[Zawgyi]

Lenovo ရဲ႕ ေကြးေခါက္ႏိုင္တဲ့ ဖုန္းနဲ႔ပတ္သက္ၿပီး လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာေလာက္ကတည္းက သတင္းေတြ ထြက္ေပၚခဲ့ပါေသးတယ္။ ဒီတုန္းက ထြက္ေပၚလာတဲ့ Prototype မွာ ဖုန္းပုံစံက လက္ေကာက္ဝတ္မွာ ပတ္လို႔လည္းရတဲ့ ပုံစံမ်ိဳးပါ။ ေခါက္တယ္ဆိုတာထက္ ေကြးတယ္လို႔ ေျပာရင္ ပိုမွန္ပါလိမ့္မယ္။

၂၀၁၉ ခုႏွစ္ ဧၿပီလဆန္းမွာေတာ့ Lenovo ရဲ႕ ေကြးေခါက္ႏိုင္တဲ့ ဖုန္းအေၾကာင္း သတင္းအခ်ိဳ႕ ျပန္လည္ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။ ၂၀၁၈ စက္တင္ဘာတုန္းက Lenovo ဟာ သူတို႔ရဲ႕ ေကြးေခါက္ႏိုင္တဲ့ ဖုန္းဒီဇိုင္းကို WIPO (ကမာၻ႔ ဉာဏမူပိုင္ခြင့္ဆိုင္ရာ အဖြဲ႕အစည္း) မွာ မူပိုင္ခြင့္တင္ထားတဲ့ ႐ုပ္ပုံကို LETSGO DIGITAL သ႐ုပ္ေဖာ္ထားၿပီး သတင္းအျဖစ္ ျပန္လည္ ထြက္ေပၚလာခဲ့ျပန္တာပါ။

Lenovo ရဲ႕ Foldable ဖုန္းဟာ Motorola ရဲ႕ RAZR လို ပုံစံမ်ိဳး ခပ္ဆင္ဆင္တူတယ္လို႔ ဆိုရမွာပါ။ ရွည္လ်ားတဲ့ စမတ္ဖုန္းပုံစံကိုမွ ေဒါင္လိုက္ ေခါက္ခ်ိဳးလို႔ရတဲ့ ပုံစံပါ။ ဒါေပမယ့္ ေကြးေခါက္ႏိုင္တဲ့ ေနရာကို ဖုန္းရဲ႕ အလယ္တည့္တည့္မွာ ထားတာမဟုတ္ဘဲ သုံးပုံတစ္ပုံေလာက္ ေအာက္ကိုေရာက္တဲ့ ေနရာမွာ ထားရွိတာ ျဖစ္ပါတယ္။

ေက်ာဘက္မွာလည္း Secondry Screen တစ္ခု ပါဝင္လာမွာျဖစ္ၿပီး ဒီ ဒုတိယမ်က္ႏွာျပင္အေသးက Message, Notification စတာေတြအတြက္ ရည္႐ြယ္ထားတယ္လို႔ ယူဆရပါတယ္။ Lenovo ရဲ႕ ဒီဇိုင္းဟာ ၿပီးခဲ့တဲ့ တစ္ပတ္ကပဲ ထြက္ေပၚလာခဲ့တဲ့ SHARP ရဲ႕ Foldable ဖုန္းဒီဇိုင္းနဲ႔ ဆင္တူေနျပန္ပါတယ္။ ZTE ကလည္း ေဒါင္လိုက္ေခါက္သိမ္းတဲ့ ဖုန္းဒီဇိုင္းကို ႀကိဳးပမ္းေနတဲ့ကုမၸဏီေတြထဲမွာ ပါဝင္ပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ခုႏွစ္ မကုန္ဆုံးခင္မွာ ဒီလိုေဒါင္လိုက္ ေခါက္သိမ္းတဲ့ ဖုန္းေတြကို အေျမာက္အမ်ား ျမင္ေတြ႕ရေတာ့မလားလို႔ ေတြးမိပါတယ္။

Ref: GSMArena

[Unicode]

Lenovo ကလည်း ဒေါင်လိုက်ခေါက်ချိုးဒီဇိုင်းနဲ့ Foldable ကို ထုတ်လာဦးမယ်

Lenovo ရဲ့ ကွေးခေါက်နိုင်တဲ့ ဖုန်းနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလောက်ကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီတုန်းက ထွက်ပေါ်လာတဲ့ Prototype မှာ ဖုန်းပုံစံက လက်ကောက်ဝတ်မှာ ပတ်လို့လည်းရတဲ့ ပုံစံမျိုးပါ။ ခေါက်တယ်ဆိုတာထက် ကွေးတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

၂၀၁၉ ခုနှစ် ဧပြီလဆန်းမှာတော့ Lenovo ရဲ့ ကွေးခေါက်နိုင်တဲ့ ဖုန်းအကြောင်း သတင်းအချို့ ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၈ စက်တင်ဘာတုန်းက Lenovo ဟာ သူတို့ရဲ့ ကွေးခေါက်နိုင်တဲ့ ဖုန်းဒီဇိုင်းကို WIPO (ကမ္ဘာ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်း) မှာ မူပိုင်ခွင့်တင်ထားတဲ့ ရုပ်ပုံကို LETSGO DIGITAL သရုပ်ဖော်ထားပြီး သတင်းအဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့ပြန်တာပါ။

Lenovo ရဲ့ Foldable ဖုန်းဟာ Motorola ရဲ့ RAZR လို ပုံစံမျိုး ခပ်ဆင်ဆင်တူတယ်လို့ ဆိုရမှာပါ။ ရှည်လျားတဲ့ စမတ်ဖုန်းပုံစံကိုမှ ထောင်လိုက် ခေါက်ချိုးလို့ရတဲ့ ပုံစံပါ။ ဒါပေမယ့် ကွေးခေါက်နိုင်တဲ့ နေရာကို ဖုန်းရဲ့ အလယ်တည့်တည့်မှာ ထားတာမဟုတ်ဘဲ သုံးပုံတစ်ပုံလောက် အောက်ကိုရောက်တဲ့ နေရာမှာ ထားရှိတာ ဖြစ်ပါတယ်။

ကျောဘက်မှာလည်း Secondry Screen တစ်ခု ပါဝင်လာမှာဖြစ်ပြီး ဒီ ဒုတိယမျက်နှာပြင်အသေးက Message, Notification စတာတွေအတွက် ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။ Lenovo ရဲ့ ဒီဇိုင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ထွက်ပေါ်လာခဲ့တဲ့ SHARP ရဲ့ Foldable ဖုန်းဒီဇိုင်းနဲ့ ဆင်တူနေပြန်ပါတယ်။ ZTE ကလည်း ထောင်လိုက်ခေါက်သိမ်းတဲ့ ဖုန်းဒီဇိုင်းကို ကြိုးပမ်းနေတဲ့ကုမ္ပဏီတွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ် မကုန်ဆုံးခင်မှာ ဒီလိုထောင်လိုက် ခေါက်သိမ်းတဲ့ ဖုန်းတွေကို အမြောက်အများ မြင်တွေ့ရတော့မလားလို့ တွေးမိပါတယ်။

Ref: GSMArena