[Zawgyi]

Lenovo ရဲ႕ Vice President ျဖစ္သူ Chang Cheng ဟာ မၾကာခင္မွာ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္လာမယ့္ Lenovo Z6 ရဲ႕ အခ်က္အလက္တခ်ိဴ႕ကို ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။ ဒီေန႔မွာလည္း Chang Cheng က Lenovo Z6 မွာ အသုံးျပဳထားတဲ့ Display အေၾကာင္းအရာေတြကို ဓာတ္ပုံနဲ႔တကြ ေဖာ္ျပလာပါတယ္။

Chang Cheng ေဖာ္ျပလိုက္တဲ့ ဓာတ္ပုံထဲက အခ်က္အလက္ေတြအရဆိုရင္ Lenovo Z6 မွာ ၆.၃၉လက္မ မ်က္ႏွာျပင္အက်ယ္ရွိ OLED Notch Display အမ်ိဴးအစားကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။ အဆိုပါ Display က HDR10 နဲ႔ DCI-P3 Color Gamut ေတြကို ေထာက္ပံ့ေပးထားတဲ့အျပင္ Brightness ကလည္း 600nits အထိ ရွိတယ္လို႔ သိရပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ 6th Gen In-display Fingerprint Sensor ကိုထည့္သြင္းထားၿပီး ၀.၁၃စကၠန္႔အတြင္းမွာ Unlock လုပ္ႏိုင္မယ္လို႔ ဆိုပါတယ္။

Lenovo Z6 ရဲ႕ Processor အပိုင္းအတြက္ Snapdragon 730 SoC ကို အသုံးျပဳထားမွာျဖစ္ၿပီး RAM အေနနဲ႔ 8GB ပါဝင္လာႏိုင္ပါတယ္။ ေနာက္ေက်ာဘက္မွာ 24MP + 8MP + 5MP Triple Camera Setup ကို တပ္ဆင္ထားႏိုင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 16MP Selfie Camera ကို တပ္ဆင္ထားႏိုင္ပါတယ္။ ဘက္ထရီသိုေလွာင္မႈ ပမာဏ 4000mAh ထည့္သြင္းထားႏိုင္ၿပီး 18W အျမန္အားသြင္းစနစ္ ေထာက္ပံ့ထားႏိုင္ပါတယ္။ Lenovo Z6 ရဲ႕ ေစ်းႏႈန္းကို အတိအက် မသိရေသးေပမယ့္ တ႐ုတ္ေငြ ၁,၉၉၉ ယြမ္ ( ျမန္မာေငြ ၄သိန္းခြဲ ဝန္းက်င္) ကေန တ႐ုတ္ေငြ ၂,၄၉၉ ယြမ္ ( ျမန္မာေငြ ၅သိန္းခြဲ ဝန္းက်င္) ၾကားက်သင့္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Snapdragon 730 နဲ့ Flagship Display တွေသုံးထားမယ့် Lenovo Z6 ဟာ စျေးချိူနိုင်ဖွယ်ရှိ

Lenovo ရဲ့ Vice President ဖြစ်သူ Chang Cheng ဟာ မကြာခင်မှာ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်လာမယ့် Lenovo Z6 ရဲ့ အချက်အလက်တချိူ့ကို ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဒီနေ့မှာလည်း Chang Cheng က Lenovo Z6 မှာ အသုံးပြုထားတဲ့ Display အကြောင်းအရာတွေကို ဓာတ်ပုံနဲ့တကွ ဖော်ပြလာပါတယ်။

Chang Cheng ဖော်ပြလိုက်တဲ့ ဓာတ်ပုံထဲက အချက်အလက်တွေအရဆိုရင် Lenovo Z6 မှာ ၆.၃၉လက်မ မျက်နှာပြင်အကျယ်ရှိ OLED Notch Display အမျိူးအစားကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ အဆိုပါ Display က HDR10 နဲ့ DCI-P3 Color Gamut တွေကို ထောက်ပံ့ပေးထားတဲ့အပြင် Brightness ကလည်း 600nits အထိ ရှိတယ်လို့ သိရပါတယ်။ လုံခြုံရေးအပိုင်းအတွက် 6th Gen In-display Fingerprint Sensor ကိုထည့်သွင်းထားပြီး ၀.၁၃စက္ကန့်အတွင်းမှာ Unlock လုပ်နိုင်မယ်လို့ ဆိုပါတယ်။

Lenovo Z6 ရဲ့ Processor အပိုင်းအတွက် Snapdragon 730 SoC ကို အသုံးပြုထားမှာဖြစ်ပြီး RAM အနေနဲ့ 8GB ပါဝင်လာနိုင်ပါတယ်။ နောက်ကျောဘက်မှာ 24MP + 8MP + 5MP Triple Camera Setup ကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Selfie Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီသိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းထားနိုင်ပြီး 18W အမြန်အားသွင်းစနစ် ထောက်ပံ့ထားနိုင်ပါတယ်။ Lenovo Z6 ရဲ့ စျေးနှုန်းကို အတိအကျ မသိရသေးပေမယ့် တရုတ်ငွေ ၁,၉၉၉ ယွမ် ( မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်) ကနေ တရုတ်ငွေ ၂,၄၉၉ ယွမ် ( မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်) ကြားကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina