[Zawgyi]

Lenovo Z6 Pro ကို ၿပီးခဲ့တဲ့ ဧၿပီလကုန္ပိုင္းတုန္းက တရားဝင္ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Snapdragon 855 Chipset အသုံးျပဳထားတဲ့ Z6 Pro ဟာ ေက်ာဘက္ကင္မရာ ၄ လုံးလည္း တပ္ဆင္ထားပါေသးတယ္။ ဒါ့အျပင္ Lenovo Z6 Pro မွာ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္တဲ့ အမ်ိဳးအစားလည္း ရွိေနပါေသးတယ္။

Lenovo Z6 Pro ရဲ႕ 5G အမ်ိဳးအစားနဲ႔ပတ္သက္ၿပီး ကုမၸဏီရဲ႕ ဒုတိယဥကၠ႒က Transparent black version ထြက္လာဦးမွာျဖစ္တဲ့အေၾကာင္း၊ Explorer Edition လို႔ နာမည္ေပးထားတဲ့အေၾကာင္းလည္း တရားဝင္ ေျပာဆိုအသိေပးခဲ့ပါေသးတယ္။ အလားတူပဲ Z6 Pro 5G အမ်ိဳးအစားရဲ႕ Render အခ်ိဳ႕လည္း ထြက္ေပၚလာပါေသးတယ္။

ဒါေပမယ့္ Transparent Black ဟာ ဘယ္လိုဒီဇိုင္း၊ ဘယ္လိုပုံစံလဲဆိုတာကိုေတာ့ Render ပုံရိပ္က တိတိက်က်မေဖာ္ျပႏိုင္ေသးပါဘူး။ လတ္တေလာခန႔္မွန္းရသေလာက္ေတာ့ ထိေတြ႕ကိုင္တြယ္ရေကာင္းမြန္သလို ပိုၿပီးေတာ့လည္း ၾကည့္လို႔ေကာင္းမယ္ဆိုတာေလာက္ပဲ ရွိပါေသးတယ္။

Lenovo Z6 Pro 5G ဟာ Dual-SIM အေနနဲ႔ ထြက္လာမွာျဖစ္ပါတယ္။ ဒါ့အျပင္ 4G ေရာ 5G ႏွစ္မ်ိဳးစလုံးကို ေထာက္ပံ့ေပးႏိုင္မွာလည္း ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ကြန္ရက္ႏွစ္မ်ိဳးစလုံးကို ခ်ိတ္ဆက္ႏိုင္ေအာင္ ေထာက္ပံ့ေပးတာကေတာ့ အေတာ္ေလးကို ႏွစ္သက္စရာေကာင္းတဲ့ အခ်က္လို႔ဆိုရမွာပါ။ တရားဝင္ မိတ္ဆက္ဖို႔အခ်ိန္ကေတာ့ ေဝးေသးတာေၾကာင့္ ေပါက္ၾကားမႈအခ်ိဳ႕ ထပ္ၿပီထြက္ေပၚလာဖို႔ပဲ ေစာင့္ဆိုင္းရဦးမွာပါ။

Ref: GSMArena

[Unicode]

Transparent Black အမျိုးအစား ထွက်ပေါ်လာဦးမယ့် Lenovo Z6 Pro 5G

Lenovo Z6 Pro ကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းက တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Snapdragon 855 Chipset အသုံးပြုထားတဲ့ Z6 Pro ဟာ ကျောဘက်ကင်မရာ ၄ လုံးလည်း တပ်ဆင်ထားပါသေးတယ်။ ဒါ့အပြင် Lenovo Z6 Pro မှာ 5G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ အမျိုးအစားလည်း ရှိနေပါသေးတယ်။

Lenovo Z6 Pro ရဲ့ 5G အမျိုးအစားနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌက Transparent black version ထွက်လာဦးမှာဖြစ်တဲ့အကြောင်း၊ Explorer Edition လို့ နာမည်ပေးထားတဲ့အကြောင်းလည်း တရားဝင် ပြောဆိုအသိပေးခဲ့ပါသေးတယ်။ အလားတူပဲ Z6 Pro 5G အမျိုးအစားရဲ့ Render အချို့လည်း ထွက်ပေါ်လာပါသေးတယ်။

ဒါပေမယ့် Transparent Black ဟာ ဘယ်လိုဒီဇိုင်း၊ ဘယ်လိုပုံစံလဲဆိုတာကိုတော့ Render ပုံရိပ်က တိတိကျကျမဖော်ပြနိုင်သေးပါဘူး။ လတ်တလောခန့်မှန်းရသလောက်တော့ ထိတွေ့ကိုင်တွယ်ရကောင်းမွန်သလို ပိုပြီးတော့လည်း ကြည့်လို့ကောင်းမယ်ဆိုတာလောက်ပဲ ရှိပါသေးတယ်။

Lenovo Z6 Pro 5G ဟာ Dual-SIM အနေနဲ့ ထွက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် 4G ရော 5G နှစ်မျိုးစလုံးကို ထောက်ပံ့ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ကွန်ရက်နှစ်မျိုးစလုံးကို ချိတ်ဆက်နိုင်အောင် ထောက်ပံ့ပေးတာကတော့ အတော်လေးကို နှစ်သက်စရာကောင်းတဲ့ အချက်လို့ဆိုရမှာပါ။ တရားဝင် မိတ်ဆက်ဖို့အချိန်ကတော့ ဝေးသေးတာကြောင့် ပေါက်ကြားမှုအချို့ ထပ်ပြီထွက်ပေါ်လာဖို့ပဲ စောင့်ဆိုင်းရဦးမှာပါ။

Ref: GSMArena