Zawgyi

Android Enterprise Directory ေပၚမွာ ထြက္ေပၚလာတဲ့ စာရင္းတစ္ခုေၾကာင့္ မၾကာခင္ထြက္ရွိလာမယ့္ Lenovo K10 စမတ္ဖုန္းသစ္မွာ ဘာေတြျမင္ရမလဲဆိုတာကို သိခြင့္ရလာခဲ့ပါတယ္။ အဆုိပါ Specs ေတြဟာ ၂၀၁၉ ခုႏွစ္အတြင္းမွာ ထြက္ရွိမယ့္ ဘတ္ဂ်က္ဖုန္းတစ္လုံးအတြက္ သိပ္ၿပီးထူးထူးျခားျခားမရွိလွေပမယ့္ Entry-level ေတြထဲမွာ ယွဥ္ၿပိဳင္မႈျမင့္မားေစမယ့္ ေစ်းႏႈန္းကို သတ္မွတ္လာမယ္လို႔ေတာ့ ယူဆရပါတယ္။

AED ရဲ႕စာရင္းထဲမွာေဖာ္ျပထားတာအရ Lenovo K10 စမတ္ဖုန္းမွာ 6.1” လက္မအရြယ္ Display တစ္ခု ပါဝင္ၿပီး Selfie ကင္မရာအတြက္ Notch တစ္ခုကိုလည္း ျမင္ေတြ႕ရပါတယ္။ မန္မုိရီပုိင္းမွာ 2GB RAM နဲ႔ 32GB Storage တုိ႔ကိုေတြ႕ရမွာျဖစ္ၿပီး ခ်စ္ပ္ဆက္ကိုေတာ့ မသိရေသးပါဘူး။

K10 စမတ္ဖုန္းမွာ သူ႕ရဲ႕ညီေနာင္ K10 Note လိုပဲ Fingerprint ကို ေနာက္ဘက္မွာထည့္သြင္းလာမယ္လို႔ ယူဆရပါတယ္။ စက္ႏွင္စနစ္ကေတာ့ Android 9 Pie နဲ႔ပြဲထြက္လာမွာပါ။ အခုလိုျမင္ေတြ႕လာရတာေၾကာင့္ Lenovo K10 ဟန္းဆက္နဲ႔ပတ္သက္တဲ့ တရားဝင္ေၾကညာခ်က္ေတြကို မၾကာခင္ရက္ပုိင္းအတြင္း ျမင္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Lenovo K10 Note

Lenovo K10 Note ကိုေတာ့ အခုလအေစာပိုင္းမွာ Z6 Pro နဲ႔ A6 Note တုိ႔နဲ႔အတူ မိတ္ဆက္ခဲ့ၿပီးျဖစ္ကာ 4/64GB ဗားရွင္းအတြက္ ရူပီး ၁၃၉၉၉ (ျမန္မာေငြသုံးသိန္းခန္႔) က်သင့္ၿပီး 6/128GB ဗားရွင္းကေတာ့ ရူပီး ၁၅၉၉၉ (ျမန္မာေငြသုံးသိန္းခြဲနီးပါး) သတ္မွတ္ထားခဲ့ပါတယ္။ K10 Note ေမာ္ဒယ္မွာ 6.3” လက္မအရြယ္ FullHD+ Display နဲ႔အတူ Snapdragon 710 ခ်စ္ပ္ဆက္၊ 16MP Selfie ကင္မရာနဲ႔ ေက်ာဘက္မွာ Triple ကင္မရာတုိ႔ပါဝင္ခဲ့ပါတယ္။

Ref – GSM Arena

Unicode

Android Enterprise Directory ပေါ်မှာ ထွက်ပေါ်လာတဲ့ စာရင်းတစ်ခုကြောင့် မကြာခင်ထွက်ရှိလာမယ့် Lenovo K10 စမတ်ဖုန်းသစ်မှာ ဘာတွေမြင်ရမလဲဆိုတာကို သိခွင့်ရလာခဲ့ပါတယ်။ အဆိုပါ Specs တွေဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ ထွက်ရှိမယ့် ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် သိပ်ပြီးထူးထူးခြားခြားမရှိလှပေမယ့် Entry-level တွေထဲမှာ ယှဉ်ပြိုင်မှုမြင့်မားစေမယ့် ဈေးနှုန်းကို သတ်မှတ်လာမယ်လို့တော့ ယူဆရပါတယ်။

AED ရဲ့စာရင်းထဲမှာဖော်ပြထားတာအရ Lenovo K10 စမတ်ဖုန်းမှာ 6.1” လက်မအရွယ် Display တစ်ခု ပါဝင်ပြီး Selfie ကင်မရာအတွက် Notch တစ်ခုကိုလည်း မြင်တွေ့ရပါတယ်။ မန်မိုရီပိုင်းမှာ 2GB RAM နဲ့ 32GB Storage တို့ကိုတွေ့ရမှာဖြစ်ပြီး ချစ်ပ်ဆက်ကိုတော့ မသိရသေးပါဘူး။

K10 စမတ်ဖုန်းမှာ သူ့ရဲ့ညီနောင် K10 Note လိုပဲ Fingerprint ကို နောက်ဘက်မှာထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။ စက်နှင်စနစ်ကတော့ Android 9 Pie နဲ့ပွဲထွက်လာမှာပါ။ အခုလိုမြင်တွေ့လာရတာကြောင့် Lenovo K10 ဟန်းဆက်နဲ့ပတ်သက်တဲ့ တရားဝင်ကြေညာချက်တွေကို မကြာခင်ရက်ပိုင်းအတွင်း မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

Lenovo K10 Note

Lenovo K10 Note ကိုတော့ အခုလအစောပိုင်းမှာ Z6 Pro နဲ့ A6 Note တို့နဲ့အတူ မိတ်ဆက်ခဲ့ပြီးဖြစ်ကာ 4/64GB ဗားရှင်းအတွက် ရူပီး ၁၃၉၉၉ (မြန်မာငွေသုံးသိန်းခန့်) ကျသင့်ပြီး 6/128GB ဗားရှင်းကတော့ ရူပီး ၁၅၉၉၉ (မြန်မာငွေသုံးသိန်းခွဲနီးပါး) သတ်မှတ်ထားခဲ့ပါတယ်။ K10 Note မော်ဒယ်မှာ 6.3” လက်မအရွယ် FullHD+ Display နဲ့အတူ Snapdragon 710 ချစ်ပ်ဆက်၊ 16MP Selfie ကင်မရာနဲ့ ကျောဘက်မှာ Triple ကင်မရာတို့ပါဝင်ခဲ့ပါတယ်။

Ref – GSM Arena