[Zawgyi]

Lenovo က ေဘဂ်င္းမွာ 2019 Lenovo Innovation and Technology Conference ကို က်င္းပေနၿပီး ထုတ္ကုန္ အသစ္ေတြကို မိတ္ဆက္ေနပါတယ္။ အဲဒီထဲမွာ Moto Razr Classic Foldable Phone နဲ႔ ThinkPad X1 Foldable Laptop တို႔လို အလန္းစား ထုတ္ကုန္ေတြ ပါပါတယ္။ ကုမၸဏီက Z6 Pro 5G ရဲ႕ အေရာင္အသစ္ကိုလည္း ျပသလိုက္ပါတယ္။ အျပာရင့္ေရာင္ ျဖစ္ၿပီး အရင္က အနီေရာင္ကို ေၾကညာထားၿပီးပါၿပီ။

Lenovo Z6 Pro 5G ဟာ Snapdragon 855 Chipset ပါတဲ့ စြမ္းရည္ျမင့္ ဖုန္း ျဖစ္ၿပီး ၃,၂၉၉ ယြမ္ပဲရွိတဲ့ ေစ်းအသက္သာဆံုး 5G ဖုန္းလို႔ေတာင္ ေျပာၾကပါတယ္။ ျမန္မာေငြ ၇၁၀,၀၀၀ ေလာက္ရွိပါတယ္။ အဲဒီဖုန္းမွာ ၆.၃၉ လက္မ 1080 x 2340p AMOLED Display ပါၿပီး Waterdrop Notch တပ္ဆင္ထားပါတယ္။ ဆဌမမ်ိဳးဆက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားပါတယ္။

8/256GB ေမာ္ဒယ္ကို ၃,၂၉၉ ယြမ္ သတ္မွတ္ထားၿပီး 512GB Storage ေမာ္ဒယ္လည္း ထုတ္လုပ္ထားပါတယ္။ Coldfront Liquid Cooling နည္းပညာ ပါၿပီး အပူခ်ိန္လြန္ကဲတာကို ကာကြယ္ေပးပါတယ္။

Lenovo Z6 Pro 5G ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး တပ္ဆင္ထားၿပီး 48 MP + 16 MP + 8 MP + 2 MP ေတြ ျဖစ္ပါတယ္။ AI Hyper Video လုပ္ေဆာင္ခ်က္က အလန္းစား Video ေတြ ရိုက္ကူးေပးႏုိင္ပါတယ္။ အေရွ႕ ကင္မရာက 32MP ျဖစ္ၿပီး Android 9 Pie အေျချပဳ ZUI 11 OS ေမာင္းႏွင္ထားပါတယ္။ ဂိမ္းကစားရင္ ဖလန္းဖလန္းထေစမယ့္ Game Turbo လုပ္ေဆာင္ခ်က္ ပါပါတယ္။ 18W Fast Charging ပါတဲ့ 4,000mAh Battery ထည့္ထားပါတယ္။

Ref : gizmochina

[Unicode]

Lenovo Z6 Pro 5G အတွက် အပြာရင့်ရောင် ထွက်လာပြီ

Lenovo က ဘေဂျင်းမှာ 2019 Lenovo Innovation and Technology Conference ကို ကျင်းပနေပြီး ထုတ်ကုန် အသစ်တွေကို မိတ်ဆက်နေပါတယ်။ အဲဒီထဲမှာ Moto Razr Classic Foldable Phone နဲ့ ThinkPad X1 Foldable Laptop တို့လို အလန်းစား ထုတ်ကုန်တွေ ပါပါတယ်။ ကုမ္ပဏီက Z6 Pro 5G ရဲ့ အရောင်အသစ်ကိုလည်း ပြသလိုက်ပါတယ်။ အပြာရင့်ရောင် ဖြစ်ပြီး အရင်က အနီရောင်ကို ကြေညာထားပြီးပါပြီ။

Lenovo Z6 Pro 5G ဟာ Snapdragon 855 Chipset ပါတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပြီး ၃,၂၉၉ ယွမ်ပဲရှိတဲ့ ဈေးအသက်သာဆုံး 5G ဖုန်းလို့တောင် ပြောကြပါတယ်။ မြန်မာငွေ ၇၁၀,၀၀၀ လောက်ရှိပါတယ်။ အဲဒီဖုန်းမှာ ၆.၃၉ လက်မ 1080 x 2340p AMOLED Display ပါပြီး Waterdrop Notch တပ်ဆင်ထားပါတယ်။ ဆဌမမျိုးဆက် မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

8/256GB မော်ဒယ်ကို ၃,၂၉၉ ယွမ် သတ်မှတ်ထားပြီး 512GB Storage မော်ဒယ်လည်း ထုတ်လုပ်ထားပါတယ်။ Coldfront Liquid Cooling နည်းပညာ ပါပြီး အပူချိန်လွန်ကဲတာကို ကာကွယ်ပေးပါတယ်။

Lenovo Z6 Pro 5G ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 48 MP + 16 MP + 8 MP + 2 MP တွေ ဖြစ်ပါတယ်။ AI Hyper Video လုပ်ဆောင်ချက်က အလန်းစား Video တွေ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ ကင်မရာက 32MP ဖြစ်ပြီး Android 9 Pie အခြေပြု ZUI 11 OS မောင်းနှင်ထားပါတယ်။ ဂိမ်းကစားရင် ဖလန်းဖလန်းထစေမယ့် Game Turbo လုပ်ဆောင်ချက် ပါပါတယ်။ 18W Fast Charging ပါတဲ့ 4,000mAh Battery ထည့်ထားပါတယ်။

Ref : gizmochina