Zawgyi

Lenovo အေနနဲ႔ Mid-range စမတ္ဖုန္း အမ်ိဴးအစားျဖစ္တဲ့ Lenovo S5 Pro ကို ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၈ရက္ေန႔က မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Lenovo S5 Pro ဟာ Photography အသားေပး စမတ္ဖုန္း တစ္လုံး ျဖစ္ၿပီး 3D Face Scanner နဲ႔ Stereo Speaker ေတြကိုလည္း အသုံးျပဳေပးထားပါတယ္။ Lenovo S5 Pro အျပင္ Lenovo K5 Pro နဲ႔ Lenovo Smart Watch ေတြကိုလည္း အဆိုပါပြဲမွာ ထပ္မံ မိတ္ဆက္ခဲ့ပါေသးတယ္။

Lenovo S5 Pro Specifications

Display အပိုင္းအတြက္ ၆.၂လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ IPS LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2246 pixels ရွိပါတယ္။ Processor အပိုင္းအတြက္ Snapdragon 636 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။

ကင္မရာ အပိုင္းအတြက္ 12MP+20MP Camera ေတြကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 20MP+8MP Camera ေတြကို တပ္ဆင္ထားပါတယ္။ လုံၿခဳံေရး အပိုင္းအတြက္ Fingerprint Sensor ပါဝင္မွာ ျဖစ္ၿပီး 3D Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာပါ။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3500mAh ထည့္သြင္းေပးထားၿပီး 18W အျမန္အားသြင္းစနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Lenovo S5 Pro ကို တ႐ုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ၿပီး ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ RAM 6GB/ Storage 64GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၁၃၀၀ ယြမ္ (ျမန္မာေငြ ၃သိန္း ဝန္းက်င္) ျဖစ္ပါတယ္။ RAM 6GB/ Storage 128GB ရဲ႕ ေစ်းႏႈန္းကိုေတာ့ Lenovo ဘက္က တရားဝင္ ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးပါဘူး။

Ref :gsmarena

Unicode

3D Face Scanner, Stereo Speaker တွေနဲ့ ပွဲထွက်ခဲ့တဲ့ Lenovo S5 Pro

Lenovo အနေနဲ့ Mid-range စမတ်ဖုန်း အမျိူးအစားဖြစ်တဲ့ Lenovo S5 Pro ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ရက်နေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Lenovo S5 Pro ဟာ Photography အသားပေး စမတ်ဖုန်း တစ်လုံး ဖြစ်ပြီး 3D Face Scanner နဲ့ Stereo Speaker တွေကိုလည်း အသုံးပြုပေးထားပါတယ်။ Lenovo S5 Pro အပြင် Lenovo K5 Pro နဲ့ Lenovo Smart Watch တွေကိုလည်း အဆိုပါပွဲမှာ ထပ်မံ မိတ်ဆက်ခဲ့ပါသေးတယ်။

Lenovo S5 Pro Specifications

Display အပိုင်းအတွက် ၆.၂လက်မ မျက်နှာပြင် အကျယ်ရှိ IPS LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2246 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Snapdragon 636 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ကင်မရာ အပိုင်းအတွက် 12MP+20MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP+8MP Camera တွေကို တပ်ဆင်ထားပါတယ်။ လုံခြုံရေး အပိုင်းအတွက် Fingerprint Sensor ပါဝင်မှာ ဖြစ်ပြီး 3D Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3500mAh ထည့်သွင်းပေးထားပြီး 18W အမြန်အားသွင်းစနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Lenovo S5 Pro ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 6GB/ Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၃၀၀ ယွမ် (မြန်မာငွေ ၃သိန်း ဝန်းကျင်) ဖြစ်ပါတယ်။ RAM 6GB/ Storage 128GB ရဲ့ စျေးနှုန်းကိုတော့ Lenovo ဘက်က တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။

Ref:gsmarena