Zawgyi

IFA 2019 ပြဲမတုိင္ခင္မွာပဲ Lenovo ကေတာ့ သူတုိ႔ရဲ႕ ေစ်းခ်ဳိတက္ဘလက္ထုတ္ကုန္သစ္ႏွစ္ခုျဖစ္တဲ့ Tab M7 နဲ႔ Tab M8 တုိ႔ကို မိတ္ဆက္လုိက္ပါတယ္။ ႏွစ္ခုစလုံးက မာလ္တီမီဒီယာအသားေပး စက္ပစၥည္းေတြျဖစ္ၿပီး Lenovo ရဲ႕ ကေလးငယ္ေတြအတြက္ သုံးစြဲရလြယ္ကူေအာင္ အထူးျပဳလုပ္ထားတဲ့ Kid’s Mode လည္း ပါဝင္ပါတယ္။

ေအာက္တုိဘာလမွာ စတင္ေရာင္းခ်လာမယ့္ Tablet ႏွစ္ခုဟာ ယခင္မ်ဳိးဆက္ေတြထက္ သိသာစြာ ေသးငယ္ပါးလႊာတဲ့ Bezel ေဘာင္ေတြပါဝင္လာၿပီး LTE ေကာ္နက္ရွင္ဆက္သြယ္ႏုိင္စြမ္းကိုလည္း ေရြးခ်ယ္ႏုိင္လာပါတယ္။

Lenovo Tab M8


ပုိႀကီးတဲ့ Tab M8 မွာ 8” လက္မအရြယ္ IPS Display ပါဝင္ၿပီး Resolution ကေတာ့ HD နဲ႔ FHD ႏွစ္မ်ဳိးလုံး ေရြးခ်ယ္ႏုိင္တယ္။ အတြင္းမွာ Helio A22 ခ်စ္ပ္ဆက္ကို 2GB သို႔မဟုတ္ 3GB RAM နဲ႔တြဲသုံးရမွာ ျဖစ္ကာ Storage ကလည္း 16 / 32GB ဆုိၿပီး ႏွစ္မ်ဳိးေရြးႏုိင္ပါတယ္။ Selfie အတြက္ 2MP ကင္မရာတစ္လုံးနဲ႔ ေနာက္ဘက္မွာ 5MP အဓိကကင္မရာတစ္လုံး ပါဝင္တယ္။

Software ပိုင္းမွာ Stock ဗားရွင္းနီးပါး Android 9 Pie ကိုအသုံးျပဳရမွာျဖစ္ၿပီး 5,000 mAh ဘကၳရီႀကီးေၾကာင့္ ဗီဒီယုိၾကည့္မယ္ဆုိရင္ ၁၂ နာရီနီးပါးခံမွာျဖစ္ၿပီး အင္တာနက္အသုံးျပဳရင္ေတာ့ ၁၈ နာရီထိ ခံႏုိင္ရည္ရွိမယ္လို႔ ဆုိပါတယ္။ Tab M8 ရဲ႕ HD Display ဗားရွင္းကို ေဒၚလာ ၁၅၄ (ျမန္မာေငြ ႏွစ္သိန္းသုံးေသာင္းေက်ာ္) မွစတင္သတ္မွတ္ထားၿပီး FHD ဗားရွင္းရဲ႕ အေျခခံေမာ္ဒယ္ကို ေဒၚလာ ၁၇၅ (ျမန္မာေငြ ႏွစ္သိန္းေျခာက္ေသာင္းေက်ာ္) သတ္မွတ္ထားပါတယ္။

Lenovo Tab M7


Tab M7 ကေတာ့ ႏွစ္ခုထဲမွာ အနည္းငယ္ပိုေသးၿပီး 7” လက္မအရြယ္ 1024x600p IPS Display တစ္ခု ပါပါတယ္။ ဒီဇုိင္းပုိင္းကေတာ့ M8 နဲ႔အတူတူပါပဲ။ သူ႕မွာ 2MP Selfie ကင္မရာနဲ႔ 2MP ေက်ာဘက္ ကင္မရာတုိ႔ ပါဝင္တယ္။ Wi-fi ဗားရွင္း Tab M7 မွာ MediaTek MT8321 ခ်စ္ပ္ကို အသုံးျပဳလာကာ LTE ဗားရွင္းမွာေတာ့ MediaTek MT8765B နဲ႔အသုံးျပဳရမွာျဖစ္ပါတယ္။ မန္မုိရီပုိင္းမွာလည္း M8 ထက္နိမ့္ၿပီး 1/2GB RAM နဲ႔ 16/32GB Storage ေမာ္ဒယ္ေတြသာ ထြက္ရွိမွာပါ။

သူ႕ရဲ႕ဆြဲေဆာင္မႈက ေဒၚလာ ၁၁၀ ကေန စတင္တဲ့ အလြန္ခ်ဳိသာတဲ့ေစ်းႏႈန္းျဖစ္ပါတယ္။ Android 9 Pie ရဲ႕ Go Edition ထည့္သြင္းလာၿပီး ဘကၳရီက 3,450mAh ရွိပါတယ္။ Tab M7 ရဲ႕ေနာက္ထပ္ဆြဲေဆာင္မႈအျဖစ္ Iron Grey, Platinum Grey နဲ႔ Onyx Black ဆုိၿပီး အေရာင္သုံးမ်ဳိးနဲ႔ ထြက္လာမွာပါ။

Ref – GSM Arena

Unicode

IFA 2019 ပွဲမတိုင်ခင်မှာပဲ Lenovo ကတော့ သူတို့ရဲ့ ဈေးချိုတက်ဘလက်ထုတ်ကုန်သစ်နှစ်ခုဖြစ်တဲ့ Tab M7 နဲ့ Tab M8 တို့ကို မိတ်ဆက်လိုက်ပါတယ်။ နှစ်ခုစလုံးက မာလ်တီမီဒီယာအသားပေး စက်ပစ္စည်းတွေဖြစ်ပြီး Lenovo ရဲ့ ကလေးငယ်တွေအတွက် သုံးစွဲရလွယ်ကူအောင် အထူးပြုလုပ်ထားတဲ့ Kid’s Mode လည်း ပါဝင်ပါတယ်။

အောက်တိုဘာလမှာ စတင်ရောင်းချလာမယ့် Tablet နှစ်ခုဟာ ယခင်မျိုးဆက်တွေထက် သိသာစွာ သေးငယ်ပါးလွှာတဲ့ Bezel ဘောင်တွေပါဝင်လာပြီး LTE ကော်နက်ရှင်ဆက်သွယ်နိုင်စွမ်းကိုလည်း ရွေးချယ်နိုင်လာပါတယ်။

Lenovo Tab M8


ပိုကြီးတဲ့ Tab M8 မှာ 8” လက်မအရွယ် IPS Display ပါဝင်ပြီး Resolution ကတော့ HD နဲ့ FHD နှစ်မျိုးလုံး ရွေးချယ်နိုင်တယ်။ အတွင်းမှာ Helio A22 ချစ်ပ်ဆက်ကို 2GB သို့မဟုတ် 3GB RAM နဲ့တွဲသုံးရမှာ ဖြစ်ကာ Storage ကလည်း 16 / 32GB ဆိုပြီး နှစ်မျိုးရွေးနိုင်ပါတယ်။ Selfie အတွက် 2MP ကင်မရာတစ်လုံးနဲ့ နောက်ဘက်မှာ 5MP အဓိကကင်မရာတစ်လုံး ပါဝင်တယ်။

Software ပိုင်းမှာ Stock ဗားရှင်းနီးပါး Android 9 Pie ကိုအသုံးပြုရမှာဖြစ်ပြီး 5,000 mAh ဘက္ထရီကြီးကြောင့် ဗီဒီယိုကြည့်မယ်ဆိုရင် ၁၂ နာရီနီးပါးခံမှာဖြစ်ပြီး အင်တာနက်အသုံးပြုရင်တော့ ၁၈ နာရီထိ ခံနိုင်ရည်ရှိမယ်လို့ ဆိုပါတယ်။ Tab M8 ရဲ့ HD Display ဗားရှင်းကို ဒေါ်လာ ၁၅၄ (မြန်မာငွေ နှစ်သိန်းသုံးသောင်းကျော်) မှစတင်သတ်မှတ်ထားပြီး FHD ဗားရှင်းရဲ့ အခြေခံမော်ဒယ်ကို ဒေါ်လာ ၁၇၅ (မြန်မာငွေ နှစ်သိန်းခြောက်သောင်းကျော်) သတ်မှတ်ထားပါတယ်။

Lenovo Tab M7


Tab M7 ကတော့ နှစ်ခုထဲမှာ အနည်းငယ်ပိုသေးပြီး 7” လက်မအရွယ် 1024x600p IPS Display တစ်ခု ပါပါတယ်။ ဒီဇိုင်းပိုင်းကတော့ M8 နဲ့အတူတူပါပဲ။ သူ့မှာ 2MP Selfie ကင်မရာနဲ့ 2MP ကျောဘက် ကင်မရာတို့ ပါဝင်တယ်။ Wi-fi ဗားရှင်း Tab M7 မှာ MediaTek MT8321 ချစ်ပ်ကို အသုံးပြုလာကာ LTE ဗားရှင်းမှာတော့ MediaTek MT8765B နဲ့အသုံးပြုရမှာဖြစ်ပါတယ်။ မန်မိုရီပိုင်းမှာလည်း M8 ထက်နိမ့်ပြီး 1/2GB RAM နဲ့ 16/32GB Storage မော်ဒယ်တွေသာ ထွက်ရှိမှာပါ။

သူ့ရဲ့ဆွဲဆောင်မှုက ဒေါ်လာ ၁၁၀ ကနေ စတင်တဲ့ အလွန်ချိုသာတဲ့ဈေးနှုန်းဖြစ်ပါတယ်။ Android 9 Pie ရဲ့ Go Edition ထည့်သွင်းလာပြီး ဘက္ထရီက 3,450mAh ရှိပါတယ်။ Tab M7 ရဲ့နောက်ထပ်ဆွဲဆောင်မှုအဖြစ် Iron Grey, Platinum Grey နဲ့ Onyx Black ဆိုပြီး အရောင်သုံးမျိုးနဲ့ ထွက်လာမှာပါ။

Ref – GSM Arena