါတယ်။

Windows 10 Home မောင်းနှင်ထားပြီး အားအပြည့်သွင်းဖို့ ၃ နာရီနဲ့ ၁၅ မိနစ်ကြာပါတယ်။ Platinum Grey , Granite Grey နဲ့ Light Teal အရောင်တွေ ရွေးချယ်နိုင်ပြီး အမေရိကန်နဲ့ ဗြိတိန်က Lenovo ရဲ့ ဝက်ဘ်ဆိုက်တွေကနေ ရောင်းပေးနေပါပြီ။ 8GB RAM Version ကို ၆၉၀ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်း ၈ သောင်းလောက် ရှိပါတယ်။

Ref : gizmochina