[Zawgyi]

Lenovo Z5s ကို ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ Z5s နဲ႔ပတ္သက္ၿပီး စိတ္အဝင္စားရဆုံး သတင္းေတြကေတာ့ တပ္ဆင္ထားမယ့္ Chipset ရယ္၊ ပါဝင္လာမယ့္ RAM ပမာဏရယ္ ကင္မရာပိုင္းရယ္ပဲ ျဖစ္ပါတယ္။

Lenovo Z5s မွာ ေက်ာဘက္ကင္မရာ သုံးလုံးတပ္ဆင္ထားမယ္ဆိုတဲ့ သတင္းေတြကလည္း Official Promo ေတြအျပင္ Z5s နဲ႔ ႐ိုက္ကူးထားတဲ့ ဓါတ္ပုံေတြရဲ႕ Watermark က ျပသထားလို႔ ေသခ်ာသြားပါၿပီ။ RAM ပိုင္းက်ျပန္ေတာ့လည္း ၿပီးခဲ့တဲ့ ရက္ပိုင္းက တရားဝင္ထြက္လာတဲ့ ပိုစတာေတြေၾကာင့္ အနည္းဆုံးေတာ့ 10GB RAM ျဖစ္မယ္လို႔ ခန႔္မွန္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ Lenovo Z5s မွာ Snapdragon 845 အသုံးျပဳထားၿပီး ပါဝင္တဲ့ RAM ပမာဏက 12GB ျဖစ္ေၾကာင္း သတင္းေပါက္ၾကားမႈ ျဖစ္လာပါတယ္။ ဒီပမာဏဟာ Z5s အတြက္ ႀကိဳတင္သတင္းအခ်ိဳ႕နဲ႔ ကြဲလြဲမႈ ျဖစ္ေပၚေနပါတယ္။ ဒီေတာ့ Lenovo Z5s ဟာ Version ႏွစ္မ်ိဳးနဲ႔ ထြက္လာႏိုင္တယ္ဆိုတဲ့ အဓိပၸါယ္သက္ေရာက္ေနပါတယ္။

Lenovo Z5s ရဲ႕ အေျခခံ Version က Snapdragon 678 နဲ႔ ျဖစ္ႏိုင္တယ္လို႔ ဆိုရင္ အခု ျမင္ေတြ႕ရတဲ့ ႐ုပ္ပုံထဲက Snapdragon 845 နဲ႔ Z5s က Ferrari Edition အျဖစ္ သတ္မွတ္ရမယ္လို႔ GSMarena ကေတာ့ သုံးသပ္ထားပါတယ္။ ႐ုပ္ပုံက About Sub-Menu ကို ႐ိုက္ကူးထားတဲ့ ဓါတ္ပုံျဖစ္တာေၾကာင့္ RAM 12GB နဲ႔ Storage 128GB ဆိုတာကို ေတြ႕ျမင္ေနရတာလည္း ျဖစ္ပါတယ္။

ဒီ႐ုပ္ပုံကသာ အမွန္တကယ္ျဖစ္ေနမယ္ဆိုရင္ေတာ့ Lenovo Z5s ရဲ႕ Ferrari Edition က 12GB RAM နဲ႔အတူ အျမန္ဆုံး ဖုန္းတစ္လုံးျဖစ္လာမယ္လို႔ ဆိုရမွာပါ။ တရားဝင္မိတ္ဆက္ဖို႔က အခ်ိန္ဘယ္ေလာက္မွ မလိုေတာ့ဘူးဆိုေတာ့ ရည္ရြယ္ခ်က္ရွိရွိ သတင္းလႊင့္လိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ စိတ္ရွည္ရွည္နဲ႔ သည္းခံေစာင့္ဆိုင္းလိုက္ရင္ေတာ့ မွန္ကန္တိက်တဲ့ တရားဝင္အခ်က္အလက္ေတြကို သိရေတာ့မွာပဲ ျဖစ္ပါတယ္။

Ref: GAMarena

[Unicode]

Lenovo Z5s ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ Z5s နဲ့ပတ်သက်ပြီး စိတ်အဝင်စားရဆုံး သတင်းတွေကတော့ တပ်ဆင်ထားမယ့် Chipset ရယ်၊ ပါဝင်လာမယ့် RAM ပမာဏရယ် ကင်မရာပိုင်းရယ်ပဲ ဖြစ်ပါတယ်။

Lenovo Z5s မှာ ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ထားမယ်ဆိုတဲ့ သတင်းတွေကလည်း Official Promo တွေအပြင် Z5s နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေရဲ့ Watermark က ပြသထားလို့ သေချာသွားပါပြီ။ RAM ပိုင်းကျပြန်တော့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင်ထွက်လာတဲ့ ပိုစတာတွေကြောင့် အနည်းဆုံးတော့ 10GB RAM ဖြစ်မယ်လို့ ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Lenovo Z5s မှာ Snapdragon 845 အသုံးပြုထားပြီး ပါဝင်တဲ့ RAM ပမာဏက 12GB ဖြစ်ကြောင်း သတင်းပေါက်ကြားမှု ဖြစ်လာပါတယ်။ ဒီပမာဏဟာ Z5s အတွက် ကြိုတင်သတင်းအချို့နဲ့ ကွဲလွဲမှု ဖြစ်ပေါ်နေပါတယ်။ ဒီတော့ Lenovo Z5s ဟာ Version နှစ်မျိုးနဲ့ ထွက်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။

Lenovo Z5s ရဲ့ အခြေခံ Version က Snapdragon 678 နဲ့ ဖြစ်နိုင်တယ်လို့ ဆိုရင် အခု မြင်တွေ့ရတဲ့ ရုပ်ပုံထဲက Snapdragon 845 နဲ့ Z5s က Ferrari Edition အဖြစ် သတ်မှတ်ရမယ်လို့ GSMarena ကတော့ သုံးသပ်ထားပါတယ်။ ရုပ်ပုံက About sub-menu ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်တာကြောင့် RAM 12GB နဲ့ Storage 128GB ဆိုတာကို တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။

ဒီရုပ်ပုံကသာ အမှန်တကယ်ဖြစ်နေမယ်ဆိုရင်တော့ Lenovo Z5s ရဲ့ Ferrari Edition က 12GB RAM နဲ့အတူ အမြန်ဆုံး ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ဆိုရမှာပါ။ တရားဝင်မိတ်ဆက်ဖို့က အချိန်ဘယ်လောက်မှ မလိုတော့ဘူးဆိုတော့ ရည်ရွယ်ချက်ရှိရှိ သတင်းလွှင့်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းလိုက်ရင်တော့ မှန်ကန်တိကျတဲ့ တရားဝင်အချက်အလက်တွေကို သိရတော့မှာပဲ ဖြစ်ပါတယ်။

Ref: GAMarena