[Zawgyi]

Lenovo က Yoga Smart Tab နဲ႔ Smart Tab M8  ေတြကို IFA 2019 မွာ ေၾကညာလုိက္ပါတယ္။ ဒါ့အျပင္ ၇ လက္မ Smart Display ကိုပါ မိတ္ဆက္လိုက္ပါတယ္။ Lenovo က သူ႔ရဲ႕ Android Tablets ေတြနဲ႔ ကြဲျပားတဲ့ Smart Tab ေတြကို အရင္က ေရာင္းခ်ခဲ့ဖူးပါတယ္။ Smart Tab P10 နဲ႔ Smart Tab M10 တို႔ကို ဒီႏွစ္ အေစာပိုင္းက မိတ္ဆက္ခဲ့ၿပီး ၁၀ လက္မ Display နဲ႔ Alexa Smart Assistant ေတြပါပါတယ္။ အခု ေမာ္ဒယ္ အသစ္ ၂ ခုမွာေတာ့ Google Assistant ထည့္္ထားပါတယ္။

Lenovo Smart Tab M8 ဟာ Smart Tab M10 ရဲ႕ စြမ္းရည္နိမ့္ ေမာ္ဒယ္ ျဖစ္ေပမယ့္ Alexa အစား Google Assistant အစားထိုးထားပါတယ္။ Smart Tab M8 မွာ MediaTek A22 SoC, Dual Stereo Speakers နဲ႔ HD Screen ေတြ ပါပါတယ္။ Google Assistant စြမ္းရည္ေတြကို သံုးႏုိင္မယ့္ Smart Charging Station ထည့္ထားပါတယ္။ ၁၄၉ ယူရို သတ္မွတ္ထားၿပီး ေအာက္တိုဘာလမွာ ေရာင္းမွာပါ။ ျမန္မာေငြ ၂၅၀,၀၀၀ ေလာက္ရွိပါတယ္။

Lenovo Yoga Smart Tab ကေတာ့ ပိုလန္းၿပီး နာမည္ေက်ာ္ Yoga Laptop Series ေတြရဲ႕ ဒီဇိုင္းနဲ႔ လုပ္ေဆာင္ခ်က္ေတြကို သံုးထားပါတယ္။ ဒါေပမယ့္ ေခါက္ခ်ိဳးႏုိင္တဲ့ ကီးဘုတ္ေတာ့ မပါပါဘူး။ ၁၀ လက္မ Full HD Display နဲ႔ Kickstand ထည့္ထားပါတယ္။ ရုပ္ရွင္ၾကည့္တဲ့ အခါမွာ Standing, Sitting, Reclining နဲ႔ Lying Down  စတဲ့ Modes ၄ မ်ိဳးကို သံုးႏုိင္ပါတယ္။ Octa-core Snapdragon 439 Processor နဲ႔ Dual JBL Hi-Fi Speakers ေတြ ထည့္ထားပါတယ္။ Google Assistant ထည့္ထားၿပီး ၂၉၉ ယူရို သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၅၀၀,၀၀၀ ေလာက္ရွိၿပီး ဒီလထဲမွာ ေရာင္းမွာပါ။

Lenovo Smart Display 7 မွာ ၇ လက္မ SD Touchscreen ပါပါတယ္။ အရင္ကေတာ့ ေစ်းကြက္ထဲမွာ ၈ လက္မနဲ႔ ၁၀ လက္မ ေမာ္ဒယ္ေတြကို ေရာင္းခ်ေပးထားပါတယ္။ ေမာ္ဒယ္ အသစ္မွာ ဒီဇိုင္းကို အဆင့္ျမွင့္ထားၿပီး မ်က္ႏွာျပင္ေဘးေဘာင္ေတြဟာ ပါးလႊာလာပါတယ္။ အေရွ႕ဘက္ကို မ်က္ႏွာမူထားတဲ့ စပီကာေတြ တပ္ထားပါတယ္။ ၁၂၉ ယူရို သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၂၀,၀၀၀ ေလာက္ရွိပါတယ္။

Ref : gizmochina

[Unicode]

Lenovo Yoga Smart Tab, Smart Tab M8 နဲ့ Smart Display 7 ကို ကြေညာ

Lenovo က Yoga Smart Tab နဲ့ Smart Tab M8 တွေကို IFA 2019 မှာ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ၇ လက်မ Smart Display ကိုပါ မိတ်ဆက်လိုက်ပါတယ်။ Lenovo က သူ့ရဲ့ Android Tablets တွေနဲ့ ကွဲပြားတဲ့ Smart Tab တွေကို အရင်က ရောင်းချခဲ့ဖူးပါတယ်။ Smart Tab P10 နဲ့ Smart Tab M10 တို့ကို ဒီနှစ် အစောပိုင်းက မိတ်ဆက်ခဲ့ပြီး ၁၀ လက်မ Display နဲ့ Alexa Smart Assistant တွေပါပါတယ်။ အသစ် ၂ ခုမှာတော့ Google Assistant ထည့်ထားပါတယ်။

Lenovo Smart Tab M8 ဟာ Smart Tab M10 ရဲ့ စွမ်းရည်နိမ့် မော်ဒယ် ဖြစ်ပေမယ့် Alexa အစား Google Assistant အစားထိုးထားပါတယ်။ Smart Tab M8 မှာ MediaTek A22 SoC, Dual Stereo Speakers နဲ့ HD Screen တွေ ပါပါတယ်။ Google Assistant စွမ်းရည်တွေကို သုံးနိုင်မယ့် Smart Charging Station ထည့်ထားပါတယ်။ ၁၄၉ ယူရို သတ်မှတ်ထားပြီး အောက်တိုဘာလမှာ ရောင်းမှာပါ။ မြန်မာငွေ ၂၅၀,၀၀၀ လောက်ရှိပါတယ်။

Lenovo Yoga Smart Tab ကတော့ ပိုလန်းပြီး နာမည်ကျော် Yoga Laptop Series တွေရဲ့ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေကို သုံးထားပါတယ်။ ဒါပေမယ့် ခေါက်ချိုးနိုင်တဲ့ ကီးဘုတ်တော့ မပါပါဘူး။ ၁၀ လက်မ Full HD Display နဲ့ Kickstand ထည့်ထားပါတယ်။ ရုပ်ရှင်ကြည့်တဲ့ အခါမှာ Standing, Sitting, Reclining နဲ့ Lying Down စတဲ့ Modes ၄ မျိုးကို သုံးနိုင်ပါတယ်။ Octa-core Snapdragon 439 Processor နဲ့ Dual JBL Hi-Fi Speakers တွေ ထည့်ထားပါတယ်။ Google Assistant ထည့်ထားပြီး ၂၉၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၀၀,၀၀၀ လောက်ရှိပြီး ဒီလထဲမှာ ရောင်းမှာပါ။

Lenovo Smart Display 7 မှာ ၇ လက်မ SD Touchscreen ပါပါတယ်။ အရင်ကတော့ ဈေးကွက်ထဲမှာ ၈ လက်မနဲ့ ၁၀ လက်မ မော်ဒယ်တွေကို ရောင်းချပေးထားပါတယ်။ မော်ဒယ် အသစ်မှာ ဒီဇိုင်းကို အဆင့်မြှင့်ထားပြီး မျက်နှာပြင်ဘေးဘောင်တွေဟာ ပါးလွှာလာပါတယ်။ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စပီကာတွေ တပ်ထားပါတယ်။ ၁၂၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၂၂၀,၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina