Lenovo က တရုတ်မှာ Android တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Xiaoxin Pad Plus 2023 လို့ အမည်ပေးထားပြီး အရင်နှစ်ထုတ် Xiaoxin Pad Plus ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။

Lenovo Xiaoxin Pad Plus 2023: a tablet with a 2K screen at 120 Hz - Crast.net

Xiaoxin Pad Plus 2023 မှာ အရောင် ၂ ရောင်စပ် ဒီဇိုင်းကို သုံးထားပြီး အစိမ်းနဲ့ အညိုရောင်တွေ ဖြစ်ပါတယ်။ အထူက ၇.၄ မီလီမီတာနဲ့ အလေးချိန်က ၅၂၀ ဂရမ် ဖြစ်ပါတယ်။ ပါဝါခလုတ်ကို ထိပ်ဖက်နဲ့ အသံခလုတ်တွေကို ညာဖက်မှာ တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 13MP ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Lenovo Xiaoxin Pad Plus 2023: a tablet with a 2K screen at 120 Hz - Crast.net

မိုက်ကရိုဖုန်း ၂ လုံးနဲ့ စပီကာ ၄ လုံး ထည့်သွင်းထားပြီး Dolby Atmos ထောက်ပံ့ထားပါတယ်။ USB Type-C Port ၊ နားကြပ်ပေါက် ပါလာပြီး ကီးဘုတ်နဲ့ ချိတ်ဆက်ဖို့ သံလိုက် Pogo Pin Connector တပ်ဆင်ထားပါတယ်။

၁၁.၅ လက်မ LCD မျက်နှာပြင် ပါလာပြီး ဒစ်ဂျစ်တယ် ဘောပင်နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ မျက်နှာပြင် Resolution က 2000x1200p (WUXGA+) ဖြစ်ပြီး 120Hz Refresh Rate နဲ့ 400 Nits Brightness ထောက်ပံ့ထားပါတယ်။ TUV Rheinland Eyesafe 2.0 Certification ရထားပါတယ်။

Xiaoxin Pad Plus 2023 မှာ MediaTek Helio G99 SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ပါပါတယ်။ တက်ဘလက်မှာ အသုံးပြုလို့ ကောင်းစေမယ့် ZUI 14 မောင်းနှင်ထားပြီး Split-screen , Floating Windows, ကီးဘုတ် Shortcuts လို လုပ်ဆောင်ချက်တွေ ပါပါတယ်။

WiFi 6 နဲ့ Bluetooth 5.2 ထောက်ပံ့ထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ 20W Wired Charging ပါတဲ့ 7,700mAh ဘက်ထရီ ပါပါတယ်။ တရုတ်မှာ 6/128GB မော်ဒယ်ကို ၂၄၆ ဒေါ်လာ သတ်မှတ်ထားပြီး ကြိုတင်မှာယူနိုင်ပါပြီ။

Accessory ဈေးနှုန်း

  • Xiaoxin Stylus Smart Edition – ¥299 ($41)
  • Keyboard + Stand – ¥449 ($61)
  • Screen Protector – ¥59 ($8)
  • Flip Cover – ¥79 ($11)

Ref : gizmochina