Zawgyi

Lenovo ဟာ အခုလအေစာပုိင္းမွာ K10 Note ဟန္းဆက္ကို ေၾကညာမိတ္ဆက္ခဲ့ၿပီး ယခုအခါ ေနာက္ထပ္ K စီးရီး ျဖစ္တဲ့ K10 Plus စမတ္ဖုန္းကိုပါ တစ္လတည္းမွာ ထပ္မံမိတ္ဆက္လာခဲ့ပါတယ္။

Lenovo K10 Plus ရဲ႕ေရွ႕ဘက္မွာ 6.22” လက္မ 19:9 HD+ Display တစ္ခုပါဝင္ၿပီး Waterdrop Notch ေလးထဲမွာေတာ့ 16MP ဆယ္ဖီကင္မရာတစ္လုံးကို ထည့္သြင္းထားပါတယ္။ ေနာက္ဘက္မွာေတာ့ Triple-camera နဲ႔အတူ Fingerprint ေလးကိုပါ တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ Triple-cam မွာေတာ့ 13MP အဓိက Sensor တစ္ခု၊ 8MP Ultra-wide နဲ႔ 5MP Depth Sensor တုိ႔ပါဝင္ပါတယ္။

အတြင္းပိုင္းမွာ Lenovo K10 Plus ဟာ Snapdragon 632 ခ်စ္ပ္ဆက္ကို 4GB RAM နဲ႔တြဲဖက္ထားၿပီး 64GB Storage ျဖစ္ပါတယ္။ Android Pie ကိုပဲ အေျခခံထားတဲ့ ZUI 11 နဲ႔အသုံးျပဳရမွာပါ။ MicroSD Slot လညး္ပါဝင္ၿပီး ေခတ္နဲ႔ ယွဥ္ရင္ အနည္းငယ္နိမ့္ေနတဲ့ Storage ကို 2TB Storage အထိ ထပ္ျမွင့္ႏုိင္တယ္ဆုိတဲ့အခ်က္နဲ႔ ျပန္ကာထားပါတယ္။

Lenovo K10 Plus ဖုန္းဟာ Black, Sprite ကာလာႏွစ္မ်ဳိးနဲ႔ လာမွာျဖစ္ၿပီး 4,050 mAh ဘကၳရီမွာ Fast Charging စနစ္ပါဝင္မွာပါ။ စက္တင္ဘာ ၃၀ ရက္ေန႔မွာ အိႏၵိယေစ်းကြက္ကို စတင္ထုိးေဖာက္လာမယ့္ K10 Plus ရဲ႕တန္ဖိုးက ရူပီး ၁၀၉၉၉ (ျမန္မာေငြ ၂ သိန္း ၄ ေသာင္းခန္႔) သာရွိပါတယ္။

Ref – GSM Arena

Unicode

Lenovo ဟာ အခုလအစောပိုင်းမှာ K10 Note ဟန်းဆက်ကို ကြေညာမိတ်ဆက်ခဲ့ပြီး ယခုအခါ နောက်ထပ် K စီးရီး ဖြစ်တဲ့ K10 Plus စမတ်ဖုန်းကိုပါ တစ်လတည်းမှာ ထပ်မံမိတ်ဆက်လာခဲ့ပါတယ်။

Lenovo K10 Plus ရဲ့ရှေ့ဘက်မှာ 6.22” လက်မ 19:9 HD+ Display တစ်ခုပါဝင်ပြီး Waterdrop Notch လေးထဲမှာတော့ 16MP ဆယ်ဖီကင်မရာတစ်လုံးကို ထည့်သွင်းထားပါတယ်။ နောက်ဘက်မှာတော့ Triple-camera နဲ့အတူ Fingerprint လေးကိုပါ တပ်ဆင်ထားတာ တွေ့ရပါတယ်။ Triple-cam မှာတော့ 13MP အဓိက Sensor တစ်ခု၊ 8MP Ultra-wide နဲ့ 5MP Depth Sensor တို့ပါဝင်ပါတယ်။

အတွင်းပိုင်းမှာ Lenovo K10 Plus ဟာ Snapdragon 632 ချစ်ပ်ဆက်ကို 4GB RAM နဲ့တွဲဖက်ထားပြီး 64GB Storage ဖြစ်ပါတယ်။ Android Pie ကိုပဲ အခြေခံထားတဲ့ ZUI 11 နဲ့အသုံးပြုရမှာပါ။ MicroSD Slot လည်းပါဝင်ပြီး ခေတ်နဲ့ ယှဉ်ရင် အနည်းငယ်နိမ့်နေတဲ့ Storage ကို 2TB Storage အထိ ထပ်မြှင့်နိုင်တယ်ဆိုတဲ့အချက်နဲ့ ပြန်ကာထားပါတယ်။

Lenovo K10 Plus ဖုန်းဟာ Black, Sprite ကာလာနှစ်မျိုးနဲ့ လာမှာဖြစ်ပြီး 4,050 mAh ဘက္ထရီမှာ Fast Charging စနစ်ပါဝင်မှာပါ။ စက်တင်ဘာ ၃၀ ရက်နေ့မှာ အိန္ဒိယဈေးကွက်ကို စတင်ထိုးဖောက်လာမယ့် K10 Plus ရဲ့တန်ဖိုးက ရူပီး ၁၀၉၉၉ (မြန်မာငွေ ၂ သိန်း ၄ သောင်းခန့်) သာရှိပါတယ်။

Ref – GSM Arena