[Zawgyi]

ေနာက္မ်ိဳးဆက္ မိုဘိုင္းဆက္သြယ္ေရး နည္းပညာ ျဖစ္တဲ့ 5G ေၾကာင့္ ဖုန္း ေရာင္းအားေတြ တက္လာႏုိင္ပါတယ္။ အခုဆိုရင္ နာမည္ႀကီး ကုမၸဏီအားလံုးလိုလိုက 5G ဖုန္းေတြ ထုတ္လုပ္ေရာင္းခ်ေနၾကပါၿပီ။ 5G ဖုန္း တင္မကေသးဘဲ 5G Chipset ေတြကို ကိုယ္တိုင္ ထုတ္လုပ္ႏိုင္ဖို႔ ကုမၸဏီေတြ ႀကိဳးစားေနၾကပါတယ္။ အဲဒီထဲမွာ Lenovo လည္း ပါ၀င္ယွဥ္ၿပိဳင္မွာ ျဖစ္ၿပီး မၾကာခင္မွာ 5G Chipset ကို ေၾကညာမယ္လို႔ ကုမၸဏီက အရိပ္အျမြက္သတင္းေပးလိုက္ပါတယ္။

Lenovo ရဲ႕ အရာရွိ ၁ ေယာက္က ဒီသတင္းကို ၀ီဘိုမွာ ေျပာလိုက္တာ ျဖစ္ၿပီး လာမယ့္ ၁ ပတ္မွာ 5G SoC ကို မိတ္ဆက္မယ္လို႔ ေရးသားထားပါတယ္။ OPPO ကလည္း ကိုယ္ပိုင္ Mobile Chipset ကို ဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။ Lenovo ရဲ႕ Chipset ဟာ စြမ္းရည္သင့္လား၊ စြမ္းရည္ျမင့္လား ဆိုတာ မသိရေသးပါဘူး။

လက္ရွိမွာ Samsung , Huawei , Apple နဲ႔ Xiaomi တို႔ဟာ ကိုယ္ပိုင္ Mobile Processor ေတြကို ထုတ္လုပ္ထားႏုိင္ၾကပါတယ္။ ဒါေပမယ့္ စမတ္ဖုန္း ကုမၸဏီ အားလံုးနီးပါးဟာ Qualcomm ဒါမွမဟုတ္ MediaTek ရဲ႕ Chipset ေတြကို မွီခိုေနရတာပါ။ Lenovo ရဲ႕ အခု Teaser မွာ တျခား သတင္းအခ်က္အလက္ေတြကို မေျပာထားပါဘူး။

Lenovo က လာမယ့္ ၁ ပတ္မွာ 5G Chipset ကို မိတ္ဆက္မွာ ျဖစ္ၿပီး အဲဒီ Chipset ပါတဲ့ ဖုန္းကို ေနာက္ႏွစ္ေလာက္က်မွ ေၾကညာႏုိင္ပါတယ္။ Qualcomm က ဒီဇင္ဘာလ ပထမ အပတ္မွာ ေနာက္မ်ိဳးဆက္ စြမ္းရည္ျမင့္ Snapdragon Chipset ကို ခ်ျပမွာ ျဖစ္ၿပီး MediaTek ကေတာ့ မၾကာခင္ကမွ စြမ္းရည္ျမင့္ 5G Chipset ကို ေၾကညာခဲ့ပါတယ္။

Ref : gizmochina

[Unicode]

Lenovo က 5G ထုတ်ကုန် အသစ် ၁ ခုကို မကြာခင် ကြေညာမည်

နောက်မျိုးဆက် မိုဘိုင်းဆက်သွယ်ရေး နည်းပညာ ဖြစ်တဲ့ 5G ကြောင့် ဖုန်း ရောင်းအားတွေ တက်လာနိုင်ပါတယ်။ အခုဆိုရင် နာမည်ကြီး ကုမ္ပဏီအားလုံးလိုလိုက 5G ဖုန်းတွေ ထုတ်လုပ်ရောင်းချနေကြပါပြီ။ 5G ဖုန်း တင်မကသေးဘဲ 5G Chipset တွေကို ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီတွေ ကြိုးစားနေကြပါတယ်။ အဲဒီထဲမှာ Lenovo လည်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး မကြာခင်မှာ 5G Chipset ကို ကြေညာမယ်လို့ ကုမ္ပဏီက အရိပ်အမြွက်သတင်းပေးလိုက်ပါတယ်။

Lenovo ရဲ့ အရာရှိ ၁ ယောက်က ဒီသတင်းကို ဝီဘိုမှာ ပြောလိုက်တာ ဖြစ်ပြီး လာမယ့် ၁ ပတ်မှာ 5G SoC ကို မိတ်ဆက်မယ်လို့ ရေးသားထားပါတယ်။ OPPO ကလည်း ကိုယ်ပိုင် Mobile Chipset ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ Lenovo ရဲ့ Chipset ဟာ စွမ်းရည်သင့်လား၊ စွမ်းရည်မြင့်လား ဆိုတာ မသိရသေးပါဘူး။

လက်ရှိမှာ Samsung , Huawei , Apple နဲ့ Xiaomi တို့ဟာ ကိုယ်ပိုင် Mobile Processor တွေကို ထုတ်လုပ်ထားနိုင်ကြပါတယ်။ ဒါပေမယ့်ာ စမတ်ဖုန်း ကုမ္ပဏီ အားလုံးနီးပါးဟာ Qualcomm ဒါမှမဟုတ် MediaTek ရဲ့ Chipset တွေကို မှီခိုနေရတာပါ။ Lenovo ရဲ့ အခု Teaser မှာ တခြား သတင်းအချက်အလက်တွေကို မပြောထားပါဘူး။

Lenovo က လာမယ့် ၁ ပတ်မှာ 5G Chipset ကို မိတ်ဆက်မှာ ဖြစ်ပြီး အဲဒီ Chipset ပါတဲ့ ဖုန်းကို နောက်နှစ်လောက်ကျမှ ကြေညာနိုင်ပါတယ်။ Qualcomm က ဒီဇင်ဘာလ ပထမ အပတ်မှာ နောက်မျိုးဆက် စွမ်းရည်မြင့် Snapdragon Chipset ကို ချပြမှာ ဖြစ်ပြီး MediaTek ကတော့ မကြာခင်ကမှ စွမ်းရည်မြင့် 5G Chipset ကို ကြေညာခဲ့ပါတယ်။

Ref : gizmochina