Zawgyi

Lenovo အေနနဲ႔ ၿပီးခဲ့တဲ့ ေမလတုန္းက Screen-to-body ratio 95% အထိရွိတဲ့ Notchless Display အသုံးျပဳ Lenovo Z5 ရဲ႕ Teaser ဓာတ္ပုံတစ္ပုံကို လူမႈ႕ကြန္ရက္ တစ္ခုမွာ ျဖန္႔ေဝခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ Teaser ဓာတ္ပုံေၾကာင့္ Lenovo ပရိတ္သတ္မ်ားက Z5 ထြက္ရွိလာမယ့္ေန႔ကို စိတ္ဝင္တစား ေမွ်ာ္လင့္ေစာင့္စားခဲ့ၾကပါတယ္။

Teaser Photo vs Original Photo

တကယ္ ထြက္ရွိလာတဲ့အခါမွာေတာ့ Lenovo Z5 ဟာ Notch ပါဝင္တဲ့အျပင္ Screen-to-body ratio ကလည္း 90% ေလာက္ဘဲ ရွိတာေၾကာင့္ လူအမ်ားရဲ႕ အမ်က္ေဒါသထြက္ျခင္းကို Lenovo တို႔ ခါးစည္းၿပီး ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း Lenovo Z5 ေရာင္းအားကေတာ့ တ႐ုတ္ျပည္မွာ ေတာ္ေတာ္ေလး ေကာင္းမြန္ခဲ့တယ္လို႔ သိရပါတယ္။

ဒီေန႔မွာေတာ့ Lenovo Z5 Pro ကို မိတ္ဆက္ဖို႔အတြက္ အဆင္သင့္ ျဖစ္ေနၿပီလို႔ သိရပါတယ္။ အဆိုပါ Z5 Pro ကေတာ့ အမွန္တကယ္ Notchless Display ကို အသုံးျပဳထားႏိုင္ၿပီး Vivo NEX S တို႔၊ Oppo Find X တို႔လိုမ်ိဴး Pop-up selfie Camera နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ ဒါ့အျပင္ In-display Fingerprint နည္းပညာလည္း အသုံးျပဳထားႏိုင္ပါေသးတယ္။ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ ၿပီးခဲ့တဲ့ ေမလတုန္းက Tease လုပ္ခဲ့တဲ့ ဓာတ္ပုံဟာ Lenovo Z5 ရဲ႕ ဓာတ္ပုံ မဟုတ္ဘဲ Z5 Pro ရဲ႕ ဓာတ္ပုံျဖစ္ႏိုင္ေၾကာင္း သုံးသပ္ထားၾကပါတယ္။ Lenovo Z5 တုန္းကလိုဘဲ ဂ်င္းထပ္ထည့္မွာလား၊ အေျပာနဲ႔ အလုပ္ညီေအာင္ သက္ေသျပႏိုင္မလား ဆိုတာကိုေတာ့ လာမယ့္ ေအာက္တိုဘာလ ၁၁ရက္ေန႔ကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Ref: phonearena

Unicode

Notchless Display နဲ့ In-display Fingerprint ပါမယ့် Lenovo Z5 Pro ကို အောက်တိုဘာလ ၁၁ရက်နေ့မှာ မိတ်ဆက်သွားမည်

Lenovo အနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းက Screen-to-body ratio 95% အထိရှိတဲ့ Notchless Display အသုံးပြု Lenovo Z5 ရဲ့ Teaser ဓာတ်ပုံတစ်ပုံကို လူမှု့ကွန်ရက် တစ်ခုမှာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Teaser ဓာတ်ပုံကြောင့် Lenovo ပရိတ်သတ်များက Z5 ထွက်ရှိလာမယ့်နေ့ကို စိတ်ဝင်တစား မျှော်လင့်စောင့်စားခဲ့ကြပါတယ်။

တကယ် ထွက်ရှိလာတဲ့အခါမှာတော့ Lenovo Z5 ဟာ Notch ပါဝင်တဲ့အပြင် Screen-to-body ratio ကလည်း 90% လောက်ဘဲ ရှိတာကြောင့် လူအများရဲ့ အမျက်ဒေါသထွက်ခြင်းကို Lenovo တို့ ခါးစည်းပြီး ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း Lenovo Z5 ရောင်းအားကတော့ တရုတ်ပြည်မှာ တော်တော်လေး ကောင်းမွန်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ Lenovo Z5 Pro ကို မိတ်ဆက်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ အဆိုပါ Z5 Pro ကတော့ အမှန်တကယ် Notchless Display ကို အသုံးပြုထားနိုင်ပြီး Vivo NEX S တို့၊ Oppo Find X တို့လိုမျိူး Pop-up selfie Camera နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဒါ့အပြင် In-display Fingerprint နည်းပညာလည်း အသုံးပြုထားနိုင်ပါသေးတယ်။ ကျွမ်းကျင်ပညာရှင်များကတော့ ပြီးခဲ့တဲ့ မေလတုန်းက Tease လုပ်ခဲ့တဲ့ ဓာတ်ပုံဟာ Lenovo Z5 ရဲ့ ဓာတ်ပုံ မဟုတ်ဘဲ Z5 Pro ရဲ့ ဓာတ်ပုံဖြစ်နိုင်ကြောင်း သုံးသပ်ထားကြပါတယ်။ Lenovo Z5 တုန်းကလိုဘဲ ဂျင်းထပ်ထည့်မှာလား၊ အပြောနဲ့ အလုပ်ညီအောင် သက်သေပြနိုင်မလား ဆိုတာကိုတော့ လာမယ့် အောက်တိုဘာလ ၁၁ရက်နေ့ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: phonearena