Zawgyi
အခုဆိုရင်Lenovo ဟာသူတို့ရဲ့မျိုးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့Z5s ကိုလာမယ့်ဒီဇင်ဘာလ၁၇ရက်နေ့မှာတရားဝင်မိတ်ဆက်နိုင်ဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။Lenovo Z5s ကိုမျက်ဝါးထင်ထင်မြင်တွေ့ရဖို့အတွက်၎ရက်လောက်လိုနေသေးပေမယ့်၊Z5s နဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကတော့ဒီနေ့ပဲထွက်ပေါ်လာပါတယ်။
Ref: gizmochina
Unicode
ကင်မရာအပိုင်းမXiaomi Mi 8 ကို၂ခါပြန်သတ်လို့ရတယ်ဆိုပြီးောင်ပြောင်သရော်လိုက်တဲ့Lenovo Z5s
အခုဆိုရင်Lenovo ဟာသူတို့ရဲ့မျိူးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့Z5s ကိုလာမယ့်ဒီဇင်ဘာလ၁၇ရက်နေ့မှာတရားဝင်မိတ်ဆက်နိုင်ဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။Lenovo Z5s ကိုမျက်ဝါးထင်ထင်မြင်တွေ့ရဖို့အတွက်၄ရက်လောက်လိုနေသေးပေမယ့်၊Z5s နဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကတော့ဒီနေ့ပဲထွက်ပေါ်လာပါတယ်။
Lenovo Z5s နဲ့ရိုက်ကူးထားတဲ့ပုံတွေတင်မဟုတ်ပါဘူး။Xiaomi ရဲ့Mi 8 ကိုပါလှောင်ပြောင်သရော်ထားတဲ့Teaser ဓာတ်ပုံပါပေါ်ထွက်လာတာပါ။Lenovo ကတော့Triple Camera Setup နဲ့ပွဲထွက်လာမယ့်Z5s ရဲ့ကင်မရာစွမ်းဆောင်ရည်ကXiaomi Mi 8 ထက်ပိုသာကြောင်းကြွားလုံးထုတ်ထားပါတယ်။ Lenovo ရဲ့လှောင်ပြောင်သရော်တာကိုခံခဲ့ရတဲ့Xiaomi Mi 8 ကလည်းခေသူတော့မဟုတ်ပါ။
Mi 8 ဟာလက်ရှိDxOMark Mobile မှာဆိုရင်ရမှတ်၉၉မှတ်နဲ့အတူအမှတ်ပေးဇယားရဲ့အဆင့်၉နေရာမှာရပ်တည်နေတဲ့ဆရာကြီးတွေထဲကဆရာကြီးတစ်ပါးပါ။ဒီလိုမျိူးဆရာကြီးတစ်ပါးကိုတောင်စိန်ခေါ်ရဲတဲ့Lenovo Z5s ရဲ့သတ္တိကလည်းနည်းမှာမဟုတ်ပါဘူး။အပြောနဲ့အလုပ်တကယ်ဟုတ်မဟုတ်ဆိုတာကတော့Reviewers တွေရဲ့သုံးသပ်ချက်နဲ့DxOMark ရဲ့ဆုံးဖြတ်ချက်တွေကိုစောင့်ကြည့်ရမှာပါ။
Ref: gizmochina