[Zawgyi]

Lenovo ဟာ ဘာစီလိုနာမွာ က်င္းပတဲ့ MWC ပြဲမတိုင္မီ လပိုင္းေလာက္အလိုကတည္းက သူ႔ရဲ႕ ဖုန္းအခ်ိဳ႕ကို မိတ္ဆက္ေပးခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ Lenovo ဟာ စမတ္ဖုန္းပိုင္းမွာလည္း အျခားၿပိဳင္ဘက္ေတြနည္းတူ နည္းပညာသစ္ဆီ ေရာက္ရွိႏိုင္ဖို႔ ႀကိဳးပမ္းထားတာကိုေတာ့ သံသယ ျဖစ္စရာမလိုဘူးလို႔ ဆိုႏိုင္ပါတယ္။

Lenovo ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက သူတို႔ကုမၸဏီအေနနဲ႔ ၂၀၁၉ ရဲ႕ နည္းပညာသစ္တစ္ခုျဖစ္တဲ့ 5G ကြန္ရက္သုံးစြဲမႈနဲ႔ ဆက္စပ္ပစၥည္းေတြအေပၚမွာ အာ႐ုံစိုက္ထားေၾကာင္း၊ ဒီအတြက္ ေရရွည္စီမံကိန္းေတြ ခ်မွတ္ထားၿပီးျဖစ္သလို၊ ေရတိုစီမံကိန္းေတြကိုလည္း အေကာင္အထည္ေဖာ္ေနေၾကာင္း ေျပာသြားခဲ့ပါတယ္။

အထူးသျဖင့္ ႏွစ္အနည္းငယ္အတြင္း High-Resolution ဗြီဒီယိုနဲ႔ ႐ုပ္ပုံေတြဟာ ဝက္ဘ္ေတြမွာ ႀကီးႀကီးမားမား ေနရာယူလာေတာ့မွာ ျဖစ္တဲ့အတြက္ Lenovo အေနနဲ႔လည္း ေဈးကြက္ရဲ႕ ေတာင္းဆိုမႈကို ျဖည့္ဆည္းေပးဖို႔အတြက္ အရွိန္ျမႇင့္ေဆာင္႐ြက္ေနၿပီလို႔ ဆိုပါတယ္။

Lenovo Z6 Pro ကေတာ့ လာမယ့္ ဇြန္လအတြင္း တစ္ရက္ရက္မွာ ျဖန႔္ခ်ိေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီစမတ္ဖုန္းဟာ ေခတ္သစ္နည္းပညာျဖစ္တဲ့ 5G ကြန္ရက္ခ်ိတ္ဆက္ျခင္းလည္း ေဆာင္႐ြက္ႏိုင္တဲ့အျပင္ HyperVision Camera သစ္ကလည္း Hyper Video ေတြကို ႐ိုက္ကူးဖမ္းယူလို႔ ရတယ္လို႔ သိရပါတယ္။

အခုအခ်ိန္ထိကေတာ့ Hyper Video ဟာ အေခၚအေဝၚအားျဖင့္ပဲ သိရွိရေသးတာျဖစ္ၿပီး Lenovo ကေတာ့ သိပ္မၾကာခင္အခ်ိန္အေတာအတြင္းမွာ ဒီေဝါဟာရရဲ႕ ေနာက္က အေသးစိတ္အေၾကာင္းအရာေတြကို ထုတ္ေဖာ္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

Ref: GSMArena

[Unicode]

5G စမတ်ဖုန်းဖြစ်တဲ့ Lenovo Z6 Pro ဟာ HyperVision camera နဲ့ဖြစ်ကြောင်း သိရ

Lenovo ဟာ ဘာစီလိုနာမှာ ကျင်းပတဲ့ MWC ပွဲမတိုင်မီ လပိုင်းလောက်အလိုကတည်းက သူ့ရဲ့ ဖုန်းအချို့ကို မိတ်ဆက်ပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။ Lenovo ဟာ စမတ်ဖုန်းပိုင်းမှာလည်း အခြားပြိုင်ဘက်တွေနည်းတူ နည်းပညာသစ်ဆီ ရောက်ရှိနိုင်ဖို့ ကြိုးပမ်းထားတာကိုတော့ သံသယ ဖြစ်စရာမလိုဘူးလို့ ဆိုနိုင်ပါတယ်။

Lenovo ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ကုမ္ပဏီအနေနဲ့ ၂၀၁၉ ရဲ့ နည်းပညာသစ်တစ်ခုဖြစ်တဲ့ 5G ကွန်ရက်သုံးစွဲမှုနဲ့ ဆက်စပ်ပစ္စည်းတွေအပေါ်မှာ အာရုံစိုက်ထားကြောင်း၊ ဒီအတွက် ရေရှည်စီမံကိန်းတွေ ချမှတ်ထားပြီးဖြစ်သလို၊ ရေတိုစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်နေကြောင်း ပြောသွားခဲ့ပါတယ်။

အထူးသဖြင့် နှစ်အနည်းငယ်အတွင်း High-resolution ဗွီဒီယိုနဲ့ ရုပ်ပုံတွေဟာ ဝက်ဘ်တွေမှာ ကြီးကြီးမားမား နေရာယူလာတော့မှာ ဖြစ်တဲ့အတွက် Lenovo အနေနဲ့လည်း ဈေးကွက်ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့အတွက် အရှိန်မြှင့်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

Lenovo Z6 Pro ကတော့ လာမယ့် ဇွန်လအတွင်း တစ်ရက်ရက်မှာ ဖြန့်ချိတော့မယ်လို့ မျှော်လင့်ရပါတယ်။ ဒီစမတ်ဖုန်းဟာ ခေတ်သစ်နည်းပညာဖြစ်တဲ့ 5G ကွန်ရက်ချိတ်ဆက်ခြင်းလည်း ဆောင်ရွက်နိုင်တဲ့အပြင် HyperVision camera သစ်ကလည်း Hyper Video တွေကို ရိုက်ကူးဖမ်းယူလို့ ရတယ်လို့ သိရပါတယ်။

အခုအချိန်ထိကတော့ Hyper Video ဟာ အခေါ်အဝေါ်အားဖြင့်ပဲ သိရှိရသေးတာဖြစ်ပြီး Lenovo ကတော့ သိပ်မကြာခင်အချိန်အတောအတွင်းမှာ ဒီဝေါဟာရရဲ့ နောက်က အသေးစိတ်အကြောင်းအရာတွေကို ထုတ်ဖော်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: GSMArena