[Zawgyi]

ေစ်းကြက္ သုေတသန အဖြဲ႔အစည္း IDC (International Data Corporation) နဲ႔ Gartner တို႔ရဲ႕ စစ္တမ္းမ်ားအရ လီႏိုဗိုဟာ ကမာၻမွာ ပီစီ ေရာင္းအား အေကာင္းဆံုး ျဖစ္ေနပါတယ္။ ပီစီလို႔ိဆိုရာမွာ ဒတ္စေတာ့နဲ႔ လက္ပ္ေတာ့မ်ား ပါ၀င္ပါတယ္။ ဒါေပမယ့္ Apple ကလည္း ေနာက္ကေန အမွီလိုက္ေနပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ပီစီ ေစ်းကြက္ဟာ ေရာင္းအားေကာင္းေနပါတယ္။ IDC က ဒီႏွစ္ ကြာတား ၂ မွာ ပီစီ အလံုးေရ ၆၄.၉ သန္းေရာင္းခ်ရၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ ၄.၇ ရာခုိင္ႏႈန္း တိုးတက္လာတယ္လို႔ ေျပာပါတယ္။

IDC က သူအရင္ ခန္႔မွန္းထားတဲ့ အေရအတြက္ထက္ ေရာင္းအား သိသာစြာ ပိုေကာင္းေနတယ္လို႔ ေျပာပါတယ္။ ဒါဟာ Intel ရဲ႕ ပေရာ္ဆက္ဆာမ်ား ပိုမိုထုတ္လုပ္ေပးႏုိင္မႈေၾကာင့္ ျဖစ္ပါတယ္။ “  Intel က ကြာတား ၂ မွာ ပေရာ္ဆက္ဆာမ်ား ပိုမိုထုတ္လုပ္ေပးႏုိင္လာတဲ့ အတြက္ ပီစီ ထုတ္လုပ္သူမ်ားက ေအာ္ဒါ အေဟာင္းမ်ားကို ျပည့္၀စြာ ထုတ္လုပ္ေပးႏုိင္လာပါတယ္။ အဲဒီအတြက္ ေစ်းကြက္ထဲကို ပီစီ အသစ္မ်ားစြာ ၀င္လာခဲ့ပါတယ္။ “ လို႔ IDC မွ Jitesh Ubrani က ေျပာပါတယ္။

အေမရိကန္နဲ႔ တရုတ္ အၾကားမွာ ကုန္သြယ္ေရး စစ္ပြဲေၾကာင့္လည္း ဒီလို ေရာင္းအားေကာင္းလာတာလို႔ Ubrani က ေျပာပါတယ္။ သူက “ အခြန္ တိုးျမွင့္လာႏုိင္တဲ့ အေနအထားေၾကာင့္ ပီစီ ထုတ္လုပ္သူမ်ားဟာ ဒတ္စေတာ့နဲ႔ လက္ပ္ေတာ့မ်ားကို ျမန္ျမန္ေရာင္းခ်လာၾကပါတယ္။ အဲဒီအတြက္ ကြာတား ၂ မွာ ေရာင္းအား တက္လာတာပါ။ “ လို႔ သံုးသပ္ပါတယ္။

ဒါ့အျပင္ Windows 7 ကို ရပ္နားေတာ့မွာ ျဖစ္တဲ့အတြက္လည္း ဒီလို ေရာင္းအားေကာင္းလာတာ ျဖစ္ပါတယ္။ ပီစီ ကုမၸဏီမ်ားဟာ ၂၀၂၀ ခုႏွစ္ ဇန္န၀ါရီလ ၁၄ ရက္ မတိုင္ခင္မွာ Windows 7 PC မ်ားကို အဆင့္ျမွင့္တင္ရမွာျဖစ္ပါတယ္။

Ref : techradar

[Unicode]

Lenovo က ပီစီ ဈေးကွက်ကို ဦးဆောင်နေ

ဈေးကွက် သုတေသန အဖွဲ့အစည်း IDC (International Data Corporation) နဲ့ Gartner တို့ရဲ့ စစ်တမ်းများအရ လီနိုဗိုဟာ ကမ္ဘာမှာ ပီစီ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ ပီစီလို့ိဆိုရာမှာ ဒတ်စတော့နဲ့ လက်ပ်တော့များ ပါဝင်ပါတယ်။ ဒါပေမယ့် Apple ကလည်း နောက်ကနေ အမှီလိုက်နေပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပီစီ ဈေးကွက်ဟာ ရောင်းအားကောင်းနေပါတယ်။ IDC က ဒီနှစ် ကွာတား ၂ မှာ ပီစီ အလုံးရေ ၆၄.၉ သန်းရောင်းချရပြီး တစ်နှစ်ထက်တစ်နှစ် ၄.၇ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောပါတယ်။

IDC က သူအရင် ခန့်မှန်းထားတဲ့ အရေအတွက်ထက် ရောင်းအား သိသာစွာ ပိုကောင်းနေတယ်လို့ ပြောပါတယ်။ ဒါဟာ Intel ရဲ့ ပရော်ဆက်ဆာများ ပိုမိုထုတ်လုပ်ပေးနိုင်မှုကြောင့် ဖြစ်ပါတယ်။ “ Intel က ကွာတား ၂ မှာ ပရော်ဆက်ဆာများ ပိုမိုထုတ်လုပ်ပေးနိုင်လာတဲ့ အတွက် ပီစီ ထုတ်လုပ်သူများက အော်ဒါ အဟောင်းများကို ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်လာပါတယ်။ အဲဒီအတွက် ဈေးကွက်ထဲကို ပီစီ အသစ်များစွာ ဝင်လာခဲ့ပါတယ်။ “ လို့ IDC မှ Jitesh Ubrani က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ် အကြားမှာ ကုန်သွယ်ရေး စစ်ပွဲကြောင့်လည်း ဒီလို ရောင်းအားကောင်းလာတာလို့ Ubrani က ပြောပါတယ်။ သူက “ အခွန် တိုးမြှင့်လာနိုင်တဲ့ အနေအထားကြောင့် ပီစီ ထုတ်လုပ်သူများဟာ ဒတ်စတော့နဲ့ လက်ပ်တော့များကို မြန်မြန်ရောင်းချလာကြပါတယ်။ အဲဒီအတွက် ကွာတား ၂ မှာ ရောင်းအား တက်လာတာပါ။ “ လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် Windows 7 ကို ရပ်နားတော့မှာ ဖြစ်တဲ့အတွက်လည်း ဒီလို ရောင်းအားကောင်းလာတာ ဖြစ်ပါတယ်။ ပီစီ ကုမ္ပဏီများဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် မတိုင်ခင်မှာ Windows 7 PC များကို အဆင့်မြှင့်တင်ရမှာဖြစ်ပါတယ်။

Ref : techradar