[Zawgyi]

Lenovo Z6 Pro နဲ႔ ပတ္သက္တဲ့ ေပါက္ၾကားမႈေတြ ဆက္တိုက္ဆိုသလို ျဖစ္လာၿပီးေနာက္မွာေတာ့ တရားဝင္မိတ္ဆက္တဲ့ အခ်ိန္ကို ေရာက္ခဲ့ၿပီ ျဖစ္ပါတယ္။ တကယ္တမ္း ထြက္လာခ်ိန္မွာ ႀကိဳတင္သတင္းေတြထြက္ခဲ့တဲ့အတိုင္း အခ်ိဳ႕အရာေတြကတူညီေပမယ့္ အခ်ိဳ႕ကေတာ့ အနည္းငယ္ ကြဲလြဲမႈေတြ ရွိလာတာကို ေတြ႕ျမင္ရပါတယ္။

Lenovo Z6 Pro ဟာ Snapdragon 855 Chipset နဲ႔အတူ ေက်ာဘက္ကင္မရာ ၄ လုံးတပ္ဆင္ထားတာကေတာ့ အမွန္ပါပဲ။ Fast Charging စနစ္ ပါဝင္လာၿပီး 4,000mAh ဘက္ထရီကိုလည္း တပ္ဆင္ေပးထားပါေသးတယ္။ မ်က္ႏွာျပင္ဟာ 6.39-inch Super AMOLED အမ်ိဳးအစားျဖစ္ၿပီး ေသးငယ္တဲ့ Waterdrop notch ထဲမွာ Selfie ကင္မရာတစ္လုံး ထည့္သြင္းေပးထားပါတယ္။

Notch ပါတာကလြဲရင္ Bezel ေတြကေတာ့ အေတာ္ေလးက်ဥ္းေျမာင္းတာကိုေတြ႕ျမင္ရပါတယ္။ မ်က္ႏွာျပင္ေအာက္မွာ Fingerprint Sensor ထည့္သြင္းေပးထားတာကေတာ့ စိတ္ေက်နပ္စရာေကာင္းတယ္လို႔ ဆိုရမွာပါ။ Qualcomm Chipset ကို 6/8GB of RAM နဲ႔တြဲဖက္ေပးထားၿပီး သိုေလွာင္မႈကေတာ့ 128GB ျဖစ္ပါတယ္။ အျခားအမ်ိဳးအစားအျဖစ္ 12/512GB ကိုလည္း ထုတ္လုပ္ထားေၾကာင္း သိရပါတယ္။

ေက်ာဘက္ ကင္မရာ၄ လုံးကေတာ့ Live photo ေပါက္ၾကားလာတုန္းကအတိုင္းပါပဲ။ ကင္မရာသုံးလုံးကို တစ္တြဲအျဖစ္ အထက္ေအာက္ စီတန္းထားၿပီး ေအာက္ဆုံးမွာေတာ့ စတုတၳေျမာက္ကင္မရာကို သီးသန႔္ တပ္ဆင္ေပးထားတာျဖစ္ပါတယ္။ ပထမကင္မရာဟာ 16MP wide-angle ျဖစ္ၿပီး၊ ဒုတိယတစ္လုံးကေတာ့ f/1.8 နဲ႔ 48MP အဓိက ကင္မရာျဖစ္ပါတယ္။ တတိယအလုံးကေတာ့ 8MP telephoto lens ျဖစ္ၿပီး စတုတၳေျမာက္အလုံးကေတာ့ 2MP ျဖစ္ပါတယ္။ Notch ထဲက Selfie ကင္မရာကေတာ့ 32MP ျဖစ္ပါတယ္။

Lenovo Z6 Pro ကို Red နဲ႔ Green ဆိုၿပီး အေရာင္ႏွစ္ေရာင္ ထုတ္လုပ္ထားပါတယ္။ ေဈးႏႈန္းေတြကေတာ့ 6/128 GB က CNY2,899 ($430/€385) (၆ သိန္း ၆ ေသာင္းဝန္းက်င္) ျဖစ္ၿပီး , 8/128 GB က CNY2,999 ($450/€400) (၆ သိန္း ၉ ေသာင္းဝန္းက်င္) ျဖစ္ပါတယ္။ 12/512 GB ကေတာ့ CNY4,799 ($715/€635) (10 သိန္း ၉ ေသာင္းဝန္းက်င္) ျဖစ္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

ကျောဘက်ကင်မရာ ၄လုံး၊ 27W Charging နဲ့ Lenovo Z6 Pro ကိုလည်း တရားဝင် မိတ်ဆက်လိုက်ပြီ

Lenovo Z6 Pro နဲ့ ပတ်သက်တဲ့ ပေါက်ကြားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီးနောက်မှာတော့ တရားဝင်မိတ်ဆက်တဲ့ အချိန်ကို ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ တကယ်တမ်း ထွက်လာချိန်မှာ ကြိုတင်သတင်းတွေထွက်ခဲ့တဲ့အတိုင်း အချို့အရာတွေကတူညီပေမယ့် အချို့ကတော့ အနည်းငယ် ကွဲလွဲမှုတွေ ရှိလာတာကို တွေ့မြင်ရပါတယ်။

Lenovo Z6 Pro ဟာ Snapdragon 855 Chipset နဲ့အတူ ကျောဘက်ကင်မရာ ၄ လုံးတပ်ဆင်ထားတာကတော့ အမှန်ပါပဲ။ Fast Charging စနစ် ပါဝင်လာပြီး 4,000mAh ဘက်ထရီကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။ မျက်နှာပြင်ဟာ 6.39-inch Super AMOLED အမျိုးအစားဖြစ်ပြီး သေးငယ်တဲ့ Waterdrop notch ထဲမှာ Selfie ကင်မရာတစ်လုံး ထည့်သွင်းပေးထားပါတယ်။

Notch ပါတာကလွဲရင် Bezel တွေကတော့ အတော်လေးကျဉ်းမြောင်းတာကိုတွေ့မြင်ရပါတယ်။ မျက်နှာပြင်အောက်မှာ Fingerprint Sensor ထည့်သွင်းပေးထားတာကတော့ စိတ်ကျေနပ်စရာကောင်းတယ်လို့ ဆိုရမှာပါ။ Qualcomm Chipset ကို 6/8GB of RAM နဲ့တွဲဖက်ပေးထားပြီး သိုလှောင်မှုကတော့ 128GB ဖြစ်ပါတယ်။ အခြားအမျိုးအစားအဖြစ် 12/512GB ကိုလည်း ထုတ်လုပ်ထားကြောင်း သိရပါတယ်။

ကျောဘက် ကင်မရာ၄ လုံးကတော့ Live photo ပေါက်ကြားလာတုန်းကအတိုင်းပါပဲ။ ကင်မရာသုံးလုံးကို တစ်တွဲအဖြစ် အထက်အောက် စီတန်းထားပြီး အောက်ဆုံးမှာတော့ စတုတ္ထမြောက်ကင်မရာကို သီးသန့် တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ပထမကင်မရာဟာ 16MP wide-angle ဖြစ်ပြီး၊ ဒုတိယတစ်လုံးကတော့ f/1.8 နဲ့ 48MP အဓိက ကင်မရာဖြစ်ပါတယ်။ တတိယအလုံးကတော့ 8MP telephoto lens ဖြစ်ပြီး စတုတ္ထမြောက်အလုံးကတော့ 2MP ဖြစ်ပါတယ်။ Notch ထဲက Selfie ကင်မရာကတော့ 32MP ဖြစ်ပါတယ်။

Lenovo Z6 Pro ကို Red နဲ့ Green ဆိုပြီး အရောင်နှစ်ရောင် ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းတွေကတော့ 6/128 GB က CNY2,899 ($430/€385) (၆ သိန်း ၆ သောင်းဝန်းကျင်) ဖြစ်ပြီး , 8/128 GB က CNY2,999 ($450/€400) (၆ သိန်း ၉ သောင်းဝန်းကျင်) ဖြစ်ပါတယ်။ 12/512 GB ကတော့ CNY4,799 ($715/€635) (10 သိန်း ၉ သောင်းဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMArena