[Zawgyi]

Lenovo ဟာ လာမယ့္စက္တင္ဘာလ ၅ ရက္ေန႔မွာ အိႏၵိယႏိုင္ငံေဈးကြက္အတြက္ Note Series စမတ္ဖုန္းေတြကို ျဖန႔္ခ်ိေတာ့မွာ ျဖစ္ပါတယ္။ ဒီအတြက္ ၿပီးခဲ့တဲ့တစ္ပတ္ကတည္းက မီဒီယာေတြကို ဖိတ္စာေတြ ေဝခဲ့ၿပီးၿပီလို႔လည္း သိရပါတယ္။

ၾသဂုတ္လရဲ႕ ေနာက္ဆုံးရက္ကိုေရာက္ခ်ိန္မွာေတာ့ မိတ္ဆက္ပြဲမွာ K10 Note အျပင္ A6 Note ကိုလည္း တစ္ပါတည္းမိတ္ဆက္သြားမွာျဖစ္တဲ့အေၾကာင္း ကုမၸဏီကလည္း အတည္ျပဳေပးခဲ့ပါတယ္။ Lenovo ဟာ K9 ကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလတုန္းက ျဖန႔္ခ်ိခဲ့တာ ျဖစ္ပါတယ္။

Lenovo ရဲ႕ K10 Note ဟာ ၿပီးခဲ့တဲ့ ဧၿပီတုန္းက မိတ္ဆက္သြားခဲ့တဲ့ Z6 Pro လိုပဲ Snapdragon 855 ကို အသုံးျပဳထားဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ K10 Note ဟာ ေက်ာဘက္ကင္မရာသုံးလံုးနဲ႔ျဖစ္မယ္လို႔ သိရပါတယ္။ Fingerprint ကေတာ့ In-Display မဟုတ္ဘဲ ေက်ာဘက္မွာပဲ တပ္ဆင္ေပးထားမယ္လို႔ ဆိုပါတယ္။ K10 Note ဟာ အေရာင္အားျဖင့္ အနက္နဲ႔ အစိမ္းေရာင္ ႏွစ္မ်ိဳးကို ေ႐ြးခ်ယ္ႏိုင္မယ္လို႔လည္း သိထားရပါတယ္။

အျခားတစ္မ်ိဳးျဖစ္တဲ့ A6 Note ကေတာ့ ေက်ာဘက္ကင္မရာ ႏွစ္လုံးသာတပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ Fingerprint scanner ကလည္း ေက်ာဘက္မွာ ရွိေနတာကို ေတြ႕ရပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္ကေတာ့ Notch နဲ႔ျဖစ္ၿပီး Android Enterprise listing ကေဖာ္ျပထားတဲ့ မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ 6.1-inch ျဖစ္ပါတယ္။

A6 Note ဟာ Android Pie နဲ႔ျဖစ္ၿပီး 2GB of RAM နဲ႔ သိုေလွာင္မႈပမာဏအျဖစ္ 32GB လို႔သိရပါတယ္။ အကယ္၍ Geekbench မွာေတြ႕ရတာသာ အမွန္ျဖစ္မယ္ဆိုရင္ A6 Note ဟာ Helio P22 SoC နဲ႔ ထြက္ရွိလာမွာျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Lenovo K10 Note နဲ့ A6 Note တို့ကို စက်တင်ဘာ ၅ ရက်နေ့မှာ မိတ်ဆက်တော့မယ်

Lenovo ဟာ လာမယ့်စက်တင်ဘာလ ၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံဈေးကွက်အတွက် Note Series စမတ်ဖုန်းတွေကို ဖြန့်ချိတော့မယ့်အတွက် မိတ်ဆက်ပွဲကျင်းပမှာ ဖြစ်ပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့တစ်ပတ်ကတည်းက မီဒီယာတွေကို ဖိတ်စာတွေ ဝေခဲ့ပြီးပြီလို့လည်း သိရပါတယ်။

သြဂုတ်လရဲ့ နောက်ဆုံးရက်ကိုရောက်ချိန်မှာတော့ မိတ်ဆက်ပွဲမှာ K10 Note အပြင် A6 Note ကိုလည်း တစ်ပါတည်းမိတ်ဆက်သွားမှာဖြစ်တဲ့အကြောင်း ကုမ္ပဏီကလည်း အတည်ပြုပေးခဲ့ပါတယ်။ Lenovo ဟာ K9 ကိုတော့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

Lenovo ရဲ့ K10 Note ဟာ ပြီးခဲ့တဲ့ ဧပြီတုန်းက မိတ်ဆက်သွားခဲ့တဲ့ Z6 Pro လိုပဲ Snapdragon 855 ကို အသုံးပြုထားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် K10 Note ဟာ ကျောဘက်ကင်မရာသုံးလုံးနဲ့ဖြစ်မယ်လို့ သိရပါတယ်။ Fingerprint ကတော့ In-Display မဟုတ်ဘဲ ကျောဘက်မှာပဲ တပ်ဆင်ပေးထားမယ်လို့ ဆိုပါတယ်။ K10 Note ဟာ အရောင်အားဖြင့် အနက်နဲ့ အစိမ်းရောင် နှစ်မျိုးကို ရွေးချယ်နိုင်မယ်လို့လည်း သိထားရပါတယ်။

အခြားတစ်မျိုးဖြစ်တဲ့ A6 Note ကတော့ ကျောဘက်ကင်မရာ နှစ်လုံးသာတပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ Fingerprint scanner ကလည်း ကျောဘက်မှာ ရှိနေတာကို တွေ့ရပါတယ်။ အရှေ့ဘက်မျက်နှာပြင်ကတော့ Notch နဲ့ဖြစ်ပြီး Android Enterprise listing ကဖော်ပြထားတဲ့ မျက်နှာပြင်အရွယ်အစားကတော့ 6.1-inch ဖြစ်ပါတယ်။

A6 Note ဟာ Android Pie နဲ့ဖြစ်ပြီး 2GB of RAM နဲ့ သိုလှောင်မှုပမာဏအဖြစ် 32GB လို့သိရပါတယ်။ အကယ်၍ Geekbench မှာတွေ့ရတာသာ အမှန်ဖြစ်မယ်ဆိုရင် A6 Note ဟာ Helio P22 SoC နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

Ref: GSM Arena