Lenovo က CES 2021 မှာ ThinkPad လက်ပ်တော့ အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ ThinkPad Yoga ကတော့ တက်ဘလက်လိုပါ သုံးနိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Lenovo ThinkPad X1 Carbon မှာ ၁၄ လက်မ 16:10 မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ Trackpad က အရွယ်ကြီးမားပြီး i7 xPro 11th Gen Intel Processor မောင်းနှင်ထားပါတယ်။ 32GB LPDDR4 RAM နဲ့ 2TB SSD Storage အထိ ရွေးချယ်နိုင်ပါတယ်။  စပီကာနဲ့ မိုက်ကရိုဖုန်း စွမ်းရည်ကို မြှင့်တင်ပေးတဲ့ Dolby Voice ပါတဲ့ ပထမဆုံး Device တွေ ဖြစ်ပြီး မလိုလားအပ်တဲ့ ဆူညံသံတွေကို ဖျောက်ပေးနိုင်ပါတယ်။

ThingPad X1 Carbon မှာ 57Whr ဘက်ထရီ ထည့်သွင်းထားပြီး ၁၆ နာရီ အသုံးခံပါတယ်။ 65W USB-C Rapid Charge Power Adapter ထည့်သွင်းထားပြီး ၁.၁၃ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။

Lenovo ThinkPad X1 Caron and Yoga have 11th gen Intel CPUs, Dolby Voice

ThinkPad X1 Yoga ရဲ့ Specs အများစုဟာ Carbon နဲ့ တူညီပေမယ့် ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အလေးချိန် နည်းနည်းပိုပြီး ၁.၃၉ ကီလိုဂရမ် ရှိပါတယ်။ Carbon လိုပဲ X1 Yoga မှာ 16:10 ၁၄ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ လက်ပ်တော့ ၂ လုံးစလုံးမှာ ရွေးချယ်စရာ မျက်နှာပြင်တွေ ရှိပါတယ်။ X1 Carbon အတွက် FullHD, 4K , Touch , Non-touch နဲ့ Yoga အတွက် အားလုံးက Touch တွေ ဖြစ်ပါတယ်။ X1 Yoga မှာ ThinkPad Pen Pro ထည့်သွင်းထားပါတယ်။

ThinkPad X1 Carbon နဲ့ Yoga ကို ၁,၄၂၉ နဲ့ ၁,၅၆၉ ဒေါ်လာ အသီးသီးနဲ့ နောက်လမှာ ရောင်းချမှာဖြစ်ပြီး ၁၉ သိန်းနဲ့ သိန်း ၂၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။

Ref : gsmarena