Lenovo က တရုတ်မှာ Xiaoxin Air 14 Notebook 2020 ကို ကြေညာလိုက်ပါတယ်။ NVIDIA GeForce MX350 Graphics Processor ပါတဲ့ ကမ္ဘာ့ ပထမဆုံး လက်ပ်တော့ ဖြစ်ပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Space Grey အရောင်ထုတ်လုပ်ထားပါတယ်။ Apple MacBook Series တွေနဲ့ ဒီဇိုင်း ဆင်တူပါတယ်။

Lenovo Xiaoxin Air 14 2020 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို တရုတ်မှာ ၅,၀၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၀ သိန်းလောက်ရှိပါတယ်။ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ၂၇ ရက်နေ့မှာ ရောင်းမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ 16GB RAM , 512GB SSD Storage နဲ့ Intel Core i5-1035G1 Processor ပါပါတယ်။ 16GB RAM , 512GB SSD Storage နဲ့ Intel Core i7-1065G7 Processor မော်ဒယ်ကို ၅,၈၉၉ ယွမ်နဲ့ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၁၂ သိန်းလောက်ရှိပါတယ်။

လက်ပ်တော့မှာ ၁၄ လက်မ 1920x1080p  IPS မျက်နှာပြင် ပါလာပြီး Screen-to-body Ratio က ၈၂.၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အလင်းပြန်တာကို ဖယ်ရှားပေးတဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။ တန်ဖိုးမြင့် မော်ဒယ်မှာ 10th Gen Intel Core i7 Processor , Turbo Boost 3.7GHz Clock Speed Frequency နဲ့ Dual-channel DDR4 4300MHz Memory တွေ ပါပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ NVIDIA GeForce MX350 Graphics Card GPU ပါတဲ့အတွက် ဂိမ်းကစားရင် ၂၀ ရာခိုင်နှုန်းပိုမြန်လာမှာပါ။ ပါဝါခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

56.5Wh ဘက်ထရီ ပါလာပြီး သာမာန်သုံးရင် ၁၂ နာရီ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Full-sized Keyboard ထည့်သွင်းထားပြီး USB 3.1 Type-A Port ၂ ခုနဲ့ USB Type-C Port ၁ ခု တပ်ဆင်ထားပါတယ်။ HDMI Port , 3.5mm Audio Jack နဲ့ 3 in 1 Full-size SD Card Reader ပါလာပါတယ်။ နောက်ဆုံးထုတ် Windows 10 Home OS မောင်းနှင်ထားပါတယ်။

Ref : gizchina