Zawgyi

Lenovo အေနနဲ႔ Z5 စီးရီးေတြရဲ႕ မ်ိဴးဆက္သစ္ျဖစ္တဲ့ Lenovo Z5s ကို မနက္ျဖန္ ဒီဇင္ဘာလ ၁၈ရက္ေန႔မွာ လူအမ်ားရဲ႕ ေရွ႕ေမွာက္ကို တရားဝင္ ခ်ျပေတာ့မွာ ျဖစ္ပါတယ္။ Lenovo Z5s နဲ႔ပတ္သတ္ၿပီး ေလာေလာဆယ္ နာမည္ႀကီးေနတဲ့ သတင္းေတြကေတာ့ Lenovo Z5s မွာ RAM 10GB နဲ႔ Triple Camera Setup ေတြပါဝင္လာမယ္ဆိုတဲ့ သတင္းေတြပါ။

ဒီသတင္းေတြကို Lenovo ရဲ႕ Vice President ျဖစ္သူ Chang Cheng က Teaser Posters ေတြျပသၿပီး Weibo ကေန တစ္ဆင့္ သူကိုယ္တိုင္ ျဖန္႔ေဝခဲ့တာ ျဖစ္ပါတယ္။ Teaser Posters ေတြအရဆိုရင္ Z5s မွာ Punch Hole Display ေတြအစား Notch Display ကိုသာ အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ 8GB ထက္ပိုတဲ့ RAM ပမာဏကိုလည္း ထည့္သြင္းထားေၾကာင္း ေဖာ္ျပထားတဲ့အတြက္ Lenovo Z5s မွာ RAM 10GB အထိ ပါဝင္လာႏိုင္ပါတယ္။

ေနာက္တစ္ခ်က္ေတာ့ Z5s ရဲ႕ ကင္မရာနဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြပါ။ အဆိုပါေတြ ဓာတ္ပုံေတြမွာ Lenovo Z5s, AI Triple Camera ဆိုတဲ့ Watermarks ပါဝင္ေနတာေၾကာင့္ Z5s ရဲ႕ ေက်ာဘက္ ကင္မရာကို ၃လုံးအထိ တပ္ဆင္ထားႏိုင္ပါတယ္။ ဒါ့အျပင္ Artificial Intelligence လို႔ေခၚတဲ့ A.I. နည္းပညာ အေထာက္အပံ့ေတြလည္း ပါဝင္ဦးမွာပါ။

တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ Lenovo Z5s ရဲ႕ Processor အပိုင္းအတြက္ Snapdragon 678 SoC ဒါမွမဟုတ္ Snapdragon 710 SoC ကို အသုံးျပဳထားႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ Lenovo Z5s ရဲ႕ အေၾကာင္းေတြကို ဒီထက္ပိုၿပီး သိခ်င္ေသးတယ္ဆိုရင္ေတာ့ မနက္ျဖန္မွာ မိတ္ဆက္သြားမယ့္ Lenovo Z5s မိတ္ဆက္ပြဲကို ေစာင့္ၾကည့္ရမွာပါ။

Ref : indianexpress

Unicode

RAM 10GB နဲ့ Triple Camera Setup တွေပါမယ့် Lenovo Z5s

Lenovo အနေနဲ့ Z5 စီးရီးတွေရဲ့ မျိူးဆက်သစ်ဖြစ်တဲ့ Lenovo Z5s ကို မနက်ဖြန် ဒီဇင်ဘာလ ၁၈ရက်နေ့မှာ လူအများရဲ့ ရှေ့မှောက်ကို တရားဝင် ချပြတော့မှာ ဖြစ်ပါတယ်။ Lenovo Z5s နဲ့ပတ်သတ်ပြီး လောလောဆယ် နာမည်ကြီးနေတဲ့ သတင်းတွေကတော့ Lenovo Z5s မှာ RAM 10GB နဲ့ Triple Camera Setup တွေပါဝင်လာမယ်ဆိုတဲ့ သတင်းတွေပါ။

ဒီသတင်းတွေကို Lenovo ရဲ့ Vice President ဖြစ်သူ Chang Cheng က Teaser Posters တွေပြသပြီး Weibo ကနေ တစ်ဆင့် သူကိုယ်တိုင် ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ Teaser Posters တွေအရဆိုရင် Z5s မှာ Punch Hole Display တွေအစား Notch Display ကိုသာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် 8GB ထက်ပိုတဲ့ RAM ပမာဏကိုလည်း ထည့်သွင်းထားကြောင်း ဖော်ပြထားတဲ့အတွက် Lenovo Z5s မှာ RAM 10GB အထိ ပါဝင်လာနိုင်ပါတယ်။

နောက်တစ်ချက်တော့ Z5s ရဲ့ ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပါ။ အဆိုပါတွေ ဓာတ်ပုံတွေမှာ Lenovo Z5s, AI Triple Camera ဆိုတဲ့ Watermarks ပါဝင်နေတာကြောင့် Z5s ရဲ့ ကျောဘက် ကင်မရာကို ၃လုံးအထိ တပ်ဆင်ထားနိုင်ပါတယ်။ ဒါ့အပြင် Artificial Intelligence လို့ခေါ်တဲ့ A.I. နည်းပညာ အထောက်အပံ့တွေလည်း ပါဝင်ဦးမှာပါ။

တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ Lenovo Z5s ရဲ့ Processor အပိုင်းအတွက် Snapdragon 678 SoC ဒါမှမဟုတ် Snapdragon 710 SoC ကို အသုံးပြုထားနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။ Lenovo Z5s ရဲ့ အကြောင်းတွေကို ဒီထက်ပိုပြီး သိချင်သေးတယ်ဆိုရင်တော့ မနက်ဖြန်မှာ မိတ်ဆက်သွားမယ့် Lenovo Z5s မိတ်ဆက်ပွဲကို စောင့်ကြည့်ရမှာပါ။

Ref : indianexpress