Lenovo က ကုမ္ပဏီရဲ့ ပထမဆုံး ၁၆ လက်မ စီးပွားရေးသုံး လက်ပ်တော့တွေ ဖြစ်တဲ့ ThinkPad T16 Gen 1 ကို ကြေညာလိုက်ပါတယ်။ ၁၆ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး Aspect Ratio က 16:10 ဖြစ်ပါတယ်။ 2.5K Resolution အထိ ရွေးချယ်နိုင်ပြီး အမြင့်ဆုံး Brightness က 500 nits ဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း sRGB Colourspace Coverage ထောက်ပံ့ထားပြီး ထိတွေ့မျက်နှာပြင် အမျိုးအစားကိုလည်း ရွေးချယ်နိုင်ပါတယ်။

ThinkPad T16-Promo-1

Intel 12th Gen Alder Mobile CPU သို့မဟုတ် AMD Ryzen 6000 Pro Series တွေကို ရွေးချယ်နိုင်ပါတယ်။ Intel မော်ဒယ်အတွက် Intel Core i7 U Series နဲ့ Intel 12th Gen P Series Processor တွေအထိ ထည့်သွင်းနိုင်ပြီး 48GB DDR4 RAM နဲ့ 2TB PCIe Gen 4 SSD Storage အထိ ရွေးချယ်နိုင်ပါတယ်။

lenovo-laptops-thinkpad-t16-gen-1-16-intel-features-1

AMD မော်ဒယ်အတွက် 32GB LPDDR5 6400MHz RAM နဲ့ 2TB PCIe Gen 4 SSD Storage အထိ ထည့်သွင်းနိုင်ပြီး Ryzen 7 PRO 6000 Series CPU ထည့်သွင်းထားပါတယ်။

ဘက်ထရီအတွက် 52.5Wh သို့မဟုတ် 86Wh တွေ ရွေးချယ်နိုင်ပြီး ဘူးထဲမှာ Fast Charging Adapter ထည့်သွင်းထားပါတယ်။ ဆက်သွယ်မှုအတွက် WiFi 6E , Bluetooth 5.2 နဲ့ LTE Support တွေ ပါလာပြီး USB-C Port ၂ ခု၊ USB-A 3.2 ၂ ခု၊ HDMI 2.0b Port ၁ ခု တပ်ဆင်ထားပါတယ်။

ThinkPad T16 ကို မြောက်အမေရိက၊ ဥရောပနဲ့ အာရှက ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်တွေမှာ ရောင်းချဖို့ စာရင်းတင်ထားပြီ ဖြစ်ပြီး ဧပြီလနဲ့ ဇွန်လအတွင်း ဝယ်ယူနိုင်မယ်လို့ ထင်ပါတယ်။

Ref : gizmochina