Lenovo ရဲ့ Legion Series Gaming Phone တွေဟာ အခုဆိုရင် စျေးကွက်ထဲမှာ အောင်မြင်လာပြီလို့ ပြောနိုင်ပါတယ်။ အခုလည်း Lenovo ကနေ တရုတ်နိုင်ငံအတွင်းမှာ Legion Y90 နာမည်နဲ့ Gaming Phone အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Lenovo Legion Y90 စမတ်ဖုန်းဟာ လက်ရှိ Flagship စမတ်ဖုန်းတွေလိုမျိုးပဲ Qualcomm Snapdragon 8 Gen 1 Chipset ကို အသုံးပြုထားပြီး စုစုပေါင်း 18GB RAM အထိအသုံးပြုနိုင်မှာဖြစ်သလို Virtual RAM Expansion Feature လည်းပါဝင်ဦးမှာပါ။ Storage ကလည်း 512GB အထိ ရွေးချယ်နိုင်တာကြောင့် Gaming Phone ဆိုတဲ့အတိုင်း Performance ပိုင်းမှာ အကောင်းဆုံးအဆင့်ရှီနေမှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ Storage ပိုင်းမှာ အလွန်မြန်ဆန်တဲ့ RAID 0 UFS 3.1 စနစ်ကိုအသုံးပြုထားပြီး အမြင့်ဆုံး Model မှာဆိုရင် 128GB SSD ပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 1600mm² Heat Dissipation Material နဲ့ 3520mm² VC Cooling Plate တွေလည်းပါဝင်ပြီး Dual Fan Design ကြောင့် Cooling ပိုင်းမှာ အားသာနေမှာပါ။

Display အနေနဲ့ကတော့ 6.92″ E4 AMOLED Display ၊ HDR 10+ ၊ 2460 x 1080 Pixels Resolution ၊ 144Hz Refresh Rate နဲ့ 720Hz Touch Sampling Rate တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 64MP + 13MP Ultra Wide Dual Camera Setup အပြင် 16MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 5600mAh Battery ကိုမှ 68W Fast Charging ပါဝင်မှာဖြစ်ပြီး တခြားသော Feature တွေဖြစ်တဲ့ Wi-Fi 6 ၊ Bluetooth 5.2 နဲ့ Dual USB-C Port တွေထည့်သွင်းပေးထားပါတဘ်။

စျေးနှုန်းအနေနဲ့ကတော့ 12GB + 256GB ကို 3,999 Yuan (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) ၊ 16GB + 256GB ကို 4,299 Yuan (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) နဲ့ 18GB + 640GB ကိုတော့ 4,999 Yuan (မြန်မာငွေ ၁၄ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China