[Zawgyi]

Lenovo က ဒီလ အေစာပိုင္းမွာ K10 Note ကို မိတ္ဆက္ခဲ့ၿပီး လာမယ့္ ၂၂ ရက္ေန႔မွာေတာ့ K10 Plus ကို ျပသေတာ့မွာ ျဖစ္ပါတယ္။ K10 Plus ကို အိႏၵိယမွာ အေစာဆံုး မိတ္ဆက္မွာ ျဖစ္ၿပီး Flipkart ကေန ေရာင္းခ်မွာပါ။ Lenovo က K10 Plus ရဲ႕ သတင္းအခ်က္အလက္ေတြကို မေျပာေသးပါဘူး။ ဒါေပမယ့္ Flipkart ရဲ႕ အြန္လိုင္းစတိုးမွာ အဲဒီ စမတ္ဖုန္းကို စာရင္းတင္ထားၿပီး Specs နဲ႔ ဓါတ္ပံုကို ျပသထားပါတယ္။

Lenovo K10 Plus မွာ ၆.၂၂ လက္မ HD+ Display ထည့္သြင္းထားၿပီး Waterdrop Notch မွာ 16MP Selfie Camera တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ 13MP+5MP+8MP Triple Rear Cameras ေတြကို ဘယ္ဘက္အေပၚေထာင့္မွာ ေဒါင္လိုက္တပ္ဆင္ထားပါတယ္။

Lenovo K10 Plus မွာ Qualcomm Snapdragon 632 Chipset ေမာင္းႏွင္ထားပါတယ္။ 4GB RAM နဲ႔ 64GB Internal Storage ထည့္သြင္းထားပါတယ္။ Quick Charge ပါတဲ့ 4,050mAh Battery ပါပါတယ္။ Flipkart ရဲ႕ အြန္လိုင္းစတိုးမွာ Lenovo K10 Plus ဟာ Big Billion Days Special Item အေနနဲ႔ ေဖာ္ျပထားတဲ့အတြက္ စက္တင္ဘာလ ၂၉ ရက္မွာ စတင္ ေရာင္းခ်ေပးႏုိင္ပါတယ္။ လာမယ့္ တနဂၤေႏြေန႔မွာ အဲဒီ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို တရား၀င္ သိရေတာ့မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Triple Cameras ပါတဲ့ Lenovo K10 Plus ကို ဒီလ ၂၂ ရက်နေ့မှာ ကြေညာမည်

Lenovo က ဒီလ အစောပိုင်းမှာ K10 Note ကို မိတ်ဆက်ခဲ့ပြီး လာမယ့် ၂၂ ရက်နေ့မှာတော့ K10 Plus ကို ပြသတော့မှာ ဖြစ်ပါတယ်။ K10 Plus ကို အိန္ဒိယမှာ အစောဆုံး မိတ်ဆက်မှာ ဖြစ်ပြီး Flipkart ကနေ ရောင်းချမှာပါ။ Lenovo က K10 Plus ရဲ့ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ဒါပေမယ့် Flipkart ရဲ့ အွန်လိုင်းစတိုးမှာ အဲဒီ စမတ်ဖုန်းကို စာရင်းတင်ထားပြီး Specs နဲ့ ဓါတ်ပုံကို ပြသထားပါတယ်။

Lenovo K10 Plus မှာ ၆.၂၂ လက်မ HD+ Display ထည့်သွင်းထားပြီး Waterdrop Notch မှာ 16MP Selfie Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ 13MP+5MP+8MP Triple Rear Cameras တွေကို ဘယ်ဘက်အပေါ်ထောင့်မှာ ဒေါင်လိုက်တပ်ဆင်ထားပါတယ်။

Lenovo K10 Plus မှာ Qualcomm Snapdragon 632 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM နဲ့ 64GB Internal Storage ထည့်သွင်းထားပါတယ်။ Quick Charge ပါတဲ့ 4,050mAh Battery ပါပါတယ်။ Flipkart ရဲ့ အွန်လိုင်းစတိုးမှာ Lenovo K10 Plus ဟာ Big Billion Days Special Item အနေနဲ့ ဖော်ပြထားတဲ့အတွက် စက်တင်ဘာလ ၂၉ ရက်မှာ စတင် ရောင်းချပေးနိုင်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို တရားဝင် သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena