ကြိုးမဲ့အားသွင်းနည်းပညာတွေ ပိုကောင်းလာတဲ့အတွက် ဖုန်းတွေမှာ ကြိုးမဲ့အားသွင်း နည်းပညာတွေ ထည့်သွင်းလာကြပါတယ်။ မကြာခင်မှာ လက်ပ်တော့တွေအတွက် ကြိုးမဲ့အားသွင်း နည်းပညာတွေ ခေတ်စားလာတော့မှာ ဖြစ်ပါတယ်။ အခုတော့ ထိပ်တန်း ပီစီ ထုတ်လုပ်သူ Lenovo က လက်ပ်တော့တွေနဲ့ ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ ThinkBook Wireless Dock ကို ကြေညာလိုက်ပါတယ်။

Lenovo ThinkBook Wireless Dock

ThinkBook Wireless Dock က ThinkBook 13x Gen 2 လို လက်ပ်တော့တွေကို ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။ Power-by-Contact နည်းပညာကို အသုံးပြုထားပြီး Compatible လက်ပ်တော့တွေကို 65W Wireless Charging အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် Dock မှာ ပါတဲ့ Pad ပေါ်မှာ စမတ်ဖုန်းတွေကို 10W Wireless Charging နဲ့ အားသွင်းပေးနိုင်ပါတယ်။

Lenovo ThinkBook Wireless Dock

Docking Station မှာ ဉာဏ်ရည်မြင့် အာရုံခံ စွမ်းရည်ပါပြီး လက်ပ်တော့ကို မှန်ကန်တဲ့ နေရာမှာ တင်ထားသလားဆိုတာ စစ်ဆေးပေးနိုင်ပါတယ်။ Power-by-Contact က အမြင့်ဆုံး အမြန်နှုန်းနဲ့ အားသွင်းပေးနေသလားဆိုတာ သေချာစေဖို့ ဖြစ်ပါတယ်။

Device မှာ USB Type-A Port ၃ ခု၊ USB Type-C Port ၁ ခုနဲ့ HDMI Display Output Port ၁ ခု တပ်ဆင်ထားပြီး ကြိုးနဲ့လည်း အားသွင်းပေးနိုင်ပါတယ်။ လက်ရှိမှာ Lenovo က ThinkBook Wireless Dock ရဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina