Lenovo Z5 ဟာဆိုရင် ကောလဟာလတွေ အများကြီးထွက်ထားသလို Smartphone လောကကို ဂယက်ထ သွားစေလောက်တဲ့ Feature တွေ Specification တွေ ပါလာမယ် ဆိုပြီး နာမည်ကြီးနေတာပါ။ ဒီလိုဖုန်းကို လာမယ့် ဇွန်လ ၅ ရက် နေ့မှာ Launch လုပ်မယ်ဆိုပြီး Lenovo ဟာ နောက်ဆုံးတော့ တရားဝင် ကြေညာလိုက်ပါပြီ။

Source: gadgetsinnepal.com.np

ကောလဟာလတွေ အရတော့ Lenovo Z5 ဟာ 45 – Days Stand-by ထားနိုင်တဲ့ Battery နဲ့ Storage 4TB ကို Bezel-Less Display သုံးထားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Display နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ကိုတော့ ဘယ်သူမှ သေချာ မသိကြသေးပါဘူး။

Source: Wccftech

ဒါ့အပြင် 45 – Days Stand-by ထားနိုင်တဲ့ Battery သက်တမ်းလို ကောလဟာလမျိုးဟာ မျက်စိမှိတ် ယုံလို့မရပါဘူး။ အကြောင်းကတော့ တချို့တရုတ် Social Media တွေဟာ သတင်းတချို့ကို ပုံကြီးချဲ့တတ်လို့ပါ။ ဥပမာပြောရရင် 45 – Hours Stand-by ကနေ 45 – Days Stand-by Battery လိုသတင်းမျိုးပါ။

Source: android authority

ဖုန်းတစ်လုံး Launch လုပ်တော့မယ်ဆို ကောလဟာလတွေကတော့ ထွက်နေကျပါ။ ဒါပေမယ့် ဒီလို သာမန်ထက်ပိုတဲ့ ကောလဟာလတွေ ထွက်ထားတဲ့ Lenovo Z5 လိုဖုန်းမျိုး Launch လုပ်တော့မယ်ဆိုတော့ အားလုံးလည်းရင်ခုန်နေကြမယ်လို့ထင်ပါတယ်။