Zawgyi

Lenovo ကုမၸဏီရဲ႕ အႀကီးအကဲ Chang Cheng ဟာ လာမယ့္ၾကာသပေတးေန႔မွာ ထြက္ရွိလာမယ့္ Lenovo Z6 စမတ္ဖုန္းသစ္အတြက္ ေနာက္ထပ္အခ်က္အလက္ေတြ ထပ္ခ်ျပလိုက္ပါတယ္။ ၿပီးခဲ့တဲ့ အပတ္က ဒီဖုန္းနဲ႔ပတ္သက္ၿပီး ထြက္ရွိခဲ့တဲ့ သတင္းေတြနဲ႔အတူ က်န္ေသးတဲ့ Specs ေတြကို အတည္ျပဳႏုိင္ခဲ့ပါၿပီ။

Lenovo Z6 ဖုန္းမွာ 6.39” လက္မအရြယ္ OLED Display ပါဝင္ၿပီး HDR10 ေထာက္ပံ့ေပးႏုိင္သလို စမ္းသပ္စဥ္မွာ 120Hz ႏႈန္းရွိပါတယ္။ သူ႕မွာ Waterdrop Notch ေသးေသးေလးတစ္ခုပါမွာျဖစ္ၿပီး Screen-to-Body အခ်ဳိးက ၉၃.၁% ထိရွိမွာပါ။

အတြင္းပိုင္းမွာေတာ့ ခ်စ္ပ္ဆက္ကို Qualcomm ရဲ႕ေနာက္ဆုံးေပၚ Upper Mid-range တန္းအဆင့္ Snapdragon 730 ကိုေရြးခ်ယ္ထားပါတယ္။ ေနာက္ဘက္မွာ 24MP Sony IMX576 ကို 8MP Lens တစ္ခုနဲ႔ 5MP Depth Sensor တုိ႔တြဲဖက္ထားတဲ့ Triple-camera ကို အသုံးခ်လာပါတယ္။

ဖုန္းအသစ္ဟာ 4,000 mAh ဘကၳရီပါဝင္ၿပီး 15W အားအျမန္သြင္းစနစ္ပါဝင္မွာပါ။ Lenovo ကေတာ့ အလားတူဘကၳရီပမာဏနဲ႔ ဖုန္းေတြထဲမွာ Z6 ဟာအေပါ့ပါးဆုံးျဖစ္တယ္လို႔ ေၾကျငာလာၿပီး စုစုေပါင္းအေလးခ်ိန္ ၁၅၉ ဂရမ္သာရွိမယ္လို႔ သိရပါတယ္။

အဓိက Specs ေတြ အားလုံးနီးပါးသိရၿပီးတဲ့ေနာက္မွာေတာ့ လာမယ့္ဇူလိုင္လ ၄ ရက္ေန႔မွာ က်င္းပမယ့္ မိတ္ဆက္ပြဲမွာ Lenovo Z6 ရဲ႕ ေစ်းႏႈန္းနဲ႔ ေစ်းကြက္ထဲဝင္လာမယ့္ ရက္ေတြကိုသာ ေစာင့္ေမွ်ာ္ရေတာ့မွာပါ။

Ref – GSM Arena

Unicode

Lenovo ကုမ္ပဏီရဲ့ အကြီးအကဲ Chang Cheng ဟာ လာမယ့်ကြာသပတေးနေ့မှာ ထွက်ရှိလာမယ့် Lenovo Z6 စမတ်ဖုန်းသစ်အတွက် နောက်ထပ်အချက်အလက်တွေ ထပ်ချပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဒီဖုန်းနဲ့ပတ်သက်ပြီး ထွက်ရှိခဲ့တဲ့ သတင်းတွေနဲ့အတူ ကျန်သေးတဲ့ Specs တွေကို အတည်ပြုနိုင်ခဲ့ပါပြီ။

Lenovo Z6 ဖုန်းမှာ 6.39” လက်မအရွယ် OLED Display ပါဝင်ပြီး HDR10 ထောက်ပံ့ပေးနိုင်သလို စမ်းသပ်စဉ်မှာ 120Hz နှုန်းရှိပါတယ်။ သူ့မှာ Waterdrop Notch သေးသေးလေးတစ်ခုပါမှာဖြစ်ပြီး Screen-to-Body အချိုးက ၉၃.၁% ထိရှိမှာပါ။

အတွင်းပိုင်းမှာတော့ ချစ်ပ်ဆက်ကို Qualcomm ရဲ့နောက်ဆုံးပေါ် Upper Mid-range တန်းအဆင့် Snapdragon 730 ကိုရွေးချယ်ထားပါတယ်။ နောက်ဘက်မှာ 24MP Sony IMX576 ကို 8MP Lens တစ်ခုနဲ့ 5MP Depth Sensor တို့တွဲဖက်ထားတဲ့ Triple-camera ကို အသုံးချလာပါတယ်။

ဖုန်းအသစ်ဟာ 4,000 mAh ဘက္ထရီပါဝင်ပြီး 15W အားအမြန်သွင်းစနစ်ပါဝင်မှာပါ။ Lenovo ကတော့ အလားတူဘက္ထရီပမာဏနဲ့ ဖုန်းတွေထဲမှာ Z6 ဟာအပေါ့ပါးဆုံးဖြစ်တယ်လို့ ကြေငြာလာပြီး စုစုပေါင်းအလေးချိန် ၁၅၉ ဂရမ်သာရှိမယ်လို့ သိရပါတယ်။

အဓိက Specs တွေ အားလုံးနီးပါးသိရပြီးတဲ့နောက်မှာတော့ လာမယ့်ဇူလိုင်လ ၄ ရက်နေ့မှာ ကျင်းပမယ့် မိတ်ဆက်ပွဲမှာ Lenovo Z6 ရဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ထဲဝင်လာမယ့် ရက်တွေကိုသာ စောင့်မျှော်ရတော့မှာပါ။

Ref – GSM Arena