Lenovo က တရုတ်မှာ K12 စမတ်ဖုန်းတွေကို ဒီလ ၉ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီပွဲမှာ Lenovo ဖုန်းများစွာကို ချပြမယ်လို့ ထင်ရပါတယ်။ အရင်သတင်းတွေအရ Lenovo Lemon ဖုန်း အသစ်တွေဟာ မကြာခင်က တရုတ် ပြင်ပမှာ ကြေညာထားတဲ့ Moto G နဲ့ E Series တွေကို နာမည်ပြောင်းထားတာလို့ သိရပါတယ်။ အခုတော့ အဲဒီ Lemon ဖုန်းတွေထဲက ၁ လုံးကို Geekbench မှာ တွေ့လာရပြီး မော်ဒယ်နံပါတ်က XT2091-7 ဖြစ်ပါတယ်။

Lenovo-K12-Pro-Geekbench-696x653

အဲဒီ မော်ဒယ်နံပါတ်ကို မကြာခင်က TENAA မှာ တွေ့ခဲ့ရပြီး Specs နဲ့ ဓါတ်ပုံ တချို့ကို သိခဲ့ရပါတယ်။ အဲဒီ ဖုန်းဟာ Moto G9 Power ကို နာမည်ပြောင်းကြေညာမှာ ဖြစ်နိုင်ပါတယ်။ Lenovo K12 Pro or Lenovo Lemon K12 Pro  နာမည်နဲ့ တရုတ်မှာ ရောင်းချနိုင်ပါတယ်။ အဲဒီဖုန်းကို FCC မှာလည်း မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်ပြီး အခုတော့ Geekbench မှာ Snapdragon 662 Chipset နဲ့ 4GB RAM ပါမယ်လို့ ဖော်ပြထားပါတယ်။

The Lenovo K12 Pro is a rebranded Moto G9 Power - Gizchina.com

XT2091-7 မှာ Android 10 OS မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Single-core Test မှာ ၁၅၂၀ မှတ်နဲ့ Multi-core Test မှာ ၅၆၇၄ မှတ် ရထားပါတယ်။ အရင်သတင်းတွေအရ လေးထောင့်ပုံ ကင်မရာတွေတပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာပဲ လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။ Punch Hole မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။

Lenovo K12 Pro မှာ ၆.၈ လက်မ IPS LCD HD+ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး 20W Fast Charging ပါတဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်နိုင်ပြီး အနောက်ဘက်မှာ 64MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်သွင်းထားမှာပါ။

Ref : gizmochina