Lenovo Legion ကို ၂၂ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး Lenovo က အဲဒီဖုန်းအတွက် Teaser တွေကို ပြင်ဆင်နေပါတယ်။ အခုတော့ Teaser ဗီဒီယို ၁ ခု ပေါက်ကြားထွက်ပေါ်လာပြီး 144Hz Refresh Rate ပါလာမယ်လို့ သိရပါတယ်။ ဗီဒီယိုမှာ Android 10 နဲ့အတူ Lenovo ZUI 12 အခြေပြု Legion OS မှာ 144Hz Refresh Rate ကိုတွေ့ခဲ့ရတာပါ။

Lenovo Legion ဟာ Gaming ဖုန်း ဖြစ်တဲ့အတွက် ဒီနေ့ခေတ် ပြိုင်ဖက် Gaming ဖုန်းတွေမှာလို 144Hz ပါလာတာ သဘာဝ ကျပါတယ်။ ဗီဒီယိုမှာ Avengers-theme Wallpaper ကို မြင်ရပြီး CPU နဲ့ GPU Clock Speed ကို ပြသထားတဲ့ Widget ၁ ခု ပါလာပါတယ်။ Settings က Specs Screen ကိုလည်း ပြသထားပါတယ်။

ပိုမြန်တဲ့ Plus Version ဖြစ်သင့်ပေမယ့် Chipset ကို Snapdragon 865 လို့ ဖော်ပြထားပါတယ်။ 6GB LPDDR5 RAM နဲ့ 128GB UFS 3.0 တွေပဲ ပါတဲ့အတွက် ဒါဟာ Base Model ဖြစ်မယ်လို့ ယူဆရပါတယ်။ Lenovo က စွမ်းရည်ပိုမြင့်တဲ့ Pro Version ထွက်မယ်ဆိုတာ မပြောသေးဘဲ Pro Version မှာ 16/512GB ပါလာနိုင်ပါတယ်။

Legion မှာ 90W Fast Charging ပါလာမှာက အထင်ကြီးစရာဖြစ်ပြီး အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားမှာပါ။ 65mm Driver ပါတဲ့ စပီကာ ၂ လုံးရဲ့ အသံထွက်က  လန်ထွက်နေမှာဖြစ်ပြီး 144Hz Refresh Rate ကို 270Hz Touch Sampling Rate နဲ့ တွဲဖက်ထားနိုင်ပါတယ်။

Ref : gsmarena