[Zawgyi]

ေဖေဖာ္ဝါရီလကုန္ပိုင္းေလာက္ကတည္းက Lenovo Z6 Pro နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းေတြထြက္ေပၚေနခဲ့တာ အခုေတာ့ တရားဝင္ေၾကညာမယ့္ရက္ကိုေတာင္ သတ္မွတ္လိုက္ၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ MWC ပြဲမွာတုန္းက Z6 Pro အေၾကာင္းကို Teased လုပ္ခဲ့ေပမယ့္ စမတ္ဖုန္းကိုေတာ့ တစ္ခ်က္ေလးမွ ျမင္ခဲ့ရတာ မဟုတ္ပါဘူး။

အခုေတာ့ ကုမၸဏီရဲ႕ ဒုတိယဥကၠ႒ ျဖစ္တဲ့ Chang Cheng က Lenovo Z6 Pro ကို မတ္လ ၂၇ ရက္ေန႔မွာ ထုတ္ေဖာ္ျပသမယ္လို႔ Weibo ကတစ္ဆင့္ တရားဝင္ အသိေပးလိုက္တာ ျဖစ္ပါတယ္။ Lenovo Z6 Pro ဟာ Flagship ဖုန္းတစ္လုံးအျဖစ္ ထြက္ေပၚလာမယ္၊ ကင္မရာစြမ္းေဆာင္ရည္ပိုင္းမွာ ထူးျခားမႈပါဝင္လာမယ္ဆိုတဲ့အခ်က္ကပဲ ဒီ Z6 Pro နဲ႔ ပတ္သက္ၿပီးသိရသမွ်အကုန္ ျဖစ္ပါတယ္။

Z6 Pro မွာ အသုံးျပဳထားမယ့္ HyperVision Camera သစ္ဟာ Hyper Video ေတြကို ႐ိုက္ကူးႏိုင္မယ္ဆိုတဲ့သတင္းကလည္း အခုအခ်ိန္ထိ ေစ့ေစ့ငုငု သိရေသးတာ မဟုတ္ပါဘူး။ နည္းပညာမီဒီယာတိုင္းဟာ Hyper Video ဆိုတဲ့ အေခၚအေဝၚနဲ႔ပတ္သက္ၿပီး ေနာက္ကြယ္က အေၾကာင္းအရာေတြကို သိရဖို႔ စိတ္ရွည္လက္ရွည္ ေစာင့္ဆိုင္းေနခဲ့ၾကရတာပါ။

Lenovo Z6 Pro ဟာ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ႏိုင္တဲ့ စမတ္ဖုန္းတစ္လုံးလည္း ျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမယ့္ 5G မရတဲ့ အမ်ိဳးအစားကိုလည္း လာမယ့္လထဲမွာ ထုတ္လုပ္လာႏိုင္ဖြယ္ရွိတယ္လို႔ ေကာလာဟလကလည္း ထြက္ေပၚထားပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ လူေတြစိတ္ဝင္စားတာက HyperVision Camera အေၾကာင္းပါပဲ။

ၿပီးခဲ့တဲ့ႏွစ္တုန္းက ထုတ္ခဲ့တဲ့ Z5 Pro ဟာ Snapdragon 710 SoC နဲ႔ျဖစ္ေပမယ့္ ၂၀၁၉ ႏွစ္ဦးပိုင္းမွာ မိတ္ဆက္သြားတဲ့ Z5 Pro GT က Snapdragon 855 နဲ႔ 12GB RAM အသုံးျပဳသြားတဲ့ ပထမဆုံး Lenovo ဖုန္းျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္ HyperVision Camera ဆိုတာဘာလဲ၊ Lenovo Z6 Pro ဆိုတာဘာလဲ သိရဖို႔ ရက္ပိုင္းေလာက္ေတာ့ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

မတ်လ ၂၇ ရက်နေ့မှာ ကြေညာမယ့် HyperVision Camera နဲ့ Lenovo Z6 Pro

ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကတည်းက Lenovo Z6 Pro နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာ အခုတော့ တရားဝင်ကြေညာမယ့်ရက်ကိုတောင် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ MWC ပွဲမှာတုန်းက Z6 Pro အကြောင်းကို Teased လုပ်ခဲ့ပေမယ့် စမတ်ဖုန်းကိုတော့ တစ်ချက်လေးမှ မြင်ခဲ့ရတာ မဟုတ်ပါဘူး။

အခုတော့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ Chang Cheng က Lenovo Z6 Pro ကို မတ်လ ၂၇ ရက်နေ့မှာ ထုတ်ဖော်ပြသမယ်လို့ Weibo ကတစ်ဆင့် တရားဝင် အသိပေးလိုက်တာ ဖြစ်ပါတယ်။ Lenovo Z6 Pro ဟာ Flagship ဖုန်းတစ်လုံးအဖြစ် ထွက်ပေါ်လာမယ်၊ ကင်မရာစွမ်းဆောင်ရည်ပိုင်းမှာ ထူးခြားမှုပါဝင်လာမယ်ဆိုတဲ့အချက်ကပဲ ဒီ Z6 Pro နဲ့ ပတ်သက်ပြီးသိရသမျှအကုန် ဖြစ်ပါတယ်။

Z6 Pro မှာ အသုံးပြုထားမယ့် HyperVision Camera သစ်ဟာ Hyper Video တွေကို ရိုက်ကူးနိုင်မယ်ဆိုတဲ့သတင်းကလည်း အခုအချိန်ထိ စေ့စေ့ငုငု သိရသေးတာ မဟုတ်ပါဘူး။ နည်းပညာမီဒီယာတိုင်းဟာ Hyper Video ဆိုတဲ့ အခေါ်အဝေါ်နဲ့ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရာတွေကို သိရဖို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ကြရတာပါ။

Lenovo Z6 Pro ဟာ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်နိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် 5G မရတဲ့ အမျိုးအစားကိုလည်း လာမယ့်လထဲမှာ ထုတ်လုပ်လာနိုင်ဖွယ်ရှိတယ်လို့ ကောလာဟလကလည်း ထွက်ပေါ်ထားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် လူတွေစိတ်ဝင်စားတာက HyperVision Camera အကြောင်းပါပဲ။

ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်ခဲ့တဲ့ Z5 Pro ဟာ Snapdragon 710 SoC နဲ့ဖြစ်ပေမယ့် ၂၀၁၉ နှစ်ဦးပိုင်းမှာ မိတ်ဆက်သွားတဲ့ Z5 Pro GT က Snapdragon 855 နဲ့ 12GB RAM အသုံးပြုသွားတဲ့ ပထမဆုံး Lenovo ဖုန်းဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် HyperVision Camera ဆိုတာဘာလဲ၊ Lenovo Z6 Pro ဆိုတာဘာလဲ သိရဖို့ ရက်ပိုင်းလောက်တော့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena