Zawgyi
Lenovo Z5 Pro ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ့် ဈေးနှုန်းကတော့ RAM 6GB/ Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၉၉၈ ယွမ် (မြန်မာငွေ ၄၆၀,၀၀၀ ဝန်းကျင်)၊ RAM 6GB/ Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၂၂၉၈ ယွမ် (မြန်မာငွေ ၅၃၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Ref: gadgets.ndtv
Unicode
In-display Fingerprint နဲ့ Camera Slider တွေပါတဲ့ Z5 Pro ကို စျေးသက်သက်သာသာနဲ့ ရောင်းချလိုက်တဲ့ Lenovo
Lenovo Z5 Pro ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Z5 Pro ဟာ Camera Slider ကို အသုံးပြုထားတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်တာကြောင့် Notch တော့ ပါဝင်မှာ မဟုတ်ပါဘူး။ Notch မပါတဲ့အတွက် Screen-to-body ratio ကလည်း 95.06% အထိရှိလာတယ်လို့ Lenovo က ပြောကြားထားပါတယ်။ ဒါ့အပြင် Camera Slider ရဲ့ ခံနိုင်အားကိုလည်း အကြိမ်ပေါင်း ၃သိန်းအထိ စမ်းသပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ Security အပိုင်းမှာဆိုရင် In-display Fingerprint Sensor ကို ထည့်သွင်းပေးထားပြီး Face Unlock စနစ်အတွက် Infrared (IR) Sensor လည်း ပါဝင်ဦးမှာပါ။
Lenovo Z5 Pro Specifications
Processor အပိုင်းအတွက် Qualcomm Snapdragon 710 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ Display အပိုင်းအတွက် 6.39” FHD+ Super AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။
ကင်မရာ အပိုင်းမှာဆိုရင် Aperture f/1.8 ရှိတဲ့ 16MP+24MP Camera Sensor တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး Camera Slider ထဲမှာတော့ 16MP (f/2.2) + 8MP IR Sensor တွေကို ထည့်သွင်းတပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3350mAh ထည့်သွင်းပေးထားပြီး အမြန်အားသွင်းစနစ်လည်း ပါဝင်မှာပါ။
Lenovo Z5 Pro ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 6GB/ Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၉၉၈ ယွမ် (မြန်မာငွေ ၄၆၀,၀၀၀ ဝန်းကျင်)၊ RAM 6GB/ Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၂၂၉၈ ယွမ် (မြန်မာငွေ ၅၃၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Ref: gadgets.ndtv