[Zawgyi]
Ref: Gizmochina
[Unicode]
5G စမတ်ဖုန်းအဖြစ် ပွဲထွက်လာဦးမယ့် Lenovo Z6 Pro
Lenovo ဟာ 5G စမတ်ဖုန်းသစ်ကို သိပ်မကြာခင်အချိန်အတောအတွင်း ဖြန့်ချိဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်တွေအထိ ထွက်ခဲ့တဲ့သတင်းတွေက သိပ်ပြီးစိတ်ဝင်စားစရာ မကောင်းပါဘူး။ မော်ဒယ်နံပါတ် L79041 ဟာ နည်းပညာပိုင်းအားဖြင့် 5G device သစ်မဟုတ်ပေမယ့် Lenovo Z6 Pro 5G အမျိုးအစားလို့ ဆိုရပါလိမ့်မယ်။
Lenovo ဟာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရောင်းချဖို့ စီစဉ်ထားတဲ့ Z6 Pro 5G အတွက် Registrations စပြီးလုပ်နေပြီဖြစ်ပါတယ်။ 3C နဲ့ TENAA တို့မှာ 5G အနေနဲ့ ပေါ်ထွက်လာခဲ့တာကိုကြည့်ခြင်းအားဖြင့် ဒါဟာ ကနဦးကတည်းက ကြေညာထားတဲ့ Z6 Pro 5G ဖြစ်မယ်လို့ ခန့်မှန်းနိုင်ခဲ့ပါတယ်။ သေချာအောင် အတည်ပြုဖို့အတွက်က TENAA listing နဲ့ Lenovo ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်က အချက်အလက်တွေနဲ့ တိုက်ကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။
TENAA မှာတွေ့မြင်ရတဲ့ ဟန်းဆက်ပုံစံဟာ Z6 Pro 4G ရဲ့ ပုံစံနဲ့ ဆင်တူနေပါတယ်။ အဓိက အစိတ်အပိုင်း အချက်အလက်အချို့ကလည်း မပါဝင်ဘဲဖြစ်နေပါတယ်။ ဒါပေမယ့် Lenovo ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကတော့ အားလုံးကို ထုတ်ဖော်ပြသထားတာပါ။ ဒါကြောင့် TENAA မှာမြင်တွေ့ရတဲ့ ဟန်းဆက်ဟာ Lenovo Z6 Pro 5G လို့ ဆိုနိုင်ခဲ့တာပါ။
Lenovo Z6 Pro 5G ဟာ 6.39-inch FHD+ (1080 x 2340) OLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Selfie ကင်မရာအတွက် Waterdrop notch ထည့်သွင်းပေးထားပါတယ်။ တရားဝင်ဖော်ပြချက်အရ မျက်နှာပြင်ဟာ Gorilla Glass ဖြစ်ကြောင်းသိရပေမယ့် အဆင့်ဘယ်လောက်လဲဆိုတာကိုတော့ မဖာ်ပြထားတာကြောင့် မသိနိုင်ခဲ့ပါဘူး။
Snapdragon 855 Processor ကို အသုံးပြုထားပြီး 8GB of RAM နဲ့တွဲဖက်ပေးထားသလို သိုလှောင်မှု ပမာဏ 256GB ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ TENAA listing မှာတော့ 6GB + 128GB နဲ့ 12GB + 512GB ဆိုပြီး အမျိုးအစား နှစ်မျိုးကို တွေ့မြင်ရပါတယ်။ Selfie ကင်မရာက 32MP ဖြစ်ပြီး၊ ကျောဘက်ကင်မရာ လေးလုံးအနက် အဓိကကင်မရာက 48MP ဖြစ်ပါတယ်။ 16MP super-wide-angle, 8MP telephoto နဲ့ 2MP OIS နဲ့ Super video camera တို့ကို တွဲဖက်ပေးထားပါတယ်။
ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပြီး 27W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ USB Type-C လည်း ပါဝင်မှာဖြစ်ပေမယ့် NFC နဲ့ Audio jack တို့တော့ ပါဝင်လာမှာ မဟုတ်ပါဘူး။ Fingerprint က In-display အမျိုးအစားဖြစ်ပြီး Lenovo ဝက်ဘ်ဆိုက်မှာဖော်ပြထားတာကတော့ Navy Blue ဖြစ်ပြီး TENAA မှာတော့ Silver နဲ့ Gold ဆိုပြီးတွေ့ရပါတယ်။ ဈေးနှုန်းကတော့ $469 (မြန်မာငွေ ၇ သိန်းစွန်းစွန်း) ဖြစ်ပါတယ်။
Ref: Gizmochina