[Zawgyi]
Lenovo ဟာ K6 Enjoy လို့ ခေါ်တဲ့ မျိုးဆက်သစ် စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ Helio P22 SoC, Waterdrop Notch Display နဲ့ Triple Rear Camera တွေ ပါဝင်တဲ့ Lenovo K6 Enjoy ဟာ တရုတ်ငွေ ၁၃၉၈ ယွမ် (မြန်မာငွေ ၃သိန်း ဝန်းကျင်) ကျသင့်တာကြောင့် Mid-range စမတ်ဖုန်း အမျိုးအစားလို့ ပြောရမှာပါ။
Ref : Gizmochina
[Unicode]
Triple Camera Setup ပါတဲ့ Lenovo K6 Enjoy ကို တရားဝင် မိတ်ဆက်သွားပြီ
Lenovo ဟာ K6 Enjoy လို့ ခေါ်တဲ့ မျိူးဆက်သစ် စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ Helio P22 SoC, Waterdrop Notch Display နဲ့ Triple Rear Camera တွေ ပါဝင်တဲ့ Lenovo K6 Enjoy ဟာ တရုတ်ငွေ ၁၃၉၈ ယွမ် (မြန်မာငွေ ၃သိန်း ဝန်းကျင်) ကျသင့်တာကြောင့် Mid-range စမတ်ဖုန်း အမျိူးအစားလို့ ပြောရမှာပါ။
K6 Enjoy မှာ Resolution 720 x 1520 pixels ရှိတဲ့ 6.22” IPS LCD Display ကို အသုံးပြုပေးထားပါတယ်။ Processor အပိုင်းအတွက် Helio P22 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ကျောဘက် ကင်မရာအပိုင်းအတွက် 12MP Main Camera + 5MP Depth Sensor + 8MP Telephoto Lens တွေကို Triple Camera Setup အနေနဲ့ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင် Waterdrop Notch ထဲမှာတော့ 8MP Camera ကို ထည့်သွင်း တပ်ဆင်ထားမှာပါ။
ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3300mAh ပါဝင်ပြီး USB Type-C ကနေ တစ်ဆင့် 10W အမြန်အားသွင်းစနစ်ကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားသလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။ Android 9 Pie Operating System နဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး ZUK UI နဲ့ ပြန်လည်ဆန်းသစ်ထားပါတယ်။ Lenovo K6 Enjoy ကို အရောင်တွေအနေနဲ့ Black နဲ့ Mirage Blue အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး လောလောဆယ်မှာတော့ တရုတ်နိုင်ငံမှာသာ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။
Ref : Gizmochina