နာမည်ကျော် Leaker ၁ ယောက် ဖြစ်တဲ့ Evan Blass (@evleaks) က ၁၇ လက်မ Lenovo Thinkbook Plus ရဲ့ ဓါတ်ပုံ ၁ ပုံကို တွစ်တာမှာ မျှဝေထားပြီး ကီးဘုတ်ရဲ့ ညာဘက်ခြမ်းမှာ အပို မျက်နှာပြင်ငယ် ၁ ခု တပ်ဆင်ထားတာ မြင်ရပါတယ်။ အပို မျက်နှာပြင်ငယ်ကို အသုံးပြုပြီး ပင်မ မျက်နှာပြင်ကြီးမှာ ပုံဆွဲတာ၊ စာရေးတာတွေ ပြုလုပ်နိုင်မယ်လို့ ထင်ရပါတယ်။

Laptop မှာ အရွယ်ကြီး ကီးဘုတ်နဲ့ အရွယ်ကြီး Trackpad တပ်ဆင်ထားမှာ ဖြစ်ပြီး ဓါတ်ပုံအရ ဒစ်ဂျစ်တယ် ဘောပင်နဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဓါတ်ပုံက လွဲပြီး Lenovo Thinkbook Plus ရဲ့ Specification တွေကို မသိရသေးပါဘူး။

Lenovo ThinkBook 15-IIL (20SM0076EN) - Laptop Lenovo on LDLC

Lenovo ဟာ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ CES ပွဲမှာ ThinkBook Plus Gen 2 ကို ကြေညာခဲ့ပြီး ၁၂ လက်မ E-ink Panel ၁ ခု တပ်ဆင်ထားပါတယ်။ ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ် CES ပွဲမှာ ပထမဆုံး Thinkbook Plus ကို ချပြခဲ့ပြီး အဲဒီ Laptop မှာ E-ink Display ၁ ခု ထည့်သွင်းထားပါတယ်။

Evan Blass မျှဝေထားတဲ့ Thinkbook Plus  ရဲ့ ဓါတ်ပုံဟာ ဘယ်က ရသလဲ ဆိုတာ မသိရသေးပါဘူး။ အဲဒီ Lenovo Thinkbook Plus Laptop ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ စတင် ကျင်းပမယ့် CES နည်းပညာပြပွဲမှာ ပြသနိုင်ပါတယ်။

Ref : theverge