[Zawgyi]

Lenovo ဟာ ၿပီးခဲ့တဲ့ ဧၿပီတုန္းက Z6 Pro ကို မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ တစ္လသာျခားၿပီး Z6 Youth Edition ကို ဆက္လက္ မိတ္ဆက္ခဲ့ပါတယ္။ ဒါေပမယ့္ ကုမၸဏီရဲ႕ မိတ္ဆက္မယ့္စာရင္းမွာ က်န္ေနေသးတာက ပုံမွန္ Z6 ပဲ ျဖစ္ပါတယ္။ အခုေတာ့ Z6 လည္း မိတ္ဆက္မယ့္ လမ္းေၾကာင္းေပၚေရာက္ေနၿပီလို႔ ဆိုရမွာ ျဖစ္ပါတယ္။

Lenovo ရဲ႕ ဒုတိယဥကၠ႒ျဖစ္သူ Chang Chang ကေတာ့ ပုံမွန္အမ်ိဳးအစားျဖစ္တဲ့ Z6 ဟာ Snapdragon 730 SoC ကို အသုံးျပဳထားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ျဖစ္ပါတယ္။ အခုေတာ့ Lenovo Z6 ဟာ 4,000mAh ပမာဏရွိတဲ့ ဘက္ထရီကို တပ္ဆင္ထားမယ္လို႔ သိလိုက္ရၿပီ ျဖစ္ပါတယ္။

4,000mAh ဘက္ထရီဟာ 15W Quick Charge 3.0 ေထာက္ပံ့မယ္ဆိုေပမယ့္ 18W charger ကေတာ့ ဘူးထဲမွာ ပါဝင္လာမယ္လို႔လည္း ဆိုပါတယ္။ Z6 Pro တုန္းကလည္း 27W charger နဲ႔ဆိုေပမယ့္ တကယ္တမ္းေထာက္ပံ့တာက 18W အားသြင္းႏႈန္းပဲ ျဖစ္ပါတယ္။ ဒီလိုျဖစ္ရတဲ့အေၾကာင္းရင္းက ဘာေၾကာင့္လဲဆိုတာေတာ့ ေသခ်ာမသိရေသးပါဘူး။

အျခားအခ်က္အလက္အျဖစ္ သိရွိႏိုင္တာကေတာ့ ဒီဖုန္းဟာ ၃၉၅ နာရီတိုင္ အသင့္အေနအထားနဲ႔ ထားရွိႏိုင္ၿပီး၊ ၃၈ နာရီဆက္တိုက္ ဖုန္းေျပာဆိုမႈ ျပဳႏိုင္မယ္ဆိုတာပဲ ျဖစ္ပါတယ္။ ဗီဒီယိုၾကည့္ရႈမယ္ဆိုရင္ေတာ့ ၂၆ နာရီဆက္တိုက္ အသုံးျပဳႏိုင္ၿပီး ဂိမ္းကစားခ်ိန္ကေတာ့ ၁၆ နာရီျဖစ္တယ္လို႔ သိရပါတယ္။ Lenovo ရဲ႕ အေျပာအရေတာ့ ဒီဖုန္းဟာ ၁၅ မိနစ္ အားသြင္းၿပီးရင္ ၂ နာရီၾကာ ဂိမ္းကစားႏိုင္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Lenovo Z6 ဟာ 4,000mAh ဘက်ထရီနဲ့ ထွက်ရှိလာမယ်လို့ သိရ

Lenovo ဟာ ပြီးခဲ့တဲ့ ဧပြီတုန်းက Z6 Pro ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ တစ်လသာခြားပြီး Z6 Youth Edition ကို ဆက်လက် မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ မိတ်ဆက်မယ့်စာရင်းမှာ ကျန်နေသေးတာက ပုံမှန် Z6 ပဲ ဖြစ်ပါတယ်။ အခုတော့ Z6 လည်း မိတ်ဆက်မယ့် လမ်းကြောင်းပေါ်ရောက်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

Lenovo ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Chang Chang ကတော့ ပုံမှန်အမျိုးအစားဖြစ်တဲ့ Z6 ဟာ Snapdragon 730 SoC ကို အသုံးပြုထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ Lenovo Z6 ဟာ 4,000mAh ပမာဏရှိတဲ့ ဘက်ထရီကို တပ်ဆင်ထားမယ်လို့ သိလိုက်ရပြီ ဖြစ်ပါတယ်။

4,000mAh ဘက်ထရီဟာ 15W Quick Charge 3.0 ထောက်ပံ့မယ်ဆိုပေမယ့် 18W charger ကတော့ ဘူးထဲမှာ ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။ Z6 Pro တုန်းကလည်း 27W charger နဲ့ဆိုပေမယ့် တကယ်တမ်းထောက်ပံ့တာက 18W အားသွင်းနှုန်းပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက ဘာကြောင့်လဲဆိုတာတော့ သေချာမသိရသေးပါဘူး။

အခြားအချက်အလက်အဖြစ် သိရှိနိုင်တာကတော့ ဒီဖုန်းဟာ ၃၉၅ နာရီတိုင် အသင့်အနေအထားနဲ့ ထားရှိနိုင်ပြီး၊ ၃၈ နာရီဆက်တိုက် ဖုန်းပြောဆိုမှု ပြုနိုင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဗီဒီယိုကြည့်ရှုမယ်ဆိုရင်တော့ ၂၆ နာရီဆက်တိုက် အသုံးပြုနိုင်ပြီး ဂိမ်းကစားချိန်ကတော့ ၁၆ နာရီဖြစ်တယ်လို့ သိရပါတယ်။ Lenovo ရဲ့ အပြောအရတော့ ဒီဖုန်းဟာ ၁၅ မိနစ် အားသွင်းပြီးရင် ၂ နာရီကြာ ဂိမ်းကစားနိုင်တယ်လို့ သိရပါတယ်။

Ref: GSMArena