Lenovo ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Lenovo Z6 Pro ကို မိတ်ဆက်ခဲ့ပြီး အခုဆိုရင် Gaming Phone စျေးကွက်ထဲကိုပါ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ အဆိုပါ Lenovo ရဲ့ Gaming Phone ဟာ PC Gaming Series ဖြစ်တဲ့ Legion နာမည်နဲ့ပဲမိတ်ဆက်လာမှာလည်းဖြစ်ပါတယ်။

အခုလည်း အဆိုပါ Lenovo Legion Gaming Phone နဲ့ ပတ်သက်တဲ့သတင်းတစ်ခုက ထပ်ပြီးထွက်ရှိလာခဲ့ပါတယ်။ ဒါကတော့ Lenovo Legion Gaming Phone မှာ Snapdragon 865 Processor အပြင် 90W Fast Charging ကိုပါ Support ပြုလုပ်လာမှာဖြစ်ပါတယ်။ အခုသတင်းကို တရားဝင် Poster နဲ့ ဖော်ပြခဲ့တဲ့အတွက် တကယ်ပါဝင်လာဖို့ သေချာသလောက်ဖြစ်နေပါပြီ။

လက်ရှိအချိန်မှာတော့ Fast Charging အရ OPPO ရဲ့ 65W SuperVOOC 2.0 က အမြန်ဆုံးဖြစ်နေပြီးတော့ Xiaomi နဲ့ Vivo တို့ကနေ 100W နဲ့ 120W Fast Charging နည်းပညာတွေကို ထုတ်ပြထားနိုင်တယ်ဆိုပေမယ့် တကယ့်စမတ်ဖုန်းတွေမှာတော့ ထည့်သွင်းနိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် Lenovo Legion Gaming Phone ဟာ ကမ္ဘာ့အမြန်ဆုံး Fast Charging ပါဝင်တဲ့ စမတ်ဖုန်းလို့ပြောနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Lenovo Legion Gaming Phone နဲ့ ပတ်သက်တဲ့သတင်းတွေကိုတော့ အခုအချိန်အထိ သေသေချာချာသိရှိရခြင်းမရှိသေးဘဲ Battery အနေနဲ့လည်း 5050mAh Battery ပဲပါဝင်လာမယ်လို့ ယူဆရပါတယ်။ Wireless Charging သို့မဟုတ် တခြားသော Gaming Feature တွေပါလာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China